မိဘႏွစ္ပါးရဲ႕ အိမ္အေဟာင္းေလးကို ကိုယ္ပိုင္ဝင္ေငြနဲ႔ ျပန္လည္ျပဳျပင္ေပးခ်င္တယ္ဆိုတဲ့ ေအးဝတ္ရည္ေသာင္း

ေငြေရးေၾကးေရးနဲ႔ ပတ္သက္လာရင္ ေအးဝတ္ရည္ေသာင္းကေတာ့ အရမ္းကို ေႁခြတာတတ္သူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ အိမ္အက်ယ္ (၁၀)ေပ ေက်ာ္ေက်ာ္သာ ရွိတဲ့ မိဘႏွစ္ပါးရဲ႕ အိမ္အေဟာင္းေလးကို သူမရဲ႕ ကိုယ္ပိုင္ဝင္ေငြနဲ႔ ျပန္ေဆာက္ေပးခ်င္တယ္လို႔ သူက ဆိုပါတယ္။ “ ကြၽန္မဘဝမွာအိတ္အေကာင္းစားတစ္လုံးဝယ္ဖို႔ေတာင္ အၿမဲလက္တြန႔္သူမွာ။ ၃ ႏွစ္ေလာက္စဥ္းစားတတ္တာ ကိုယ့္ရွာတဲ့ပိုက္ဆံ တစ္က်ပ္ကအစပင္ပင္ပန္းပန္းရွာထားရလို႔ ကိုယ္သုံးတဲ့အရာက

အပိုမျဖစ္ခ်င္လို႔ပါ။ သူမ်ားပိုက္ဆံဆိုပိုဆိုးပါတယ္။ အေမကငယ္ငယ္ကတည္း “ကိုယ္ႏွင့္မဆိုင္ ခြင့္မပိုင္ ကိုင္တြယ္မၾကည့္ရ”တဲ့။ အဲဒီလို ဆုံးမခဲ့ေတာ့ သူမ်ားပစၥည္းဆို မဆိုင္ရင္မ်က္စိနဲ႔ေတာင္မၾကည့္ရဘူးဆိုၿပီးဆုံးမခဲ့တာပါ။ ကိုယ့္လက္ထဲမွာရွိမွသာကိုယ့္ပိုက္ဆံပါ။ ခ်စ္သူတို႔၊ ေယာက္်ားတို႔ဆိုတာေတြက သူစိမ္းပါေနာ္။ သူတို႔ပိုင္ဆိုင္တာ ကိုယ္ပိုင္ဆိုင္တာလည္းမဟုတ္ပါဘူးရွင့္။ ကြၽန္မပိုက္ဆံရွိရင္ေလ ပထမဆုံးလုပ္မွာက ကြၽန္မ မိဘအတြက္အိမ္ေဟာင္းေလးကိုျပင္ေဆာက္ေပးခ်င္တာပါ။ အေမတို႔အသက္ႀကီးၿပီ အခုထိ ၁၀ေပ ၁၂ ေပအခန္းက်ဥ္းေလးထဲမွာ

ေနေနရတုန္းပါပဲ။ အဲဒါကြၽန္မရဲ႕ ပထမဆုံးပိုက္ဆံသုံးမည့္ေနရာပါပဲ။ အားလုံးကိုေမတၱာအၿမဲပို႔ပါတယ္ က်န္းမာခ်မ္းသာၾကပါေစရွင္” လို႔ သူကဆိုပါတယ္။ေအးဝတ္ရည္ေသာင္းဟာ ကုသိုလ္ေရးနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ သူမရဲ႕ အလႉအတန္းေတြကို လူသိေအာင္ သိပ္ေျပာျပေလ့ မရွိဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီေန႔ (ေအာက္တိုဘာလ ၂၉ ရက္) ေန႔ ေန႔လယ္ (၁) နာရီေက်ာ္က တင္ခဲ့တဲ့ စာထဲမွာေတာ့ ပရိသတ္ မသိေသးတဲ့ သူမရဲ႕ ကုသိုလ္အလႉေလးေတြကိုလည္း အခုလို

ေရးသားထားပါေသးတယ္။ “ ကြၽန္မ ဘဝမွာအပိုသုံးဖို႔ တစ္ခါမွမစဥ္းစားခဲ့ပါဘူး။ အလႉလုပ္တိုင္း Facebook ေပၚအၿမဲမတင္ျဖစ္ခဲ့ပါဘူး။ ကိုယ္ေက်ာင္းထားေပးတဲ့ ကေလး ၆၃ ေယာက္ရွိတယ္။ နာဂစ္ျဖစ္တုန္းကက်န္ခဲ့တဲ့ကေလးေတြေပါ့။ တခ်ိဳ႕ေတြ ၁၀ တန္းေတာင္ေအာင္ၾကၿပီ။ တစ္ေယာက္ကေတာ့ပိုးထိၿပီးဆုံးသြားၿပီ။ သူတို႔ေတြ ေအာင္ျမင္ရင္ကိုယ္ပီတိျဖစ္ရတာကို ကြၽန္မကႀကိဳက္တာ။ ဥယ်ာဥ္မႉးတစ္ေယာက္က

ပန္းေလး ေတြၾကည့္ေနရသလိုပဲေပါ့။ ကြၽန္မမိဘေတြ က်န္းမာေရး ေဆြမ်ိဳးသူငယ္ခ်င္း အသိုင္းအဝိုင္းသာေရး နာေရးေတြ ကြၽန္မတာဝန္ယူထားသူပါ။ Facebook ေပၚပုံတင္ဖို႔အတြက္ တျခားတစ္ေယာက္ကဓာတ္ပုံ႐ိုက္ေပးရ ကိုယ္ေပးတာကို ခဏကိုင္ထားၿပီး ေစာင့္ခိုင္းရမွာေတြကိုအားနာလို႔မလုပ္ျဖစ္တာမ်ားပါတယ္။ ဒါေပမဲ့ ေမြးေန႔အလႉ စတုဒီသာအလႉ သူငယ္ခ်င္းေတြနဲ႔ေပါင္းၿပီးလႉတဲ့အလႉေတြေတာ့ တင္ျဖစ္တာေပါ့ေလ။ ကိုယ္လႉတဲ့ေနရာေလးလူသိေတာ့ အလႉပိုရေအာင္ေပါ့” လို႔ ဆိုခဲ့တာပါ။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ

ဆံပင္ရွည္ေလးနဲ႔ ေအးဝတ္ရည္ေသာင္းအျဖစ္ အႏုပညာေလာကမွာ ေနရာတစ္ေနရာ ရရွိခဲ့တဲ့သူ ျဖစ္ပါတယ္။ ၁၀ စုႏွစ္ကာလတစ္ခုအေနနဲ႔ ေပ်ာက္ကြယ္သြားခဲ့တဲ့ ေအးဝတ္ရည္ေသာင္းဟာ ၂၀၁၇ ခုႏွစ္မွာ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။ ပရိသတ္ရဲ႕ အားေပးခ်စ္ခင္မႈကိုလည္း အရင္ကထက္ေတာင္ ပိုင္ဆိုင္ထားတာပါ။ အခုခ်ိန္မွာ သူမက ကိုယ္ပိုင္စီးပြားေရးတစ္ခုျဖစ္တဲ့ ပိုးထည္ဆိုင္ေတြကိုလည္း ဦးေဆာင္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။

Read in UNICODE

ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အေးဝတ်ရည်သောင်းကတော့ အရမ်းကို ခြွေတာတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်အကျယ် (၁၀)ပေ ကျော်ကျော်သာ ရှိတဲ့ မိဘနှစ်ပါးရဲ့ အိမ်အဟောင်းလေးကို သူမရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ပြန်ဆောက်ပေးချင်တယ်လို့ သူက ဆိုပါတယ်။ “ ကျွန်မဘဝမှာအိတ်အကောင်းစားတစ်လုံးဝယ်ဖို့တောင် အမြဲလက်တွန့်သူမှာ။ ၃ နှစ်လောက်စဉ်းစားတတ်တာ ကိုယ့်ရှာတဲ့ပိုက်ဆံ တစ်ကျပ်ကအစပင်ပင်ပန်းပန်းရှာထားရလို့ ကိုယ်သုံးတဲ့အရာက

အပိုမဖြစ်ချင်လို့ပါ။ သူများပိုက်ဆံဆိုပိုဆိုးပါတယ်။ အမေကငယ်ငယ်ကတည်း “ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ကိုင်တွယ်မကြည့်ရ”တဲ့။ အဲဒီလို ဆုံးမခဲ့တော့ သူများပစ္စည်းဆို မဆိုင်ရင်မျက်စိနဲ့တောင်မကြည့်ရဘူးဆိုပြီးဆုံးမခဲ့တာပါ။ ကိုယ့်လက်ထဲမှာရှိမှသာကိုယ့်ပိုက်ဆံပါ။ ချစ်သူတို့၊ ယောက်ျားတို့ဆိုတာတွေက သူစိမ်းပါနော်။ သူတို့ပိုင်ဆိုင်တာ ကိုယ်ပိုင်ဆိုင်တာလည်းမဟုတ်ပါဘူးရှင့်။ ကျွန်မပိုက်ဆံရှိရင်လေ ပထမဆုံးလုပ်မှာက ကျွန်မ မိဘအတွက်အိမ်ဟောင်းလေးကိုပြင်ဆောက်ပေးချင်တာပါ။ အမေတို့အသက်ကြီးပြီ အခုထိ ၁၀ပေ ၁၂ ပေအခန်းကျဉ်းလေးထဲမှာ

နေနေရတုန်းပါပဲ။ အဲဒါကျွန်မရဲ့ ပထမဆုံးပိုက်ဆံသုံးမည့်နေရာပါပဲ။ အားလုံးကိုမေတ္တာအမြဲပို့ပါတယ် ကျန်းမာချမ်းသာကြပါစေရှင်” လို့ သူကဆိုပါတယ်။အေးဝတ်ရည်သောင်းဟာ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ အလှူအတန်းတွေကို လူသိအောင် သိပ်ပြောပြလေ့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့ (အောက်တိုဘာလ ၂၉ ရက်) နေ့ နေ့လယ် (၁) နာရီကျော်က တင်ခဲ့တဲ့ စာထဲမှာတော့ ပရိသတ် မသိသေးတဲ့ သူမရဲ့ ကုသိုလ်အလှူလေးတွေကိုလည်း အခုလို

ရေးသားထားပါသေးတယ်။ “ ကျွန်မ ဘဝမှာအပိုသုံးဖို့ တစ်ခါမှမစဉ်းစားခဲ့ပါဘူး။ အလှူလုပ်တိုင်း Facebook ပေါ်အမြဲမတင်ဖြစ်ခဲ့ပါဘူး။ ကိုယ်ကျောင်းထားပေးတဲ့ ကလေး ၆၃ ယောက်ရှိတယ်။ နာဂစ်ဖြစ်တုန်းကကျန်ခဲ့တဲ့ကလေးတွေပေါ့။ တချို့တွေ ၁၀ တန်းတောင်အောင်ကြပြီ။ တစ်ယောက်ကတော့ပိုးထိပြီးဆုံးသွားပြီ။ သူတို့တွေ အောင်မြင်ရင်ကိုယ်ပီတိဖြစ်ရတာကို ကျွန်မကကြိုက်တာ။ ဥယျာဉ်မှူးတစ်ယောက်က

ပန်းလေး တွေကြည့်နေရသလိုပဲပေါ့။ ကျွန်မမိဘတွေ ကျန်းမာရေး ဆွေမျိုးသူငယ်ချင်း အသိုင်းအဝိုင်းသာရေး နာရေးတွေ ကျွန်မတာဝန်ယူထားသူပါ။ Facebook ပေါ်ပုံတင်ဖို့အတွက် တခြားတစ်ယောက်ကဓာတ်ပုံရိုက်ပေးရ ကိုယ်ပေးတာကို ခဏကိုင်ထားပြီး စောင့်ခိုင်းရမှာတွေကိုအားနာလို့မလုပ်ဖြစ်တာများပါတယ်။ ဒါပေမဲ့ မွေးနေ့အလှူ စတုဒီသာအလှူ သူငယ်ချင်းတွေနဲ့ပေါင်းပြီးလှူတဲ့အလှူတွေတော့ တင်ဖြစ်တာပေါ့လေ။ ကိုယ်လှူတဲ့နေရာလေးလူသိတော့ အလှူပိုရအောင်ပေါ့” လို့ ဆိုခဲ့တာပါ။ ဆယ်ကျော်သက်အရွယ်မှာ

ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်ကာလတစ်ခုအနေနဲ့ ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကိုလည်း အရင်ကထက်တောင် ပိုင်ဆိုင်ထားတာပါ။ အခုချိန်မှာ သူမက ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *