ဆင္းရဲႏြမ္းပါးတဲ့သူေတြအတြက္ ရည္စူးၿပီး လႉထားတဲ့ အလႉေငြေတြကို အႀကိမ္ေပါင္းမ်ားစြာ ခိုးယူသြားတဲ့သူေတြကို ျပတ္ျပတ္သားသား သတိေပးလိုက္တဲ့ ဒိန္းေဒါင္

လူ႐ႊင္ေတာ္ ႐ုပ္ရွင္မင္းသားႀကီး ျပည္သူ႔အခ်စ္ေတာ္ဒိန္းေဒါင္ကေတာ့ လူတကာကိုကူညီတတ္တဲ့ ပရဟိတစိတ္ထားေၾကာင့္ ပရိသတ္အားလုံးရဲ႕ ေလးစားအားကိုးျခင္းကို ခံေနရတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒိန္းေဒါင္အဓိကေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ခြၽန္တြန္း” ႐ုပ္သံဇာတ္လမ္းတြဲဟာဆိုရင္လည္း ပရိသတ္လက္ခံအားေပးမႈေၾကာင့္ အတိုင္းအတာတစ္ခုထိ ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုဆိုတာ မမွားပါဘူး။

ဦးဒိန္းေဒါင္ကေတာ့  အဆိုပါ “ခြၽန္တြန္း” ဆိုတဲ့အမည္နဲ႔ ပရဟိတအသင္းေလးတစ္ခုကို တည္ေထာင္ထားၿပီး ကိုဗစ္ကာလအတြင္း အေျခခံလူတန္းစားမ်ားရဲ႕ စားဝတ္ေနေရးေျပလည္ေစဖို႔အဓိကထားကူညီေပးေနပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ ဦးဒိန္းေဒါင္တစ္ေယာက္ မရွိဆင္းရဲသူေတြအတြက္ ရည္႐ြယ္ထားတဲ့ လႉဒါန္းေငြေတြ Wave Money မွ တစ္ဆင့္ အခိုးခံလိုက္ရတဲ့အတြက္ တရားခံေတြကိုသက္ဆိုင္ရာနဲ႔ ပူးေပါင္းစုံစမ္းေနၿပီး တရားဥပေဒအရ ရင္ဆိုင္ေျဖရွင္းသြားမယ္လို႔ ျပတ္ျပတ္သားသား ရာဇသံေပးလိုက္တာပဲ ျဖစ္ပါတယ္။ က်ဴးလြန္သူေတြအေနနဲ႔ ဦးဒိန္းေဒါင္ လိုင္းေပၚမွာ တင္ေပးထားတဲ့ ဖုန္းနံပါတ္ေတြက တစ္ဆင့္ Wave Money အေကာင့္ password ကို ခန႔္မွန္းၿပီး ပိုက္ဆံထုတ္ယူသြားတာ သုံးႀကိမ္ေလာက္ရွိၿပီလို႔ သိရပါတယ္။ 

ဦးဒိန္းေဒါင္အေနနဲ႔ စစသတိထားမိတဲ့အခ်ိန္မွာေတာ့ မသမာသူေတြက ႏွစ္ရက္အတြင္းမွာ ခိုးယူခဲ့ၿပီးၿပီ ျဖစ္ၿပီး စုစုေပါင္း ျမန္မာက်ပ္ေငြ (၄၉၀၀၀၀) ေလာက္ရွိမယ္လို႔ ေျပာပါတယ္။ အဆိုပါျဖစ္စဥ္ျဖစ္ျဖစ္ခ်င္းမွာပဲ Wave Money က တာဝန္ရွိသူေတြကိုဆက္သြယ္ေမးျမန္းခဲ့ၿပီး ပိုက္ဆံထုတ္ယူခဲ့တဲ့ေနရာနဲ႔ အခ်ိန္ကို သိရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ အခုလိုမ်ိဳး စုံစမ္းေမးျမန္းၿပီးေနာက္ပိုင္းမွာေတာင္ ထပ္မံခိုးယူခံေနရေသးတဲ့အတြက္ ဦးဒိန္းေဒါင္အေနနဲ႔ ဖြင့္ဟလာပါတယ္။ 

ဦးဒိန္းေဒါင္ကေတာ့ မရွိဆင္းရဲသားေတြအတြက္ လႉထားတဲ့ ပိုက္ဆံကိုစားရင္ မရွိဆင္းရဲသားဘဝနဲ႔ သံသရာတစ္ေလွ်ာက္လုံး ေနသြားရပါေစလို႔ သစၥာဆိုထားတဲ့အတြက္ အခုလို ခိုးယူသြားၾကတဲ့သူေတြကိုလည္း စားရဲရင္စားၾကေပါ့လို႔ သတိေပးစကား ဆိုလိုက္ပါတယ္။ 

“အခုေလာက္ဆိုရင္ေတာ့ သူတို႔က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စားေနၿပီေပါ့… သူတို႔ရဲ႕ ေနာက္ျဖစ္မယ့္ဟာေတြေတာ့ ဘုရားက သူတို႔ကို႐ိုက္မယ္ သူတို႔ကိုးကြယ္တဲ့ဘာသာက ႐ိုက္မယ္… ၿပီးေတာ့ ကိုယ္ေစာင့္နတ္က ႐ိုက္မွာေပါ့… သူတို႔ခံရမွာေပါ့”

This image has an empty alt attribute; its file name is iohas0dagsd073.jpg

အခုလိုပရဟိတကူညီေပးေနရင္း အလႉပြဲစားေတြနဲ႔လည္း ႀကဳံေတြ႕ခဲ့ရဖူးတယ္လို႔ ဦးဒိန္းေဒါင္က တစ္ဆက္တည္းေျပာျပပါတယ္။ တခ်ိဳ႕ေတြက တကယ္ဒုကၡေရာက္ေနၾကသူေတြအတြက္ အကူအညီေတာင္းေပးတာ ျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ ကိုယ္စားအကူအညီေတာင္းေပးၿပီး ရွယ္ယာျပန္ခြဲၾကသူေတြလည္း ႀကဳံဖူးတယ္လို႔ ေျပာပါတယ္။ 

သူတို႔ကို အခုလက္ရွိအကူအညီေတာင္းခံေနသူအေရအတြက္က တစ္ရက္ကို ၃၀၀၀ ေလာက္ရွိၿပီးေတာ့ အိမ္ေျခေပါင္း ၅ သိန္းေလာက္ရွိမယ္လို႔ ယူဆၿပီး အပူစာမစားခ်င္ၾကပါနဲ႔လို႔ ဦးဒိန္းေဒါင္က မသမာသူေတြကို ေမတၱာရပ္ခံလိုက္ပါတယ္။ 

ဦးဒိန္းေဒါင္ကိုယ္တိုင္ေတာင္မွ စီးပြားေရးထိခိုက္မွာကို ဂ႐ုမထားပဲ လုပ္စရာရွိတဲ့အလုပ္ေတြကို လႊတ္ခ်ထားၿပီးေတာ့ မရွိဆင္းရဲသူေတြကို ကူညီေနရတာျဖစ္တယ္လို႔ ဆိုပါတယ္။

တစ္ရက္သားမွာေတာ့ ဦးဒိန္းေဒါင္အေနနဲ႔  ဇာတ္လမ္းတြဲတစ္ခုအတြက္ Channel K မွ တာဝန္ရွိတဲ့ လူႀကီးမင္းမ်ားနဲ႔ အြန္လိုင္းအစည္းအေဝးထိုင္ေနတုန္း ထမင္းခ်က္စရာမရွိေတာ့ဘူးလို႔ အကူအညီေတာင္းခံလာတဲ့ ဖုန္းေကာလ္ေတြ ဝင္လာတဲ့အတြက္ လူႀကီးမင္းမ်ားကို ခြင့္ပန္ၿပီး အကူအညီေပးဖို႔ရာ ထြက္လာခဲ့ရတယ္လို႔ ေျပာျပပါတယ္။ အခုလို အစည္းအေဝးလုပ္ေနစဥ္ ထြက္လာခဲ့ရတဲ့အတြက္ Channel K က တာဝန္ရွိသူေတြကိုလည္း ဦးဒိန္းေဒါင္က ဒီအင္တာဗ်ဴးကေနတစ္ဆင့္ အႏူးအၫႊတ္ ေတာင္းပန္ခဲ့ပါတယ္။ 

ဦးဒိန္းေဒါင္အေနနဲ႔ ကိုဗစ္ကာလအတြင္း လူအမ်ားစုက စီးပြားေရးမျပည္လည္ၾကတဲ့အတြက္ သူငွားရမ္းထားတဲ့ တိုက္ခန္းေတြဆီက အခန္းခ တစ္လ ၁၀ သိန္းနဲ႔အထက္ကို မယူေတာ့ဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ပါတယ္။ ယခုလို ခြင့္ျပဳေပးလိုက္တဲ့အတြက္ ဒိန္းေဒါင္တစ္ေယာက္ ဘယ္ကေငြနဲ႔ ေနထိုင္စားေသာက္ေနၾကလည္းဆိုတာ သိခ်င္ေနၾကတဲ့သူေတြကိုလည္း ဦးဒိန္းေဒါင္က အခုလို ရွင္းျပလိုက္ပါတယ္။ 

“ကြၽန္ေတာ့မွာ စုေဆာင္းထားတာေလးေတြ ရွိပါတယ္ခင္ဗ်… ကြၽန္ေတာ္က ရတနာေလးေတြ စုတာ… ၿပီးေတာ့ ေ႐ႊထည္ေလးေတြ စုတာ… ေရွးေဟာင္းပစၥည္းေလးေတြစုတာ ဝါသနာပါတယ္ဗ်” 

ဦးဒိန္းေဒါင္က သူ႔လည္ပင္းမွာအၿမဲဆြဲထားတဲ့ က်ဳတ္ကေလးကေတာ့ သူ႔မိခင္ႀကီးရဲ႕ အထက္ဆင္ထည့္ထားတာ ျဖစ္တဲ့အတြက္ စားစရာမရွိလို႔ ငတ္ျပတ္သြားပါေစ ေရာင္းစားသြားမွာမဟုတ္ဘူးလို႔ အေမကို အၿမဲဦးထိပ္ထားတတ္တဲ့ သားတစ္ေယာက္ရဲ႕ စိတ္ဓာတ္ကို မွ်ေဝေပးသြားခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ဦးဒိန္းေဒါင္က လႉဒါန္းေငြေတြ ခိုးယူေနၾကတဲ့ မသမာသူေတြက္ယို ထပ္မလုပ္ၾကဖို႔ ေမတၱာရပ္ခံလိုက္ၿပီး တရားခံကိုမိရင္ေတာ့ သက္ဆိုင္ရာနဲ႔ပူးေပါင္းၿပီး အေရးယူေဆာင္႐ြက္သြားဖို႔ ဝန္ေလးမွာ မဟုတ္ဘူးလို႔ သတိေပးေျပာၾကားလိုက္ပါတယ္။

ပရိသတ္ႀကီးတို႔ေရ အခုဆိုရင္ ဟာသလူ႐ႊင္ေတာ္ ဦးဒိန္းေဒါင္ကေတာ့ မအားလပ္တဲ့ၾကားထဲကေန ပရဟိတလုပ္ငန္းေတြကို ကူညီလုပ္ကိုင္ေပးေနတာပဲ ျဖစ္ပါတယ္။ အခုလို လိုအပ္ေနသူေတြအတြက္ ရည္႐ြယ္ထားတဲ့ လႉဒါန္းေငြေတြကို ခိုးယူသြားတဲ့ မသမာသူေတြကိုလည္း အျမန္ဆုံး စုံစမ္းေဖာ္ထုတ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးၾကပါအုံး။  အခ်ိန္ေပးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။

Read in UNICODE

လူရွှင်တော် ရုပ်ရှင်မင်းသားကြီး ပြည်သူ့အချစ်တော်ဒိန်းဒေါင်ကတော့ လူတကာကိုကူညီတတ်တဲ့ ပရဟိတစိတ်ထားကြောင့် ပရိသတ်အားလုံးရဲ့ လေးစားအားကိုးခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချွန်တွန်း” ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်လက်ခံအားပေးမှုကြောင့် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုတာ မမှားပါဘူး။

ဦးဒိန်းဒေါင်ကတော့  အဆိုပါ “ချွန်တွန်း” ဆိုတဲ့အမည်နဲ့ ပရဟိတအသင်းလေးတစ်ခုကို တည်ထောင်ထားပြီး ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများရဲ့ စားဝတ်နေရေးပြေလည်စေဖို့အဓိကထားကူညီပေးနေပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ ဦးဒိန်းဒေါင်တစ်ယောက် မရှိဆင်းရဲသူတွေအတွက် ရည်ရွယ်ထားတဲ့ လှူဒါန်းငွေတွေ Wave Money မှ တစ်ဆင့် အခိုးခံလိုက်ရတဲ့အတွက် တရားခံတွေကိုသက်ဆိုင်ရာနဲ့ ပူးပေါင်းစုံစမ်းနေပြီး တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ပြတ်ပြတ်သားသား ရာဇသံပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကျူးလွန်သူတွေအနေနဲ့ ဦးဒိန်းဒေါင် လိုင်းပေါ်မှာ တင်ပေးထားတဲ့ ဖုန်းနံပါတ်တွေက တစ်ဆင့် Wave Money အကောင့် password ကို ခန့်မှန်းပြီး ပိုက်ဆံထုတ်ယူသွားတာ သုံးကြိမ်လောက်ရှိပြီလို့ သိရပါတယ်။ 

ဦးဒိန်းဒေါင်အနေနဲ့ စစသတိထားမိတဲ့အချိန်မှာတော့ မသမာသူတွေက နှစ်ရက်အတွင်းမှာ ခိုးယူခဲ့ပြီးပြီ ဖြစ်ပြီး စုစုပေါင်း မြန်မာကျပ်ငွေ (၄၉၀၀၀၀) လောက်ရှိမယ်လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲ Wave Money က တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ပြီး ပိုက်ဆံထုတ်ယူခဲ့တဲ့နေရာနဲ့ အချိန်ကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလိုမျိုး စုံစမ်းမေးမြန်းပြီးနောက်ပိုင်းမှာတောင် ထပ်မံခိုးယူခံနေရသေးတဲ့အတွက် ဦးဒိန်းဒေါင်အနေနဲ့ ဖွင့်ဟလာပါတယ်။ 

ဦးဒိန်းဒေါင်ကတော့ မရှိဆင်းရဲသားတွေအတွက် လှူထားတဲ့ ပိုက်ဆံကိုစားရင် မရှိဆင်းရဲသားဘဝနဲ့ သံသရာတစ်လျှောက်လုံး နေသွားရပါစေလို့ သစ္စာဆိုထားတဲ့အတွက် အခုလို ခိုးယူသွားကြတဲ့သူတွေကိုလည်း စားရဲရင်စားကြပေါ့လို့ သတိပေးစကား ဆိုလိုက်ပါတယ်။ 

“အခုလောက်ဆိုရင်တော့ သူတို့က ပျော်ပျော်ရွှင်ရွှင်စားနေပြီပေါ့… သူတို့ရဲ့ နောက်ဖြစ်မယ့်ဟာတွေတော့ ဘုရားက သူတို့ကိုရိုက်မယ် သူတို့ကိုးကွယ်တဲ့ဘာသာက ရိုက်မယ်… ပြီးတော့ ကိုယ်စောင့်နတ်က ရိုက်မှာပေါ့… သူတို့ခံရမှာပေါ့”

This image has an empty alt attribute; its file name is iohas0dagsd073.jpg

အခုလိုပရဟိတကူညီပေးနေရင်း အလှူပွဲစားတွေနဲ့လည်း ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဦးဒိန်းဒေါင်က တစ်ဆက်တည်းပြောပြပါတယ်။ တချို့တွေက တကယ်ဒုက္ခရောက်နေကြသူတွေအတွက် အကူအညီတောင်းပေးတာ ဖြစ်ပေမယ့် တချို့ကတော့ ကိုယ်စားအကူအညီတောင်းပေးပြီး ရှယ်ယာပြန်ခွဲကြသူတွေလည်း ကြုံဖူးတယ်လို့ ပြောပါတယ်။ 

သူတို့ကို အခုလက်ရှိအကူအညီတောင်းခံနေသူအရေအတွက်က တစ်ရက်ကို ၃၀၀၀ လောက်ရှိပြီးတော့ အိမ်ခြေပေါင်း ၅ သိန်းလောက်ရှိမယ်လို့ ယူဆပြီး အပူစာမစားချင်ကြပါနဲ့လို့ ဦးဒိန်းဒေါင်က မသမာသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ 

ဦးဒိန်းဒေါင်ကိုယ်တိုင်တောင်မှ စီးပွားရေးထိခိုက်မှာကို ဂရုမထားပဲ လုပ်စရာရှိတဲ့အလုပ်တွေကို လွှတ်ချထားပြီးတော့ မရှိဆင်းရဲသူတွေကို ကူညီနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ရက်သားမှာတော့ ဦးဒိန်းဒေါင်အနေနဲ့  ဇာတ်လမ်းတွဲတစ်ခုအတွက် Channel K မှ တာဝန်ရှိတဲ့ လူကြီးမင်းများနဲ့ အွန်လိုင်းအစည်းအဝေးထိုင်နေတုန်း ထမင်းချက်စရာမရှိတော့ဘူးလို့ အကူအညီတောင်းခံလာတဲ့ ဖုန်းကောလ်တွေ ဝင်လာတဲ့အတွက် လူကြီးမင်းများကို ခွင့်ပန်ပြီး အကူအညီပေးဖို့ရာ ထွက်လာခဲ့ရတယ်လို့ ပြောပြပါတယ်။ အခုလို အစည်းအဝေးလုပ်နေစဉ် ထွက်လာခဲ့ရတဲ့အတွက် Channel K က တာဝန်ရှိသူတွေကိုလည်း ဦးဒိန်းဒေါင်က ဒီအင်တာဗျူးကနေတစ်ဆင့် အနူးအညွှတ် တောင်းပန်ခဲ့ပါတယ်။ 

ဦးဒိန်းဒေါင်အနေနဲ့ ကိုဗစ်ကာလအတွင်း လူအများစုက စီးပွားရေးမပြည်လည်ကြတဲ့အတွက် သူငှားရမ်းထားတဲ့ တိုက်ခန်းတွေဆီက အခန်းခ တစ်လ ၁၀ သိန်းနဲ့အထက်ကို မယူတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ယခုလို ခွင့်ပြုပေးလိုက်တဲ့အတွက် ဒိန်းဒေါင်တစ်ယောက် ဘယ်ကငွေနဲ့ နေထိုင်စားသောက်နေကြလည်းဆိုတာ သိချင်နေကြတဲ့သူတွေကိုလည်း ဦးဒိန်းဒေါင်က အခုလို ရှင်းပြလိုက်ပါတယ်။ 

“ကျွန်တော့မှာ စုဆောင်းထားတာလေးတွေ ရှိပါတယ်ခင်ဗျ… ကျွန်တော်က ရတနာလေးတွေ စုတာ… ပြီးတော့ ရွှေထည်လေးတွေ စုတာ… ရှေးဟောင်းပစ္စည်းလေးတွေစုတာ ဝါသနာပါတယ်ဗျ” 

ဦးဒိန်းဒေါင်က သူ့လည်ပင်းမှာအမြဲဆွဲထားတဲ့ ကျုတ်ကလေးကတော့ သူ့မိခင်ကြီးရဲ့ အထက်ဆင်ထည့်ထားတာ ဖြစ်တဲ့အတွက် စားစရာမရှိလို့ ငတ်ပြတ်သွားပါစေ ရောင်းစားသွားမှာမဟုတ်ဘူးလို့ အမေကို အမြဲဦးထိပ်ထားတတ်တဲ့ သားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို မျှဝေပေးသွားခဲ့တယ်။ နောက်ဆုံးမှာတော့ ဦးဒိန်းဒေါင်က လှူဒါန်းငွေတွေ ခိုးယူနေကြတဲ့ မသမာသူတွေက်ယို ထပ်မလုပ်ကြဖို့ မေတ္တာရပ်ခံလိုက်ပြီး တရားခံကိုမိရင်တော့ သက်ဆိုင်ရာနဲ့ပူးပေါင်းပြီး အရေးယူဆောင်ရွက်သွားဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

ပရိသတ်ကြီးတို့ရေ အခုဆိုရင် ဟာသလူရွှင်တော် ဦးဒိန်းဒေါင်ကတော့ မအားလပ်တဲ့ကြားထဲကနေ ပရဟိတလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုလို လိုအပ်နေသူတွေအတွက် ရည်ရွယ်ထားတဲ့ လှူဒါန်းငွေတွေကို ခိုးယူသွားတဲ့ မသမာသူတွေကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းပေးကြပါအုံး။  အချိန်ပေးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Source : SJ

Add a Comment

Your email address will not be published. Required fields are marked *