ထက္ထက္မိုးဦး အြန္လိုင္းမွာ ေရာင္းေနတဲ့ တန္ဖိုးအႀကီးဆုံး သိန္းရာေက်ာ္တန္ ဘယက္ႀကီးကို အားေပးဝယ္ယူခဲ့တဲ့ ေ႐ႊမႈံရတီ

ထက္ထက္မိုးဦးကေတာ့ ယခုလက္ရွိအခ်ိန္မွာ တစ္ေၾကာ့ျပန္ေအာင္ျမင္မႈေတြကို ဆြတ္ခူးလာႏိုင္ၿပီလည္း ျဖစ္ပါတယ္။ ေၾကာ္ျငာေခတ္တစ္ခုကို လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္က ၿပိဳင္ဖက္ကင္းရပ္တည္ႏိုင္ခဲ့တဲ့ သူမက ယခုမွာလည္း Liveလႊင့္ေရာင္းတဲ့ ရတနာပစၥည္းေၾကာ္ျငာေတြမွာ

ထိပ္ဆုံးက ေအာင္ျမင္မႈေတြကို ရရွိထားတာပါ။ မိုးကုတ္သူျဖစ္တဲ့ ထက္ထက္က ေက်ာက္ျမက္ရတနာအေၾကာင္း နားရည္ဝသူမို႔ ေသခ်ာရွင္းျပႏိုင္ၿပီး အတန္ဆုံးေစ်းေတြနဲ႔ ေရာင္းတတ္သူျဖစ္လို႔ ဝယ္ယူသူေတြကလည္း စိတ္တိုင္းက်တာကို ေတြ႕ရပါတယ္။ ဝယ္ယူသူေတြထဲမွာ

ႏိုင္ငံေက်ာ္ မင္းသားမင္းသမီးေတြ ပါဝင္တာျဖစ္ၿပီး ယေန႔မွာလည္း ပရိသတ္ေတြရဲ႕ အသည္းေက်ာ္မေလး ေ႐ႊမႈံရတီကလည္း အားေပးလိုက္ျပန္ပါၿပီေနာ္…။ေ႐ႊမႈံကေတာ့ သူမကိုယ္တိုင္ ဝတ္ၿပီး အလွပိုတိုးဖို႔အတြက္ သိန္းေပါင္းရာေက်ာ္တန္တဲ့ ဘယက္ႀကီးကို

မထက္ရဲ႕ Live salesေလးမွာပဲ ဝယ္ယူအားေပးလိုက္တာပါ။ တကယ့္ကိုမွ လွၿပီး တန္ဖိုးႀကီးမားတဲ့ ဘယက္ႀကီးကို ေစ်းမဆစ္ပဲ ဝယ္လိုက္တာျဖစ္လို႔ မထက္ကလည္း ေ႐ႊမႈံအတြက္ ဆုေတာင္းစကားေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ အေျပာေလးေတြကို ေႁခြလိုက္ပါတယ္ေနာ္။ ကဲ…မထက္ Live salesေလးရဲ႕ ဗီဒီယိုေလးကို ၾကည့္ရႈေစရန္အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…..။

Read in UNICODE

ထက်ထက်မိုးဦးကတော့ ယခုလက်ရှိအချိန်မှာ တစ်ကြော့ပြန်အောင်မြင်မှုတွေကို ဆွတ်ခူးလာနိုင်ပြီလည်း ဖြစ်ပါတယ်။ ကြော်ငြာခေတ်တစ်ခုကို လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ပြိုင်ဖက်ကင်းရပ်တည်နိုင်ခဲ့တဲ့ သူမက ယခုမှာလည်း Liveလွှင့်ရောင်းတဲ့ ရတနာပစ္စည်းကြော်ငြာတွေမှာ

ထိပ်ဆုံးက အောင်မြင်မှုတွေကို ရရှိထားတာပါ။ မိုးကုတ်သူဖြစ်တဲ့ ထက်ထက်က ကျောက်မြက်ရတနာအကြောင်း နားရည်ဝသူမို့ သေချာရှင်းပြနိုင်ပြီး အတန်ဆုံးဈေးတွေနဲ့ ရောင်းတတ်သူဖြစ်လို့ ဝယ်ယူသူတွေကလည်း စိတ်တိုင်းကျတာကို တွေ့ရပါတယ်။ ဝယ်ယူသူတွေထဲမှာ

နိုင်ငံကျော် မင်းသားမင်းသမီးတွေ ပါဝင်တာဖြစ်ပြီး ယနေ့မှာလည်း ပရိသတ်တွေရဲ့ အသည်းကျော်မလေး ရွှေမှုံရတီကလည်း အားပေးလိုက်ပြန်ပါပြီနော်…။ရွှေမှုံကတော့ သူမကိုယ်တိုင် ဝတ်ပြီး အလှပိုတိုးဖို့အတွက် သိန်းပေါင်းရာကျော်တန်တဲ့ ဘယက်ကြီးကို

မထက်ရဲ့ Live salesလေးမှာပဲ ဝယ်ယူအားပေးလိုက်တာပါ။ တကယ့်ကိုမှ လှပြီး တန်ဖိုးကြီးမားတဲ့ ဘယက်ကြီးကို ဈေးမဆစ်ပဲ ဝယ်လိုက်တာဖြစ်လို့ မထက်ကလည်း ရွှေမှုံအတွက် ဆုတောင်းစကားတွေနဲ့ ချစ်စရာကောင်းတဲ့ အပြောလေးတွေကို ခြွေလိုက်ပါတယ်နော်။ ကဲ…မထက် Live salesလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…..။

Source : Htet Htet Moe Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *