ေၾကာ္ျငာဘုရင္အမျဖစ္ တစ္ေက်ာ့ျပန္ေအာင္ျမင္ေနတဲ့ ထက္ထက္မိုးဦးအေပၚ သူ႔ရဲ႕အျမင္ေလးေတြ ေျပာျပခဲ့တဲ့ ရန္ေအာင္

အႏုပညာေလာကမွာ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ နာမည္တစ္လုံးနဲ႔ မွန္မွန္ကန္ကန္ ရပ္တည္ခဲ့တဲ့ အကယ္ဒမီမ်ားရွင္ ရန္ေအာင္ကေတာ့ ပရိသတ္ေတြရဲ႕ ႏွလုံးသားထဲမွာ အၿမဲေနရာေပးထားခံရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ကိုရန္ေလးလို႔အမ်ားက ခ်စ္စႏိုးနဲ႔ ေခၚေဝၚၾကတဲ့ ကိုရန္ေအာင္ကေတာ့အခုဆိုရင္ ကား႐ိုက္ေတြနားထားေပမယ့္ အလႉအတန္းေတြကိုေတာ့ ဆက္တိုက္ျပဳလုပ္ေနတာကို ျမင္ေတြ႕ရပါတယ္။ 

ကိုရန္ေလးကေတာ့ အခုကာလအေတာအတြင္းမွာဆိုရင္ ကုန္ပစၥည္းေလးေတြကိုလည္း Live လႊင့္ၿပီး ေရာင္းခ်ေပးေနပါတယ္။   ဒီအင္တာဗ်ဴးေလးကေတာ့ ကိုရန္ေလးက မိမိကဲ့သို႔ ကုန္ပစၥည္းေလးေတြကို အြန္လိုင္းမွာ Live လႊင့္ေရာင္းခ်ေနတဲ့ တစ္ခ်ိန္က ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦးရဲ႕တေက်ာ့ျပန္ေအာင္ျမင္မႈ ရရွိလာတဲ့အေပၚ သူ႔ရဲ႕အျမင္ကို အခုလိုပဲ ေျပာျပသြားခဲ့တာျဖစ္ပါတယ္။ 

ကိုရန္ေလးအေနနဲ႔ အစပိုင္းမွာေတာ့ ထက္ထက္တစ္ေယာက္ အြန္လိုင္း Live လႊင့္ၿပီး ကုန္ပစၥည္းေလးေတြကို ေရာင္းခ်ေပးေနတာကို ျမင္ရတဲ့အခါ သူေတာ္ေတာ္ပင္ပန္းမွာပဲဆိုၿပီး က႐ုဏာသက္ခဲ့မိတယ္လို႔ ဆိုပါတယ္။ ေနာက္ပိုင္း သူကိုယ္တိုင္လည္း လုပ္ငန္းအမ်ိဳးမ်ိဳးရဲ႕ ကုန္ပစၥည္းေတြကို အြန္လိုင္းမွာ Live Sale လုပ္ေပးျဖစ္တဲ့အခါ ထက္ထက္က သူ႔ရဲ႕ဆရာမႀကီး ျဖစ္သြားခဲ့တယ္လို႔ ကိုရန္ေလးက မထက္ရဲ႕ ေစ်းေရာင္းကြၽမ္းက်င္မႈကို ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ 

“သူကပစၥည္းတစ္ခုကို စိတ္ရွည္လက္ရွည္ကိုင္ၿပီးေတာ့ စိတ္ရွည္လက္ရွည္ျပတယ္ဗ်ာ… ေစ်းေလးက ဘယ္လိုေလးပါ… ေစ်းေလးကဘယ္ေလာက္ပါ ဘယ္လိုပါဆိုတာကို စိတ္ရွည္လက္ရွည္ေျပာတာကို ကြၽန္ေတာ္တို႔က အတုယူရတာေပါ့” လို႔ ဆိုလာၿပီး ကိုယ့္ထက္ အသက္ငယ္သည္ျဖစ္ေစ ႀကီးသည္ျဖစ္ေစ  မထက္က ဒီအလုပ္ကို ကြၽမ္းက်င္သူျဖစ္တဲ့အတြက္ ကိုရန္ေလးအတြက္ေတာ့ ျမင္ဆရာတစ္ေယာက္ပဲလို႔ ေျပာပါတယ္။

မထက္ဘဝရဲ႕ အတက္အက်အနိမ့္အျမင့္ေတြ အေတာ္မ်ားမ်ားကို ကိုရန္ေလးတို႔အေနနဲ႔ သိထားတာ ျဖစ္တဲ့အတြက္ ႀကဳံရင္ႀကဳံသလို အားေပးစကားေျပာျဖစ္တယ္လို႔ သိရပါတယ္။ မထက္အေနနဲ႔ ဟိုဘက္ႏွစ္ေတြတုန္းကဆို အရမ္းစိတ္ဓာတ္က်ခဲ့ေလာက္တဲ့ အထိေတာင္ ျဖစ္ခဲ့ဖူးတယ္လို႔ ကိုရန္ေလးက စိတ္မေကာင္းစြာ ေျပာျပလာပါတယ္။ 

“သူက နဂိုတည္းကမွ အထီးအရမ္းက်န္တယ္… အထီးက်န္ၿပီးေတာ့ တအား႐ုန္းကန္ရတဲ့အခါ တစ္ခါတစ္ေလ အရမ္းမြန္းၾကပ္တာေပါ့ေလ ထြက္ေပါက္တစ္ခုအေနနဲ႔  အဆင္မေျပတဲ့ အေနအထားမ်ိဳးေတြ ျဖစ္တယ္”  ထက္ထက္မိုးဦးရဲ႕ ယခုအေနအထားက္ိုလည္း ကိုရန္ေလးအေနနဲ႔ အခုလိုပဲ သုံးသပ္ျပခဲ့ပါတယ္။ 

“ထက္ထက္မိုးဦးက အခုဆို ငယ္လည္းမငယ္ေတာ့ဘူး… သူ႔ကိုယ္သူလည္း အသက္ႀကီးတယ္ဆိုတာကို သူလက္ခံတယ္… သူဝလာတယ္ဆိုတာကိုလည္း အခုသူ လက္ခံတယ္ေပါ့…ပရိသတ္ေရွ႕မွာလည္း ဝလာတယ္ဆိုတာကို ခ်ျပရဲလာတယ္ေပါ့… အရင္ကဆို သူက ရွက္ေနေသးတယ္… ဝလာတယ္ဆိုတာကို သူက ဖုံးကြယ္ထားေသးတယ္… အခုက်ေတာ့ သူ ပြင့္ပြင့္လင္းလင္းျဖစ္လာတယ္.. ဒီအေပၚမွာေတာ့ ပရိသတ္က နဂိုအတိုင္းပဲ ျပန္ခ်စ္လာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ အရမ္းဝမ္းသာတယ္ ခင္ဗ်” 

အခုလို လက္ဝတ္ရတနာပစၥည္း အစရွိတဲ့ ကုန္ပစၥည္းေလးေတြကို အြန္လိုင္းမွာ Live လႊင့္ၿပီး ေရာင္းခ်ေပးေနတယ္ဆိုတာမ်ိဳးက မထက္အေနနဲ႔ ကိုဗစ္ကာလအတြင္းမွာသာ ထိထိေရာက္ေရာက္ လုပ္ကိုင္ႏိုင္မွာျဖစ္ၿပီး ကိုဗစ္ကပ္ဆိုးႀကီး ၿပီးဆုံးသြားတဲ့ အခ်ိန္ဆိုရင္ေတာ့ တကယ့္ဆိုင္ခန္းေတြမွာသာ ဝယ္ယူၾကမွာ ျဖစ္တဲ့အတြက္ အခုခ်ိန္မွာ ပိုက္ဆံေသခ်ာစုထားၿပီး ေနာင္ပြင့္လင္းလာတဲ့ အခ်ိန္ေရာက္ရင္ ဘာဆက္လုပ္မလဲဆိုတာကို ေသခ်ာအစီအစဥ္ခ် စဥ္းစားထားေစခ်င္တယ္လို႔ ကိုရန္ေလးအေနနဲ႔ မထက္ရဲ႕ေနာင္ေရးကို​ ေရွးရႈၿပီး အႀကံျပဳတိုက္တြန္းထားပါတယ္။  

မထက္အေနနဲ႔ အခုလို တစ္ဖန္ျပန္ၿပီး စန္းထလာတဲ့ အေပၚမွာ ကိုရန္ေလးအေနနဲ႔ ဘုရားက မထက္ကို ဒုတိယအႀကိမ္ ဆုထပ္ေပးတာလို႔ ျမင္ပါတယ္။ ဘုရားက မထက္ကို ပထမအႀကိမ္ဆုေပးခဲ့ရာမွ အခုအခါမွာ ေနာက္တစ္ႀကိမ္ထပ္ေပးတဲ့ သေဘာမ်ိဳးျဖစ္ၿပီး ဒါေတာင္ အလုံးအရင္းနဲ႔ မေပးေသးပဲ အစသေဘာမ်ိဳးပဲ ရွိေသးတယ္လို႔ အကယ္ဒမီရန္ေအာင္က သူ႔ရဲ႕ထင္ျမင္ခ်က္ကို အခုလိုပဲ ေဝမွ်လာခဲ့ပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ ေၾကာ္ျငာဘုရင္မ မထက္နဲ႔ ျပည္သူ႔အခ်စ္ေတာ္ ကိုရန္ေလးတို႔ဟာဆိုရင္ တစ္ေခတ္တစ္ခါက ေအာင္ျမင္မႈအသီးအပြင့္ေတြကို အသီးသီး ခူးဆြတ္ႏိုင္ခဲ့တဲ့ သူေတြပဲ ျဖစ္ပါတယ္။ အခုအခ်ိန္မွာဆိုရင္ သူတို႔ႏွစ္ေယာက္လုံးဟာ  တန္ဖိုးႀကီးပစၥည္းေလးေတြကို အြန္လိုင္းကေန Live လႊင့္ၿပီး ေရာင္းခ်ေပးေနတာပဲ ျဖစ္ပါတယ္။ 

ပရိသတ္ႀကီးထဲက ေဘာစိကိုကိုမမတို႔ကိုလည္း သူတို႔ႏွစ္ဦးေရာင္းခ်တဲ့ တန္ဖိုးႀကီး လက္ဝတ္ရတနာေလးေတြ လူသုံးကုန္ပစၥည္းေတြက တကယ္ပဲအရည္အေသြး ျပည့္မီတဲ့အတြက္ ဝယ္ယူအားေပးၾကပါအုံးလို႔ အႀကံျပဳလိုက္ရပါတယ္။ ဒီအင္တာဗ်ဴးေလးကိုေတာ့ ကိုရန္ေလးအေနနဲ႔ Swiss Time Square က တန္ဖိုးႀကီးလက္ပတ္နာရီေလးေတြကို Live လႊင့္ေရာင္းခ်ေနစဥ္အတြင္း ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ 

Read in UNICODE

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် နာမည်တစ်လုံးနဲ့ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တဲ့ အကယ်ဒမီများရှင် ရန်အောင်ကတော့ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲနေရာပေးထားခံရတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုရန်လေးလို့အများက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ ကိုရန်အောင်ကတော့အခုဆိုရင် ကားရိုက်တွေနားထားပေမယ့် အလှူအတန်းတွေကိုတော့ ဆက်တိုက်ပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။ 

ကိုရန်လေးကတော့ အခုကာလအတောအတွင်းမှာဆိုရင် ကုန်ပစ္စည်းလေးတွေကိုလည်း Live လွှင့်ပြီး ရောင်းချပေးနေပါတယ်။   ဒီအင်တာဗျူးလေးကတော့ ကိုရန်လေးက မိမိကဲ့သို့ ကုန်ပစ္စည်းလေးတွေကို အွန်လိုင်းမှာ Live လွှင့်ရောင်းချနေတဲ့ တစ်ချိန်က ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးရဲ့တကျော့ပြန်အောင်မြင်မှု ရရှိလာတဲ့အပေါ် သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောပြသွားခဲ့တာဖြစ်ပါတယ်။ 

ကိုရန်လေးအနေနဲ့ အစပိုင်းမှာတော့ ထက်ထက်တစ်ယောက် အွန်လိုင်း Live လွှင့်ပြီး ကုန်ပစ္စည်းလေးတွေကို ရောင်းချပေးနေတာကို မြင်ရတဲ့အခါ သူတော်တော်ပင်ပန်းမှာပဲဆိုပြီး ကရုဏာသက်ခဲ့မိတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သူကိုယ်တိုင်လည်း လုပ်ငန်းအမျိုးမျိုးရဲ့ ကုန်ပစ္စည်းတွေကို အွန်လိုင်းမှာ Live Sale လုပ်ပေးဖြစ်တဲ့အခါ ထက်ထက်က သူ့ရဲ့ဆရာမကြီး ဖြစ်သွားခဲ့တယ်လို့ ကိုရန်လေးက မထက်ရဲ့ ဈေးရောင်းကျွမ်းကျင်မှုကို ချီးကျူးပြောဆိုလိုက်ပါတယ်။ 

“သူကပစ္စည်းတစ်ခုကို စိတ်ရှည်လက်ရှည်ကိုင်ပြီးတော့ စိတ်ရှည်လက်ရှည်ပြတယ်ဗျာ… ဈေးလေးက ဘယ်လိုလေးပါ… ဈေးလေးကဘယ်လောက်ပါ ဘယ်လိုပါဆိုတာကို စိတ်ရှည်လက်ရှည်ပြောတာကို ကျွန်တော်တို့က အတုယူရတာပေါ့” လို့ ဆိုလာပြီး ကိုယ့်ထက် အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ  မထက်က ဒီအလုပ်ကို ကျွမ်းကျင်သူဖြစ်တဲ့အတွက် ကိုရန်လေးအတွက်တော့ မြင်ဆရာတစ်ယောက်ပဲလို့ ပြောပါတယ်။

မထက်ဘဝရဲ့ အတက်အကျအနိမ့်အမြင့်တွေ အတော်များများကို ကိုရန်လေးတို့အနေနဲ့ သိထားတာ ဖြစ်တဲ့အတွက် ကြုံရင်ကြုံသလို အားပေးစကားပြောဖြစ်တယ်လို့ သိရပါတယ်။ မထက်အနေနဲ့ ဟိုဘက်နှစ်တွေတုန်းကဆို အရမ်းစိတ်ဓာတ်ကျခဲ့လောက်တဲ့ အထိတောင် ဖြစ်ခဲ့ဖူးတယ်လို့ ကိုရန်လေးက စိတ်မကောင်းစွာ ပြောပြလာပါတယ်။ 

“သူက နဂိုတည်းကမှ အထီးအရမ်းကျန်တယ်… အထီးကျန်ပြီးတော့ တအားရုန်းကန်ရတဲ့အခါ တစ်ခါတစ်လေ အရမ်းမွန်းကြပ်တာပေါ့လေ ထွက်ပေါက်တစ်ခုအနေနဲ့  အဆင်မပြေတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်”  ထက်ထက်မိုးဦးရဲ့ ယခုအနေအထားကိုလည်း ကိုရန်လေးအနေနဲ့ အခုလိုပဲ သုံးသပ်ပြခဲ့ပါတယ်။ 

“ထက်ထက်မိုးဦးက အခုဆို ငယ်လည်းမငယ်တော့ဘူး… သူ့ကိုယ်သူလည်း အသက်ကြီးတယ်ဆိုတာကို သူလက်ခံတယ်… သူဝလာတယ်ဆိုတာကိုလည်း အခုသူ လက်ခံတယ်ပေါ့…ပရိသတ်ရှေ့မှာလည်း ဝလာတယ်ဆိုတာကို ချပြရဲလာတယ်ပေါ့… အရင်ကဆို သူက ရှက်နေသေးတယ်… ဝလာတယ်ဆိုတာကို သူက ဖုံးကွယ်ထားသေးတယ်… အခုကျတော့ သူ ပွင့်ပွင့်လင်းလင်းဖြစ်လာတယ်.. ဒီအပေါ်မှာတော့ ပရိသတ်က နဂိုအတိုင်းပဲ ပြန်ချစ်လာတယ်ဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာတယ် ခင်ဗျ” 

အခုလို လက်ဝတ်ရတနာပစ္စည်း အစရှိတဲ့ ကုန်ပစ္စည်းလေးတွေကို အွန်လိုင်းမှာ Live လွှင့်ပြီး ရောင်းချပေးနေတယ်ဆိုတာမျိုးက မထက်အနေနဲ့ ကိုဗစ်ကာလအတွင်းမှာသာ ထိထိရောက်ရောက် လုပ်ကိုင်နိုင်မှာဖြစ်ပြီး ကိုဗစ်ကပ်ဆိုးကြီး ပြီးဆုံးသွားတဲ့ အချိန်ဆိုရင်တော့ တကယ့်ဆိုင်ခန်းတွေမှာသာ ဝယ်ယူကြမှာ ဖြစ်တဲ့အတွက် အခုချိန်မှာ ပိုက်ဆံသေချာစုထားပြီး နောင်ပွင့်လင်းလာတဲ့ အချိန်ရောက်ရင် ဘာဆက်လုပ်မလဲဆိုတာကို သေချာအစီအစဉ်ချ စဉ်းစားထားစေချင်တယ်လို့ ကိုရန်လေးအနေနဲ့ မထက်ရဲ့နောင်ရေးကို ရှေးရှုပြီး အကြံပြုတိုက်တွန်းထားပါတယ်။  

မထက်အနေနဲ့ အခုလို တစ်ဖန်ပြန်ပြီး စန်းထလာတဲ့ အပေါ်မှာ ကိုရန်လေးအနေနဲ့ ဘုရားက မထက်ကို ဒုတိယအကြိမ် ဆုထပ်ပေးတာလို့ မြင်ပါတယ်။ ဘုရားက မထက်ကို ပထမအကြိမ်ဆုပေးခဲ့ရာမှ အခုအခါမှာ နောက်တစ်ကြိမ်ထပ်ပေးတဲ့ သဘောမျိုးဖြစ်ပြီး ဒါတောင် အလုံးအရင်းနဲ့ မပေးသေးပဲ အစသဘောမျိုးပဲ ရှိသေးတယ်လို့ အကယ်ဒမီရန်အောင်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပဲ ဝေမျှလာခဲ့ပါတယ်။ 

ပရိသတ်ကြီးတို့ရေ ကြော်ငြာဘုရင်မ မထက်နဲ့ ပြည်သူ့အချစ်တော် ကိုရန်လေးတို့ဟာဆိုရင် တစ်ခေတ်တစ်ခါက အောင်မြင်မှုအသီးအပွင့်တွေကို အသီးသီး ခူးဆွတ်နိုင်ခဲ့တဲ့ သူတွေပဲ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် သူတို့နှစ်ယောက်လုံးဟာ  တန်ဖိုးကြီးပစ္စည်းလေးတွေကို အွန်လိုင်းကနေ Live လွှင့်ပြီး ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ 

ပရိသတ်ကြီးထဲက ဘောစိကိုကိုမမတို့ကိုလည်း သူတို့နှစ်ဦးရောင်းချတဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာလေးတွေ လူသုံးကုန်ပစ္စည်းတွေက တကယ်ပဲအရည်အသွေး ပြည့်မီတဲ့အတွက် ဝယ်ယူအားပေးကြပါအုံးလို့ အကြံပြုလိုက်ရပါတယ်။ ဒီအင်တာဗျူးလေးကိုတော့ ကိုရန်လေးအနေနဲ့ Swiss Time Square က တန်ဖိုးကြီးလက်ပတ်နာရီလေးတွေကို Live လွှင့်ရောင်းချနေစဉ်အတွင်း ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ 

Source : SJ

Add a Comment

Your email address will not be published. Required fields are marked *