စိန္လင္းေမြးေန႔မွာ ကိတ္မုန္႔ထဲ တန္ဖိုးႀကီး နဝရတ္လက္စြပ္ေလးထည့္ၿပီး စပ႐ိုက္လုပ္ေပးခဲ့တဲ့ ပိုးၾကာျဖဴခင္

သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ပိုးၾကာျဖဴခင္ကေတာ့ ဆြဲေဆာင္မႈရွိကာ သ႐ုပ္ေဆာင္ေကာင္းသူေလးမို႔ ပရိသတ္ေတြရဲ႕ တစ္ခဲနက္အခ်စ္ေတြကို ပိုင္ဆိုင္ထားသူေလးပါ..။ေအးခ်မ္းတဲ့အလွပိုင္ရွင္မေလး ပိုးၾကာျဖဴခင္ကေတာ့ လူခ်စ္လူခင္ေပါမ်ားသလို အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြအေပၚမွာလည္း ခ်စ္ခင္ေလးစားတတ္သူေလးပဲ

ျဖစ္ပါတယ္..။ ပိုးၾကာျဖဴခင္ကေတာ့ အခုတစ္ခါမွာလည္း အဆိုေတာ္စိန္လင္းရဲ႕ ေမြးေန႔ေလးမွာ Live လႊင့္ေနတဲ့အခ်ိန္ စိန္လင္းအတြက္ Surprise ေလး ျပဳလုပ္ေပးခဲ့ပါတယ္ေနာ္..။ ထင္မွတ္မထားတဲ့အခ်ိန္ ကိတ္မုန႔္ထဲ နဝရတ္လက္စြပ္ထည့္ကာ Live လႊင့္ေနတဲ့ စိန္လင္းကို

Surprise လုပ္ခဲ့တာမို႔ စိန္လင္းတစ္ေယာက္ အရမ္းကို အံ့ၾသဝမ္းသာသြားခဲ့တာပါ..။ “Live လႊင့္ေနတုန္း Suprise ေရာက္လာၿပီး ကိတ္မုန႔္ႀကီးသယ္လာကာ အထဲမွာ လက္ေဆာင္ ပါတယ္ ဆိုၿပီး ေမတၱာေစတနာအျပည့္နဲ႔ ကြၽန္ေတာ့္ကို ေပ်ာ္ေအာင္ လာၿပီး ခ်ီးျမႇင့္ေပးတဲ့ ညီမေလး

မင္းသမီးေခ်ာ Poe Kyar Phyu Khin ရယ္ ခ်စ္ေသာ အန္တီေအးေအးျမင့္ရယ္ ၊ ညီေလးဇြဲထက္ တို႔မိသားစုကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ။..” ဆိုကာ Suriprise ျဖစ္ရတဲ့အေၾကာင္းေလးေတြနဲ႔ ေက်းဇူးတင္စကားေလး ဆိုထားတာ ျဖစ္ပါတယ္ေနာ္..။ “နိမိတ္ေကာင္းမ်ားျဖင့္

ဘုန္းတန္ခိုးႀကီးေအာင္ နဝရတ္ လက္စြပ္ေလးကိုလည္း အမွတ္တရ အျဖစ္ သိဂႌဝင္း စိန္ဆိုင္မွာ ေသခ်ာေလး အပ္ၿပီး ေပးျဖစ္တဲ့အေၾကာင္း ၊ ဒီလက္စြပ္ကို order ရက္ခ်ိန္းျပည့္လို႔ ယူဖို႔ကို ေ႐ႊဘုန္းပြင့္ဘုရားမွာခ်ိန္းၿပီး ဘုန္းကံပြင့္ေအာင္ သြားယူလာေပးတယ္ဆိုတာေတြ သိလိုက္ရလို႔ အရမ္းေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။ ညီမေလးတို႔ မိသားစုလည္း ထာဝရ စိတ္ခ်မ္းသာ ေအာင္ျမင္ ေပ်ာ္႐ႊင္ၾကပါေစ။..” ဆိုၿပီးေတာ့လည္း စိန္လင္းက သူ႔ရဲ႕ အေပ်ာ္ေလးေတြကို ေဝမွ်ထားတာ ျဖစ္ပါတယ္ေနာ္..။

Read in UNICODE

သရုပ်ဆောင်မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဆွဲဆောင်မှုရှိကာ သရုပ်ဆောင်ကောင်းသူလေးမို့ ပရိသတ်တွေရဲ့ တစ်ခဲနက်အချစ်တွေကို ပိုင်ဆိုင်ထားသူလေးပါ..။အေးချမ်းတဲ့အလှပိုင်ရှင်မလေး ပိုးကြာဖြူခင်ကတော့ လူချစ်လူခင်ပေါများသလို အနုပညာရှင်ညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း ချစ်ခင်လေးစားတတ်သူလေးပဲ

ဖြစ်ပါတယ်..။ ပိုးကြာဖြူခင်ကတော့ အခုတစ်ခါမှာလည်း အဆိုတော်စိန်လင်းရဲ့ မွေးနေ့လေးမှာ Live လွှင့်နေတဲ့အချိန် စိန်လင်းအတွက် Surprise လေး ပြုလုပ်ပေးခဲ့ပါတယ်နော်..။ ထင်မှတ်မထားတဲ့အချိန် ကိတ်မုန့်ထဲ နဝရတ်လက်စွပ်ထည့်ကာ Live လွှင့်နေတဲ့ စိန်လင်းကို

Surprise လုပ်ခဲ့တာမို့ စိန်လင်းတစ်ယောက် အရမ်းကို အံ့သြဝမ်းသာသွားခဲ့တာပါ..။ “Live လွှင့်နေတုန်း Suprise ရောက်လာပြီး ကိတ်မုန့်ကြီးသယ်လာကာ အထဲမှာ လက်ဆောင် ပါတယ် ဆိုပြီး မေတ္တာစေတနာအပြည့်နဲ့ ကျွန်တော့်ကို ပျော်အောင် လာပြီး ချီးမြှင့်ပေးတဲ့ ညီမလေး

မင်းသမီးချော Poe Kyar Phyu Khin ရယ် ချစ်သော အန်တီအေးအေးမြင့်ရယ် ၊ ညီလေးဇွဲထက် တို့မိသားစုကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။..” ဆိုကာ Suriprise ဖြစ်ရတဲ့အကြောင်းလေးတွေနဲ့ ကျေးဇူးတင်စကားလေး ဆိုထားတာ ဖြစ်ပါတယ်နော်..။ “နိမိတ်ကောင်းများဖြင့်

ဘုန်းတန်ခိုးကြီးအောင် နဝရတ် လက်စွပ်လေးကိုလည်း အမှတ်တရ အဖြစ် သိင်္ဂီဝင်း စိန်ဆိုင်မှာ သေချာလေး အပ်ပြီး ပေးဖြစ်တဲ့အကြောင်း ၊ ဒီလက်စွပ်ကို order ရက်ချိန်းပြည့်လို့ ယူဖို့ကို ရွှေဘုန်းပွင့်ဘုရားမှာချိန်းပြီး ဘုန်းကံပွင့်အောင် သွားယူလာပေးတယ်ဆိုတာတွေ သိလိုက်ရလို့ အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ။ ညီမလေးတို့ မိသားစုလည်း ထာဝရ စိတ်ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ။..” ဆိုပြီးတော့လည်း စိန်လင်းက သူ့ရဲ့ အပျော်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

Source : Sein Linn Aroma’s Facebook

Add a Comment

Your email address will not be published. Required fields are marked *