လူအချို့က အိုသွားပြီ မလှတော့ဘူးလို့ ဝေဖန်ပြောဆိုကြတဲ့အပေါ် သူမရဲ့ ခံစားချက်တွေကို ပြောပြခဲ့တဲ့ ထက်ထက်မိုးဦး







Read in UNICODE

တစ်ခေတ်တစ်ခါက အောင်မြင်ကျော် ကြားခဲ့တဲ့ မင်းသမီးချော ထက်ထက်မိုးဦး ကိုပရိသတ်ကြီးသိကြမှာပါ။တစ်ခေတ်တစ်ခါထဲကနာမည်တစ်လုံးနဲ့ရပ်တည် လာခဲ့တဲ့ ထက်ထက်မိုးဦး ဟာဆိုရင်တော့ယနေ့ထက်တိုင် အောင်အောင်မြင်မြင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ယခုကိုဗစ်ကာလမှာ ထက်ထက်မိုးဦးဟာ သူမကို

ချစ်ကြသူတွေက အားပေးကြတဲ့ Live Sales တွေကြောင့် တောက်လျှောက်အောင်မြင်မှုတွေရရှိနေခဲ့တာပါ မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ထက်ထက်မိုးဦးက သူမကို အိုသွားပြီလို့ပြောနေကြတဲ့အပေါ် သူမရဲ့ ခံစားချက်ကို ပြောပြလာခဲ့တာဖြစ်ပါတယ် အရင်ကတည်းက စပြီး လူရယ်လို့ဖြစ်လာကတည်းက အမတို့က မိသားစုစုံစုံလင်လင်နဲ့ ပြည့်စုံပြီးတော့ မွေးဖွားလာခဲ့ရတာ မဟုတ်တဲ့အတွက် ကိုယ့်ဘဝကိုယ်ရပ်တည်ရမယ်

ဆိုတဲ့စိတ်က အသိစိတ်စရှိတဲ့ ၇ နှစ် ၈ နှစ်သမီးလောက်ကနေ ကိုယ်ရုန်းကန်ရမယ်ဆိုတာကိုသိနေတယ် အဲ့ဒီအတွက် အခုအချိန်မှာလည်း ကိုယ့်ဟာကိုယ်ပဲ ပြန်ရပ်တည်ရမယ်ဆိုတာသိနေတော့ မကျန်းမာဘူး ကိုယ့်ကိုကိုယ်သိတယ် လူတွေကိုယ်မကျန်းမာဘူးဆိုတာ သိချင်မှသိမယ်အော် မလှတော့ဘူး အော် အိုသွားပြီ သူတောင်ဒီပုံဖြစ်သွားပြီ အဲ့လိုပဲလူတွေကမြင်ကြတာပေါ့ အဲဒီအတွက် အဲ့ဒါတွေကို

ကာကွယ်ရင်းနဲ့ပဲ အဓိကက အလုပ်တွေကို ပြန်လုပ်ရမှာပေါ့ ဖြစ်ခဲ့တာတွေအတွက်လည်း ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မရဘူးပေါ့နော် ကိုယ့်ကံဇာတာနဲ့ သူများကံဇာတာနဲ့တူချင်မှတူမယ် ကိုယ်ရပ်တည်တဲ့ပုံစံနဲ့ သူများရပ်တည်တာနဲ့က တူချင်မှတူမယ် လူတွေကအမျိုးမျိုး

ဘဝတွေကအမျိုးမျိုးပေါ့ ဒါပေမယ့် အကောင်းဆုံး ကိုယ် အလုပ်လုပ်နိုင်မှ လက်ထဲမှာ ပိုက်ဆံရှိနေမှ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာမှာပေါ့နော် ကိုယ့်ရှေ့လျှောက် ကျန်းမာရေးအတွက်လည်းရှိသေးတယ် ခုခေတ်မှာ မကျန်းမာဘူးဆိုလည်း ပိုက်ဆံအရမ်းကုန်တယ် အမဆိုတောက်လျှောက် နှလုံးခွဲ ဗိုက်တွေ ခနခနခွဲ လည်ပင်းခွဲ

ပိုက်ဆံတွေက ကိုယ်ရှာထားသမျှတောက်လျှောက်ကုန်နေတာပဲ အခုချိန်မှာတော့ အလုပ်ကိုပဲ အတတ်နိုင်ဆုံး ကြိုးစားလုပ်နေပါတယ် ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ် ထက်ထက်မိုးဦးကတော့ မလှတော့ဘူး၊ အိုသွားပြီလို့ တစ်ချို့လူတွေက ဝိုင်းပြောကြတဲ့အပေါ် သူမရဲ့ ခံစားချက်ကိုဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်နော် ထက်ထက်အတွက် အားပေးစကားလေးပြောခဲ့ကြပါအုန်းနော်

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *