ထမင္းေတာင္ စားမဝင္ေတာ့တဲ့အထိ စိတ္ညစ္ေနရတဲ့ အဓိကအေၾကာင္းအရင္းကို ရင္ဖြင့္ခဲ့တဲ့ ခ်ိဳျပံဳး

အႏုပညာေလာကမွာ မင္းသမီးႀကီး ခ်ိဳၿပဳံးကေတာ့ ထင္ရွားလွတဲ့ အႏုပညာရွင္ႀကီးျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကိုရရွိထားသူတစ္ဦးပါ ယခုရက္ပိုင္းမွာေတာ့ ကိုဗစ္ေရာဂါဟာ အႏုပညာရွင္ေတြကိုလည္း႐ိုက္ခတ္လာခဲ့တာျဖစ္ၿပီး နာေရးကူညီမႈအသင္း ဥကၠဠ ဦးေက်ာ္သူ ကိုဗစ္ကူးစက္ခံခဲ့ရသလို သ႐ုပ္ေဆာင္ အဆိုေတာ္ ရန္ပိုင္စိုးလည္း

ကိုဗစ္ေၾကာင့္ ဆုံးပါးသြားခဲ့ရတာျဖစ္ပါတယ္။ ဒီလိုအေၾကာင္းတရားေတြေၾကာင့္ ေမခ်ိဳတစ္ေယာက္ ထမင္းစားလို႔ မဝင္ေတာ့တဲ့အထိ စိတ္ဆင္းရဲေနရတယ္ လို႔ မီဒီယာေတြ႕ဆုံမႈတစ္ခုမွာဆိုလာခဲ့တာပါ။ အဲ့ဒီေန႔ကစၿပီး ေမခ်ိဳ႕စိတ္ေတြၿပိဳလဲသြားတာ ရက္နည္းနည္းၾကာမွထမင္းစားႏိုင္တယ္ ကိုရန္ပိုင္စိုးဆိုတာ စေနတနဂၤေႏြဆိုရင္ ပြဲေတြမွာအၿမဲေတြ႕ေနရတဲ့သူဆိုေတာ့ေလ မ်က္စိထဲမွာျမင္ၿပီးေတာ့ေလ

ေနာက္ၿပီးေတာ့ သူကလည္း အရမ္းမွေပ်ာ္ေပ်ာ္ေနတတ္ၿပီးေတာ့ လူေတြေပ်ာ္႐ႊင္ေအာင္ လုပ္ေပးတတ္တဲ့သူတစ္ေယာက္ဆိုေတာ့ေလ အဲ့ဒါေတြေၾကာင့္မေတြးရဲေလာက္ေအာင္တုန္လႈပ္သြားတယ္ ဒါေပမယ့္ေလ အိမ္ကသားသမီးေတြက ဒါေတြကို မေတြးပါနဲ႔ ဆိုၿပီး ေမခ်ိဳ႕ကို စိတ္ေပ်ာ္ေအာင္ထားၾကတယ္ ေမာင္ေမာင္( ဦးေက်ာ္သူ ) ကေတာ့ ပရဟိတေတြ အၿမဲလုပ္ေနတဲ့သူျဖစ္တဲ့အတြက္ သူ႔ကိုဒါေတြက

ကယ္မွာပါလို႔ ယုံၾကည္တယ္ ဒါေလးကိုအာ႐ုံေလးျပဳၿပီးေနမယ္ဆိုရင္ ေရာဂါေတြအကုန္ေပ်ာက္သြားမယ္လို႔ ထင္ပါတယ္ သူဒီေရာဂါကပ္ဆိုးႀကီးကို ေက်ာ္လႊားသြားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္ေက်ာ္လႊားသြားႏိုင္ဖို႔အတြက္လည္း ေမခ်ိဳအၿမဲဆုေတာင္းေပးေနပါတယ္။ အိမ္မွာဆိုလည္း ေမခ်ိဳအကုန္လုံးကိုေျပာထားတယ္။ဒီအေၾကာင္းေတြကို မေျပာၾကပါနဲ႔လို႔…… ဘာလို႔လည္းဆိုေတာ့ မခံစားႏိုင္လို႔….. ေမခ်ိဳတို႔

အခုႀကဳံေနရတာေတြက တခါမွ အိပ္မက္ေတာင္ မမက္ဘူးတာေတြေလ အဲ့ေတာ့မခံစားႏိုင္ေတာ့လို႔ပါ။” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။ေမခ်ိဳကေတာ့ ကိုဗစ္ေၾကာင့္ ထိခိုက္ခံစားခဲ့ရတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္ ထမင္းစားလို႔ မဝင္ေတာ့တဲ့အထိ စိတ္ဆင္းရဲေနရတဲ့အေၾကာင္း ေျပာျပာလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။အဆုံးထိဖတ္ရႈေပးလို႔လည္း ေက်းဇူးတင္ပါတယ္ေနာ္။

Read in UNICODE

အနုပညာလောကမှာ မင်းသမီးကြီး ချိုပြုံးကတော့ ထင်ရှားလှတဲ့ အနုပညာရှင်ကြီးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူတစ်ဦးပါ ယခုရက်ပိုင်းမှာတော့ ကိုဗစ်ရောဂါဟာ အနုပညာရှင်တွေကိုလည်းရိုက်ခတ်လာခဲ့တာဖြစ်ပြီး နာရေးကူညီမှုအသင်း ဥက္ကဠ ဦးကျော်သူ ကိုဗစ်ကူးစက်ခံခဲ့ရသလို သရုပ်ဆောင် အဆိုတော် ရန်ပိုင်စိုးလည်း

ကိုဗစ်ကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ဒီလိုအကြောင်းတရားတွေကြောင့် မေချိုတစ်ယောက် ထမင်းစားလို့ မဝင်တော့တဲ့အထိ စိတ်ဆင်းရဲနေရတယ် လို့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာဆိုလာခဲ့တာပါ။ အဲ့ဒီနေ့ကစပြီး မေချို့စိတ်တွေပြိုလဲသွားတာ ရက်နည်းနည်းကြာမှထမင်းစားနိုင်တယ် ကိုရန်ပိုင်စိုးဆိုတာ စနေတနင်္ဂနွေဆိုရင် ပွဲတွေမှာအမြဲတွေ့နေရတဲ့သူဆိုတော့လေ မျက်စိထဲမှာမြင်ပြီးတော့လေ

နောက်ပြီးတော့ သူကလည်း အရမ်းမှပျော်ပျော်နေတတ်ပြီးတော့ လူတွေပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့သူတစ်ယောက်ဆိုတော့လေ အဲ့ဒါတွေကြောင့်မတွေးရဲလောက်အောင်တုန်လှုပ်သွားတယ် ဒါပေမယ့်လေ အိမ်ကသားသမီးတွေက ဒါတွေကို မတွေးပါနဲ့ ဆိုပြီး မေချို့ကို စိတ်ပျော်အောင်ထားကြတယ် မောင်မောင်( ဦးကျော်သူ ) ကတော့ ပရဟိတတွေ အမြဲလုပ်နေတဲ့သူဖြစ်တဲ့အတွက် သူ့ကိုဒါတွေက

ကယ်မှာပါလို့ ယုံကြည်တယ် ဒါလေးကိုအာရုံလေးပြုပြီးနေမယ်ဆိုရင် ရောဂါတွေအကုန်ပျောက်သွားမယ်လို့ ထင်ပါတယ် သူဒီရောဂါကပ်ဆိုးကြီးကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်ကျော်လွှားသွားနိုင်ဖို့အတွက်လည်း မေချိုအမြဲဆုတောင်းပေးနေပါတယ်။ အိမ်မှာဆိုလည်း မေချိုအကုန်လုံးကိုပြောထားတယ်။ဒီအကြောင်းတွေကို မပြောကြပါနဲ့လို့…… ဘာလို့လည်းဆိုတော့ မခံစားနိုင်လို့….. မေချိုတို့

အခုကြုံနေရတာတွေက တခါမှ အိပ်မက်တောင် မမက်ဘူးတာတွေလေ အဲ့တော့မခံစားနိုင်တော့လို့ပါ။” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။မေချိုကတော့ ကိုဗစ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ထမင်းစားလို့ မဝင်တော့တဲ့အထိ စိတ်ဆင်းရဲနေရတဲ့အကြောင်း ပြောပြာလာခဲ့တာပဲဖြစ်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးလို့လည်း ကျေးဇူးတင်ပါတယ်နော်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *