ေရႊေတြ ခႏၶာကိုယ္အျပည့္ဝတ္ၿပီး အြန္လိုင္းကေန ေရႊေရာင္းေတာ့မယ္ဆိုတဲ့ ထူးအယ္လ္လင္း

ထူးအယ္လ္လင္းကေတာ့ ပရဟိတအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ေဆာင္ေနၿပီး ပရဟိတအလုပ္ေတြနဲ႔ မအားမလပ္ ျဖစ္ေနတဲ့ မၾကာခင္မွာ အြန္လိုင္းကေန ေစ်းေရာင္းေတာ့မယ္လို႔ ဆိုပါတယ္။ ထူးအယ္လ္လင္းက ပရိသတ္ေတြကို အံ့အားသင့္ေအာင္ လုပ္ခဲ့တာပါ။ထူးအယ္လ္လင္းကေတာ့ အျခားအႏုပညာရွင္ေတြလိုပဲ သူလည္း အြန္လိုင္းေပၚကေန ေ႐ႊေရာင္းမယ္လို႔ ဆိုပါတယ္။ “ ကြၽန္ေတာ္ လႈိင္သာယာ

မီးခြက္ေဈးမွာရွိတဲ့ ဦးမိုးႏွင္း ေဒၚခင္မာဝင္းတို႔ရဲ႕ ေ႐ႊဆိုင္မွာ ကြၽန္ေတာ့္ရဲ႕ ဒီခႏၶာကိုယ္ႀကီးမွာ ေ႐ႊေတြအျပည့္ဆင္ၿပီးေတာ့ တစ္ခုခ်င္း ကြၽန္ေတာ္ ေရာင္းမယ္။ ကြၽန္ေတာ္ ေ႐ႊေရာင္းမယ္ေပါ့ဗ်ာ။ ကြၽန္ေတာ့္ နာမည္ကလည္း ထူး ဆိုတာက စေကာကရင္လိုဆိုရင္ “ေ႐ႊ” လို႔ေခၚတယ္။ အယ္လ္ ဆိုတာက “ ခ်စ္” တာေပါ့။ ထူးအယ္လ္လင္းဆိုေတာ့ ေ႐ႊခ်စ္လင္းေပါ့ဗ်ာ။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ ထူးအယ္လ္လင္း ေ႐ႊေရာင္းမွာျဖစ္ပါတယ္” ဆိုၿပီးေတာ့

ေအာက္တိုဘာလ (၂၇) ရက္ေန႔ ညေန (၅) နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ Live လႊင့္ရင္း ေျပာခဲ့တာျဖစ္ပါတယ္။ ထူးအယ္လင္းဟာ သူေ႐ႊေရာင္းတဲ့ အခါမွာ ပရိသတ္ကို သီခ်င္းလည္း ဆိုျပဖို႔အတြက္ စီစဥ္ထားတယ္လို႔လည္း ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ “ ကြၽန္ေတာ္တို႔ရဲ႕ အလႉေတြမွာ အၿမဲတမ္း အလႉေပးေနတဲ့ ဦးမိုးႏွင္း နဲ႔ ေဒၚခင္မာဝင္းတို႔ဆိုင္မွာ ကြၽန္ေတာ္တို႔ ညီအစ္ကိုေတြ

ေ႐ႊေရာင္းမယ္။ အဲဒီအခါက်ရင္ ကြၽန္ေတာ္က သီခ်င္းေလး တစ္ပုဒ္ဆိုျပမယ္။ ၿပီးရင္ ေ႐ႊဆြဲႀကိဳး အတုံးလိုက္၊ အတစ္လိုက္ ဆြဲၿပီး ေ႐ႊေရာင္းမယ္။ ဆိုင္ကယ္ႀကီးေတြ စီးၿပီး ေ႐ႊေတြနဲ႔ ကြၽတ္ဆင္ႀကီးေတြေလဗ်ာ။ ဒီအတြက္လည္း ေက်းဇူးတင္ပါတယ္” လို႔ သူက ဆိုပါတယ္။ ထူးအယ္လင္းဟာ လက္ရွိမွာ ဂီတအလုပ္ေတြထက္ ပရဟိတအလုပ္ေတြကို စြမ္းစြမ္းတမံ

လုပ္ေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ မီးေဘးသင့္ေဒသေတြသာမက ေရေဘးသင့္ေဒသေတြ၊ မီးသၿဂိဳဟ္စက္ လိုအပ္တဲ့ေနရာေတြ၊ လူနာတင္ယာဥ္ လိုအပ္တဲ့ေနရာေတြမွာလည္း လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။အဲဒီေနာက္ ဘုရားေစတီတည္ျခင္း၊ ေက်ာင္းေဆာက္လႉဒါန္းျခင္း၊ စာသင္ေက်ာင္းမ်ားမွာ ရွိတဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးျခင္းျဖင့္ ကုသိုလ္အလႉေတြ လုပ္ေလ့ရွိပါတယ္။

Read in UNICODE

ထူးအယ်လ်လင်းကတော့ ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီး ပရဟိတအလုပ်တွေနဲ့ မအားမလပ် ဖြစ်နေတဲ့ မကြာခင်မှာ အွန်လိုင်းကနေ ဈေးရောင်းတော့မယ်လို့ ဆိုပါတယ်။ ထူးအယ်လ်လင်းက ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ခဲ့တာပါ။ထူးအယ်လ်လင်းကတော့ အခြားအနုပညာရှင်တွေလိုပဲ သူလည်း အွန်လိုင်းပေါ်ကနေ ရွှေရောင်းမယ်လို့ ဆိုပါတယ်။ “ ကျွန်တော် လှိုင်သာယာ

မီးခွက်ဈေးမှာရှိတဲ့ ဦးမိုးနှင်း ဒေါ်ခင်မာဝင်းတို့ရဲ့ ရွှေဆိုင်မှာ ကျွန်တော့်ရဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ရွှေတွေအပြည့်ဆင်ပြီးတော့ တစ်ခုချင်း ကျွန်တော် ရောင်းမယ်။ ကျွန်တော် ရွှေရောင်းမယ်ပေါ့ဗျာ။ ကျွန်တော့် နာမည်ကလည်း ထူး ဆိုတာက စကောကရင်လိုဆိုရင် “ရွှေ” လို့ခေါ်တယ်။ အယ်လ် ဆိုတာက “ ချစ်” တာပေါ့။ ထူးအယ်လ်လင်းဆိုတော့ ရွှေချစ်လင်းပေါ့ဗျာ။ ဒါကြောင့်မို့လို့ ကျွန်တော် ထူးအယ်လ်လင်း ရွှေရောင်းမှာဖြစ်ပါတယ်” ဆိုပြီးတော့

အောက်တိုဘာလ (၂၇) ရက်နေ့ ညနေ (၅) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ ထူးအယ်လင်းဟာ သူရွှေရောင်းတဲ့ အခါမှာ ပရိသတ်ကို သီချင်းလည်း ဆိုပြဖို့အတွက် စီစဉ်ထားတယ်လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ “ ကျွန်တော်တို့ရဲ့ အလှူတွေမှာ အမြဲတမ်း အလှူပေးနေတဲ့ ဦးမိုးနှင်း နဲ့ ဒေါ်ခင်မာဝင်းတို့ဆိုင်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေ

ရွှေရောင်းမယ်။ အဲဒီအခါကျရင် ကျွန်တော်က သီချင်းလေး တစ်ပုဒ်ဆိုပြမယ်။ ပြီးရင် ရွှေဆွဲကြိုး အတုံးလိုက်၊ အတစ်လိုက် ဆွဲပြီး ရွှေရောင်းမယ်။ ဆိုင်ကယ်ကြီးတွေ စီးပြီး ရွှေတွေနဲ့ ကျွတ်ဆင်ကြီးတွေလေဗျာ။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ သူက ဆိုပါတယ်။ ထူးအယ်လင်းဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ

လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *