ယေန႔ မဂၤလာသက္တမ္း(၁၇)ႏွစ္ျပည့္သြားၿပီျဖစ္ၿပီး ဘဝျဖတ္သန္းမႈေလးေတြကို ေျပာျပခဲ့တဲ့ ဝမ္းနဲ႔ အာဇာနည္

လက္ရွိ ဂီတေလာကမွာ အာဇာနည္ ကေတာ့ ေအာင္ျမင္မႈေတြ ရရွိေနတဲ့ အဆိုေတာ္ တစ္ေယာက္ပါ။ သူ႔ရဲ႕ ဇနီးျဖစ္သူ ဝမ္းကေတာ့ အႏုပညာအလုပ္ေတြ မလုပ္ေတာ့ေပမယ့္ တစ္ခ်ိန္က သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြအားေပးခဲ့သူတစ္ေယာက္ပါ။ ဒီေန႔ ( ေအာက္တိုဘာလ ၂၇ ရက္) ကေတာ့ သူတု႔ိ ႏွစ္ဦးရဲ႕ မဂၤလာသက္တမ္း (၁၇) ႏွစ္ျပည့္တဲ့ ေန႔ေလးျဖစ္ပါတယ္။ ဝမ္း ကေတာ့ အခုလို မဂၤလာသက္တမ္း (၁၇) ႏွစ္ျပည့္တဲ့ အခ်ိန္ထိ ဇနီးနဲ႔ သားသမီးေတြရဲ႕ အနားႏွာ ဂ႐ုတစိုက္ ရွိေနေပးတတ္တဲ့ ခင္ပြန္းျဖစ္သူ အာဇာနည္ကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ “ ဒီေန႔ကေတာ့ အစ္မတို႔ ႏွစ္ေယာက္ရဲ႕ မဂၤလာသက္တမ္း(၁၇) ႏွစ္ျပည့္တယ္ေပါ့ေနာ္။ ကိုယ္ေတြရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔တိုင္းကို

အစ္မတို႔ အိမ္နားက ခ်မ္းေျမ့ရိပ္သာ ဘုန္းႀကီးေက်ာင္းမွာ ေန႔ဆြမ္း ရာသက္ပန္ လႉထားပါတယ္။ ဒီႏွစ္ကေတာ့ Home Stay ျဖစ္ေနေတာ့ ဒါလည္း တစ္မ်ိဳးေလးေတာ့ အမွတ္တရ ျဖစ္ရတာေပါ့ေနာ္။ သူက ညကလည္း အစ္မကို လာၿပီးေတာ့ ၁၂ နာရီေက်ာ္မွာ Anniversary Wish လာလုပ္တယ္။ ဒီႏွစ္ေတာ့ ဘာမွ မဝယ္ေပးရဘူးဆိုၿပီးေတာ့ ေျပာသြားတယ္ သူက။ အမွတ္တရ အေနနဲ႔ကေတာ့ ရန္ျဖစ္လိုက္၊ ျပန္ခ်စ္လိုက္နဲ႔ အတူတူေနလာတာ (၁၇) ႏွစ္ရွိၿပီ။ တစ္ေယာက္နဲ႔ တစ္ေယာက္ သည္းခံႏိုင္စြမ္းက ၁၇ ႏွစ္ၾကာလာၿပီ။ အခုဆိုရင္ ကေလးက (၃) ေယာက္ျဖစ္လာၿပီ။ သူကလည္း အစ္မတို႔ အနားမွာေနၿပီး အစ္မကိုလည္း ဂ႐ုစိုက္တယ္၊ သားသမီးေတြကိုလည္း ဂ႐ုတစိုက္နဲ႔ ရွိေနေပးတာကိုပဲ ေက်းဇူးတင္ေနပါၿပီ”လို႔ ေျပာျပခဲ့ပါတယ္။ ဝမ္းဟာ ခင္ပြန္းျဖစ္သူ အာဇာနည္ရဲ႕ ဂီတလႈပ္ရွားမႈေတြမွာလည္း အနားကေန

ပံ့ပိုးကူညီေပးခဲ့တာကို ေတြ႕ရပါတယ္။ သူတို႔ ႏွစ္ဦးဟာ (၁၀)ေက်ာ္သက္ အ႐ြယ္ကတည္းကေန ခ်စ္သူေတြျဖစ္ခဲ့က်ၿပီး အခုဆိုရင္ ကိုယ္ပိုင္မိသားစု ဘဝေလးကို ထူေထာင္ထားၾကသူေတြျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ဆိုးစိတ္ေကာက္ေလးေတြရွိေပမယ့္ ခိုင္ၿမဲတဲ့ မိသားစုဘဝေလးျဖစ္ဖို႔ နားလည္မႈေတြနဲ႔ တည္ေဆာက္ထားတယ္လို႔ ဝမ္းက ေျပာပါတယ္။ “ လူႏွစ္ေယာက္ ေပါင္းစပ္တာျဖစ္တဲ့ အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ သည္းခံတာေရာ၊ အျပန္အလွန္ ကိုယ္ခ်င္းစာ တရားလည္း ရွိရမွာေပါ့ေနာ္။ ၿပီးေတာ့ အစ္မတို႔ ႏွစ္ေယာက္က ဟိုးငယ္ငယ္ေလးကတည္းက ငယ္ရည္းစား၊ ငယ္လင္မယားဆိုေတာ့ တစ္ေယာက္အေၾကာင္းတစ္ေယာက္လည္း သိတယ္၊ နားလည္ၾကတယ္၊ သည္းခံတယ္ေပါ့ေနာ္။ ဒီလိုေတြရွိလာေတာ့

အခုလို ႏွစ္ၾကာလာတယ္။ အခုဆိုရင္ အစ္မတို႔ ခ်စ္တဲ့ သားသမီး (၃) ယာက္နဲ႔ အတူတူရွိၿပီးေတာ့ ခ်စ္ခ်စ္ခင္ခင္ ေနရတာကလည္း ရတနာ(၃) ပါးရဲ႕ ေက်းဇူးပါ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ အာဇာနည္နဲ႔ သ႐ုပ္ေဆာင္ ဝမ္းတို႔ ကေတာ့ သားႏွစ္ေယာက္၊ သမီးေလး တစ္ေယာက္နဲ႔ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။ သား အႀကီးေလးကိုေတာ့ ဖစ္ဖစ္တုန္(ခ) ဉာဏ္ဘုန္းဇာနည္၊ သားငယ္ေလးကိုေတာ့ ခ်စ္ခ်စ္တုန္ ၊ သမီး အငယ္ဆုံးေလးကိုေတာ့ မစ္မစ္ တုန္း ဆိုၿပီးေတာ့ အိမ္ေခၚနာမည္ေလးေတြ ေပးထားပါတယ္။ သမီးေလး မေမြးခင္တုန္းကေတာ့ အာဇာနည္နဲ႔ ဝမ္း နဲ႔ သားေလး ႏွစ္ေယာက္တို႔ဟာ ေၾကာ္ျငာေလးေတြ ႐ိုက္ကူးထားတာ ကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

လက်ရှိ ဂီတလောကမှာ အာဇာနည် ကတော့ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ပါ။ သူ့ရဲ့ ဇနီးဖြစ်သူ ဝမ်းကတော့ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် တစ်ချိန်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးခဲ့သူတစ်ယောက်ပါ။ ဒီနေ့ ( အောက်တိုဘာလ ၂၇ ရက်) ကတော့ သူတု့ိ နှစ်ဦးရဲ့ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်တဲ့ နေ့လေးဖြစ်ပါတယ်။ ဝမ်း ကတော့ အခုလို မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်တဲ့ အချိန်ထိ ဇနီးနဲ့ သားသမီးတွေရဲ့ အနားနှာ ဂရုတစိုက် ရှိနေပေးတတ်တဲ့ ခင်ပွန်းဖြစ်သူ အာဇာနည်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “ ဒီနေ့ကတော့ အစ်မတို့ နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်း(၁၇) နှစ်ပြည့်တယ်ပေါ့နော်။ ကိုယ်တွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းကို

အစ်မတို့ အိမ်နားက ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်း ရာသက်ပန် လှူထားပါတယ်။ ဒီနှစ်ကတော့ Home Stay ဖြစ်နေတော့ ဒါလည်း တစ်မျိုးလေးတော့ အမှတ်တရ ဖြစ်ရတာပေါ့နော်။ သူက ညကလည်း အစ်မကို လာပြီးတော့ ၁၂ နာရီကျော်မှာ Anniversary Wish လာလုပ်တယ်။ ဒီနှစ်တော့ ဘာမှ မဝယ်ပေးရဘူးဆိုပြီးတော့ ပြောသွားတယ် သူက။ အမှတ်တရ အနေနဲ့ကတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ အတူတူနေလာတာ (၁၇) နှစ်ရှိပြီ။ တစ်ယောက်နဲ့ တစ်ယောက် သည်းခံနိုင်စွမ်းက ၁၇ နှစ်ကြာလာပြီ။ အခုဆိုရင် ကလေးက (၃) ယောက်ဖြစ်လာပြီ။ သူကလည်း အစ်မတို့ အနားမှာနေပြီး အစ်မကိုလည်း ဂရုစိုက်တယ်၊ သားသမီးတွေကိုလည်း ဂရုတစိုက်နဲ့ ရှိနေပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ”လို့ ပြောပြခဲ့ပါတယ်။ ဝမ်းဟာ ခင်ပွန်းဖြစ်သူ အာဇာနည်ရဲ့ ဂီတလှုပ်ရှားမှုတွေမှာလည်း အနားကနေ

ပံ့ပိုးကူညီပေးခဲ့တာကို တွေ့ရပါတယ်။ သူတို့ နှစ်ဦးဟာ (၁၀)ကျော်သက် အရွယ်ကတည်းကနေ ချစ်သူတွေဖြစ်ခဲ့ကျပြီး အခုဆိုရင် ကိုယ်ပိုင်မိသားစု ဘဝလေးကို ထူထောင်ထားကြသူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးစိတ်ကောက်လေးတွေရှိပေမယ့် ခိုင်မြဲတဲ့ မိသားစုဘဝလေးဖြစ်ဖို့ နားလည်မှုတွေနဲ့ တည်ဆောက်ထားတယ်လို့ ဝမ်းက ပြောပါတယ်။ “ လူနှစ်ယောက် ပေါင်းစပ်တာဖြစ်တဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် သည်းခံတာရော၊ အပြန်အလှန် ကိုယ်ချင်းစာ တရားလည်း ရှိရမှာပေါ့နော်။ ပြီးတော့ အစ်မတို့ နှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းက ငယ်ရည်းစား၊ ငယ်လင်မယားဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်လည်း သိတယ်၊ နားလည်ကြတယ်၊ သည်းခံတယ်ပေါ့နော်။ ဒီလိုတွေရှိလာတော့

အခုလို နှစ်ကြာလာတယ်။ အခုဆိုရင် အစ်မတို့ ချစ်တဲ့ သားသမီး (၃) ယာက်နဲ့ အတူတူရှိပြီးတော့ ချစ်ချစ်ခင်ခင် နေရတာကလည်း ရတနာ(၃) ပါးရဲ့ ကျေးဇူးပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ အာဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ ကတော့ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သား အကြီးလေးကိုတော့ ဖစ်ဖစ်တုန်(ခ) ဉာဏ်ဘုန်းဇာနည်၊ သားငယ်လေးကိုတော့ ချစ်ချစ်တုန် ၊ သမီး အငယ်ဆုံးလေးကိုတော့ မစ်မစ် တုန်း ဆိုပြီးတော့ အိမ်ခေါ်နာမည်လေးတွေ ပေးထားပါတယ်။ သမီးလေး မမွေးခင်တုန်းကတော့ အာဇာနည်နဲ့ ဝမ်း နဲ့ သားလေး နှစ်ယောက်တို့ဟာ ကြော်ငြာလေးတွေ ရိုက်ကူးထားတာ ကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *