ညီမဖြစ်သူ ငွေမှုံရတီအတွက် သိန်း(၂၀)ကျော်တန်ဖိုးရှိ နောက်ဆုံးပေါ် အိုင်ဖုန်း လက်ဆောင်ဝယ်ပေးခဲ့တဲ့ ရွှေမှုံရတီ
Read in UNICODE
ရွှေမှုံရတီနဲ့ မင်းသမီးချောလေး ငွေမှုံရတီတို့ညီအစ်မနှစ်ယောက်ကတော့ တစ်ချိန်က အနုပညာလမ်းကြောင်းပေါ်မှာ အတူတူလျှောက်လှမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ရွှေမှုံတို့ညီအစ်မက ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ညီမလေးဖြစ်တဲ့ ငွေမှုံရတီက အနုပညာအလုပ်တွေနဲ့
အနည်းငယ်ဝေးကွာနေတာဖြစ်ပြီး တစ်ခါတစ်ရံမှသာ Photo Shooting လေးတွေ ရိုက်ကူးတတ်တာ ဖြစ်ပါတယ် ။ တစ်ယောက်တစ်မျိုးစီ လှကြတဲ့ ရွှေမှုံနဲ့ ငွေမှုံတို့ညီအစ်မကို ပရိသတ်တွေကလည်းအရမ်းချစ်ကြတာ ဖြစ်ပါတယ် ။ သူမတို့နှစ်ယောက်က ရုပ်ချင်းဆင်သလို ညီအစ်မအချင်းချင်း ချစ်ခင်သင့်မြတ်စွာ နေထိုင်ကြတာလည်း ဖြစ်ပါတယ် ။ အစ်မကြီးပီသတဲ့
ရွှေမှုံရတီက အခုလည်း တစ်ဦးတည်းသောညီမလေး ငွေမှုံရတီအတွက် တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ဝယ်ပေးလိုက်တာ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ အသစ်ထွက်ရှိလာတဲ့ နောက်ဆုံးပေါ် iPhone 12 Pro ကို ရွှေမှုံက ငွေမှုံ့အတွက် လက်ဆောင်ဝယ်ပေးလိုက်တာ ဖြစ်ပါတယ် ။ မြန်မာငွေ
(၁၆)သိန်းကျော်ကနေ သိန်း (၂၀)ကျော်အထိတန်ကြေးရှိတဲ့ iphone တစ်လုံးကိုလက်ခံရရှိတာကြောင့် ငွေမှုံတစ်ယောက် အစ်မဖြစ်သူကို ကျေးဇူးတင်နေတာလည်း ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်ကြတဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ညီအစ်မရဲ့ပုံရိပ်လေးတွေကိုပါ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Ngwe Hmone Yati’s Facebook
Add a Comment
Your email address will not be published. Required fields are marked *