သားဖြစ်သူ မကြာခင် ကလေးအဖေဖြစ်တော့မှာမို့ ဂုဏ်ယူဝမ်းသာနေတဲ့ စည်ဖြိုးရဲ့မိခင်
Read in UNICODE
စည်ဖြိုးကတော့ ကြော်ငြာတွေကို ရိုက်ကူးပြီး ပရိသတ်သတိထားမိခြင်းခံခဲ့ရကာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ စည်ဖြိုးကတော့ သရုပ်ဆောင်တစ်ယောက်အပြင် ဂီတကိုလည်း ဝါသနာပါသူဖြစ်ပြီး သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေဆီ ချပြနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စည်ဖြိုးက
ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း အဆက်မပြတ်လုပ်ကိုင်နေတဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်ဖြိုးက သူ့ရဲ့ချစ်သူ ခင်လွှမ်းနဲ့အတူတူရရှိတဲ့ ရင်သွေးလေး ပိုင်ဆိုင်နေပြီလို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးလာခဲ့ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းရဲ့ သတင်းကောင်းအတွက် ပရိသတ်တွေနဲ့ မိတ်ဆွေတွေက အံ့သြဝမ်းသာနေကြသလို စည်ဖြိုးရဲ့ မေမေကလည်း
“သားကြီးဆီကသတင်းကောင်း … .. .Happy News from My Big Son …” ဆိုပြီး သားကြီး သြရသ စည်ဖြိုးအတွက် ဝမ်းသာနေတာကို တွေ့ရပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ အခုဆိုရင် ရင်သွေးလေးကို ရရှိပိုင်ဆိုင်နေပြီမို့ မိခင်၊ ဖခင်တွေဖြစ်လာကြတော့မှာပဲ ဖြစ်ပါတယ်။ စည်ဖြိုးရဲ့ မေမေကတော့
မြေးလေးကို မြင်ရဖို့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Si Phyo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *