သမီးလေးက သူမကို နောက်အိမ်ထောင် မပြုစေချင်ကြောင်း ပြောပြခဲ့တဲ့ မေကဗျာ






Read in UNICODE

ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာ မေကဗျာကတော့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်နော်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်းမှန်လုပ်ဆောင်နေပြီး ရုပ်ရုင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။မေကဗျာက အခုလိုကိုဗစ်ကာလမှာတော့ ရိုက်ကူးရေးတွေလည်း နားထားရတာဖြစ်လို့ စီးပွားရေးလေးကို

တိုးတက်အောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မေကဗျာက သူမကို အိမ်ထောင်မပြုစေချင်တဲ့ သမီးလေး ဂင်္ဂါမေရဲ့ အကြောင်းကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်မေကဗျာက “အိမ်ထောင်ပြိုကွဲခဲ့တာအတွက် နာကျင်ခဲ့ရတာတော့မရှိပါဘူး ကဗျာကံကောင်းတယ်လို့ပြောရမယ် မချောစုခင်ဆို အရမ်းပြောတယ် သမီးကအရမ်းကံကောင်းတယ် အမြဲတမ်းဆုံတိုင်းပြောတယ်

သမီးကိုကြည့်လိုက်ရင် သမီးက စိတ်ချမ်းသာရတယ် အပူအပင်လည်းမရှိရဘူး ဆိုတော့ သူပြောတာလည်းဟုတ်တာပဲ ကိုယ့်မှာကိုယ့်မျိုးဆက်လေးရှိတယ် အိမ်ထောင်ရေးဒုက္ခလည်းမခံစားရဘူး အခုအခြေအနေလေးက စိတ်ချမ်းသာနေရတယ် သမီးကကိုယ့်ကိုနားလည်လွန်းတဲ့ ကလေးလေးပါ ဒီအရွယ်မှမဟုတ်ဘူးငယ်ငယ်ကတည်းက မိဘအပေါ်ကော တဖက်သားအပေါ်ကော အရမ်းနားလည်ပေးတယ်

အထူးသဖြင့် ကဗျာတို့အပေါ်ကိုအရမ်းနားလည်ပေးတယ် မင်းသမီးဖြစ်တာက တကြောင်းရယ် ဘိုကျောင်းတက်တဲ့အခါကျတော့ ကိုယ့်ကိုကိုယ်အားကိုးတယ် ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတဲ့အသိ သူတို့မှာရှိတယအမေရော ကဗျာရောကလည်း သူဖြစ်ချင်တာကို တတ်နိုင်သလောက်ပံ့ပိုးပေးတယ် သူကတော့အေးအေးဆေးဆေးပဲ နဂိုကတည်းကထူးထူးဆန်းဆန်းလေး ဘိုကျောင်းတက်တဲ့အခါကျတော့ အေးအေးဆေးဆေး ကိုယ့်အားကိုယ်ကိုး နေတတ်သွားတာပေါ့ သူကတော့

ကဗျာ့ကိုနောက်အိမ်ထောင်မပြုစေချင်ဘူး ကိုယ်ကသူနဲ့တူတူ ဆော့နေပြုနေတဲ့အခါကျတော့ သူကတော့ အိမ်ထောင်မပြုစေချင်ဘူးပေါ့နော် ဒါကတော့ဘယ်သားသမီးမဆို ကိုယ့်မိဘကိုကတော့ သူတို့နဲ့ပဲတသက်လုံးနေစေချင်တာလေ” လို့ဆိုသွားခဲ့တာဖြစ်ပါတယ်မေကဗျာက သူမရဲ့ အေးဆေးပြီး ကိုယ့်အားကိုယ်ကိုး တတ်တဲ့သမီးလေးအကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော်

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *