ထက်ထက်မိုးဦးဆီက သိန်းရာကျော်တန် လက်ဝတ်ရတနာတွေ အားပေးဝယ်ယူခဲ့ကြတဲ့ စိုးပြည့်သဇင် ဖြူဖြူကျော်သိန်း နဲ့ နီနီခင်ဇော်
Read in UNICODE
ထက်ထက်မိုးဦးဟာ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်တာကြောင့် ပန်းသခင်ရုပ်ရှင်ကားကြီးဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုတစ်ကြိမ်၊ သမီးမိုက်ရုပ်ရှင်ကားကြီးဖြင့်လည်း နောက်ထပ်အမျိုးသမီးဇာတ်ဆောင်ဆုကြီးကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ ထက်ထက်မိုးဦးကို
ဆယ်စုနှစ်များစွာထဲက ကြော်ငြာမင်းသမီးလို့တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပြီးတော့ အခုဆိုရင်လည်းထက်ထက်ဟာ အနုပညာလောကထဲကိုတကျော့ပြန်လည် ဝင်ရောက်လာပြီး ကြော်ငြာမင်းသမီးဂုဏ်ကို ထိန်းသိမ်းထားနိုင်တာကိုလည်းတွေ့ရပါတယ်။ အာ့တာက‌တော့ မထက်ဟာ Liveလွှင့်‌ပြီး
ကျောက်မျက်ရတနာတွေကို ရောင်းချပေးနေတာလည်းဖြစ်ပြီး မထက်ရောင်းသမျှကိုလည်း ပရိသတ်တွေက သည်းသည်းလှုပ်ဝန်းရံပေးကြတဲ့အပြင် တစ်ခဲနက်ဝယ်ယူအားပေးနေကြတာလည်းဖြစ်ပါတယ်။ အခုဆိုရင်လည်း ဖြူဖြူကျော်သိန်း၊နီနီခင်ဇော်နဲ့ စိုးပြည့်သဇင်တို့ဟာ
မထက်ရဲ့ Liveမှာ တန်ဖိုးကြီးကျောက်မျက်ရတနာတွေကို ဝယ်ယူအားပေးနေကြတာလည်းဖြစ်ပါတယ်။ မထက်ကလည်း စေတနာပါပါနဲ့လိုက်ဖက်မဲ့ပစ္စည်းတွေကို သေချာလေးရွေးချယ်ပေးတဲ့အပြင် ဈေးလေးတွေဆစ်‌ပေးပြီး ရောင်းချပေးတာလည်းတွေ့ရပါတယ်။ ကဲ…..ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Htet Htet Moe Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *