ပထမဆုံးစတွေ့တဲ့အချိန်ကစလို့ နှစ်ဖက်မိဘတွေ သဘောတူတဲ့အထိ လက်ခံအောင် ကြိုးစားခဲ့တဲ့ (၇)နှစ်တာ အချစ်ဇာတ်လမ်းအကြောင်း ပြောပြခဲ့တဲ့ ရီရီပွင့်ဖြူနဲ့ မောင်
Read in UNICODE
မောင်တို့စုံတွဲလေးက တစ်ယောက်အပေါ်မှာတစ်ယောက် နားလည်မှုရှိကြသလို သူတို့ရဲ့အချစ်တွေကလည်း ခိုင်မြဲနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ မောင်တို့စုံတွဲလေးက ပျော်ရွှင်စရာကောင်းတဲ့အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းခဲ့တာဟာဆိုရင် နှစ်အတော်ကြာအောင် ရှိနေခဲ့ပြီ
ဖြစ်ပါတယ် ။ ချစ်သူသက်တမ်း (၇) နှစ်တောင်ကျော်လာခဲ့ပြီဖြစ်တဲ့ မောင်တို့ချစ်သူနှစ်ဦးက အခုတော့ ပရိသတ်တွေသိချင်နေတဲ့ မေးခွန်းတွေကို ဖြေလိုက်ပြီပဲ ဖြစ်ပါတယ် ။ မောင်နဲ့ ရီရီတို့က ဘယ်လိုစတွေ့ပြီး ချစ်သူဖြစ်လာခဲ့ပုံကိုလည်း အသေးစိတ်ကအစ
သေသေချာချာလေး ပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် “နှစ်ဖက်မိဘမောင်နှမတွေ သဘောတူလက်ခံလာအောင် ဘယ်လိုလုပ်ခဲ့ရလဲ” ဆိုတဲ့ မေးခွန်းလေးကိုလည်း ဖြေကြားခဲ့ပါသေးတယ်။မောင်တို့စုံတွဲက “တကယ်တော့ ဒီ Video လေးက စက်တင်ဘာ ၂၀ တည်းက
တင်မယ်လို့ ရည်ရွယ်ထားတဲ့ video လေးပါ..မထင်မှတ်ဘဲ Covid ဖြစ် ..Quarantine တွေဝင်ရတော့ မတင်ဖြစ်တော့တာ…ခုတော့ မေးတဲ့သူတွေလည်း မေးနေပြီမို့ တင်ပေးလိုက်ပြီနော်…(မှတ်ချက် – ဒီ Video က live အနေနဲ့တတ်နေပေမယ့် ကြိုရိုက်ထားတဲ့ဟာပါ
အဲ့တာကြောင့် ကော့မန့်တွေမဖတ်ပေးနိုင်တာ စိတ်မဆိုးကြနဲ့နော် )” ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ပရိသတ်တွေ အရမ်းသိချင်တဲ့မေးခွန်းတွေကို တစ်ခုမကျန်ဖြေပြသွားတဲ့ မောင်တို့စုံတွဲရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source: Sein Phyo & Yi’s Facebook
Add a Comment
Your email address will not be published. Required fields are marked *