ျမင့္ျမတ္နဲ႔အတူ ရတနာပစၥည္းေတြ အြန္လိုင္းမွာ Live လႊင့္ၿပီးေရာင္းတာ ႏွစ္ခါထဲနဲ႔ သိန္း(၆၀၀)ဖိုးေက်ာ္ ေရာင္းၿပီးၿပီဆိုတဲ့ ထူးျခား

ထူးျခားကေတာ့ အက္ရွင္ကားေတြထဲမွာ ခပ္ၾကမ္းၾကမ္း သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ သ႐ုပ္ေဆာင္ ပီျပင္လြန္းတဲ့အတြက္ ပရိသတ္အားေပးမႈအခိုင္အမာရရွိထားတဲ့ ဇာတ္ပို႔ မင္းသားတစ္ေယာက္ ဆိုတာ အထူးမိတ္ဆက္ေပးစရာမလိုေတာ့ပါဘူးေနာ္ ။ အက္ရွင္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္နဲ႔မစိမ္းတဲ့အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ 

ကိုယ္ပိုင္စီးပြားေရးတစ္ခုအေနနဲ႔ ဝက္နံ႐ိုးမီးေတာက္ဟင္းကို သူငယ္ခ်င္းျဖစ္သူ ပြင့္နဒီေမာင္ နဲ႔အတူ ေရာင္းခ်ေနၿပီး ပရိသတ္ေတြကလည္း တခဲနက္ဝယ္ယူအားေပးခဲ့ၾကပါတယ္။ အခုဆိုရင္လည္း ထူးျခားက သ႐ုပ္ေဆာင္ျမင့္ျမတ္နဲ႔ အတူ Live လႊင့္ ၿပီး ရတနာပစၥည္းေတြ ေရာင္းခ်ေပးေနတာပဲ ျဖစ္ပါတယ္။ အခုလို ရတနာေတြေရာင္းျဖစ္ၾကတဲ့ အေၾကာင္းကို ထူးျခားက ဒီအင္တာဗ်ဴးေလးမွာ အခုလိုပဲ ေျဖၾကားသြားခဲ့ပါတယ္။ 

ထူးျခားအေနနဲ႔ သူတို႔ရဲ႕ မူလလုပ္ငန္းျဖစ္တဲ့ ဝက္နံ႐ိုးမီးေတာက္လုပ္ငန္းကို ကိုဗစ္ဒုတိယလႈိင္း စစျဖစ္ခ်င္းမွာ တစ္လနီးပါးေလာက္ ရပ္နားလိုက္ရၿပီး ေနာက္ပိုင္းမွာေတာ့ ေငြေရးေၾကးေရး အဆင္ေျပဖို႔အတြက္ ျပန္လည္ေရာင္းခ်ျဖစ္တယ္လို႔ ေျပာပါတယ္။ဒါ့အျပင္ ထူးျခားအေနနဲ႔ ေလေဘးအထည္ေလးေတြကိုလည္း စီးပြားေရးအရေရာင္းခ်ခဲ့ရၿပီး သ႐ုပ္ေဆာင္ျမင့္ျမတ္ ရဲ႕ ေယာက္ဖတစ္ေယာက္ လုပ္ကိုင္တဲ့ ကေလးပစၥည္းေလးေတြကိုလည္း ျမင့္ျမတ္၊ ေကညီတို႔နဲ႔ အတူ Live လႊင့္ၿပီး ေရာင္းခ်ေပးခဲ့ေသးတယ္လို႔ သိရပါတယ္။ 

အဲဒီ Live ရဲ႕ ေအာင္ျမင္မႈကေန တစ္ဆင့္ စိန္ဆိုင္ေတြက သူတို႔ရဲ႕ လက္ဝတ္ရတနာေတြကို ေရာင္းခ်ေပးဖို႔  ထူးျခားတို႔အုပ္စုကို လာကမ္းလွမ္းခဲ့ၿပီး အဲ့လိုနဲ႔ စိန္ေရာင္းျဖစ္သြားတာလို႔ ဆိုပါတယ္။  “ပထမကေတာ့ ေရာင္းမယ္ေပါ့ေနာ္… ခ် ဘာျဖစ္လဲေပါ့ … ၿပီးလည္းၿပီးေရာ လက္ခံၿပီးမွ စိတ္ပူတာ… သြားေရာင္းၿပီးမွ ေရာင္းရပါ့မလား ေပါ့… အဓိကကေတာ့ ေရာင္းရေစခ်င္တာေပါ့ေနာ္… ကြၽန္ေတာ္တို႔ကိုလည္း ေခၚေရာင္းေသးတယ္… ျမင့္ျမတ္ကလည္း ပါေသးတယ္… မေရာင္းရရင္ ဒုကၡေရာက္ဦးမယ္ ဆိုၿပီး စိတ္ပူေနတာ… ဒါေပမယ့္လည္း ေရာင္းရပါတယ္” 

ကိုင္ပိုင္လုပ္ငန္းလုပ္တုန္းကလိုမ်ိဳး ကိုယ့္ပစၥည္းကို ေရာင္းရတာ မဟုတ္တဲ့အတြက္ တာဝန္ယူမႈေလးေတာ့ ရွိရတယ္ လို႔ ထူးျခားက ေျပာျပပါတယ္။ အခုလို စိန္ရတနာပစၥည္းေလးေတြ ေရာင္းခ်ျဖစ္ခဲ့ပုံကို ထူးျခားက အခုလိုပဲ အက်ယ္တဝံ့ ထပ္မံ ရွင္းျပခဲ့ပါေသးတယ္။  “အဓိကကေတာ့ All for Baby မွာ ကြၽန္ေတာ္တို႔သုံးေယာက္ စေရာင္းလိုက္တာ… ကြၽန္ေတာ္တို႔သုံးေယာက္ အတြဲေလးကို ျမင္သြားတာေပါ့ေနာ္… ဗ႐ုတ္သုကၡေတြ ေလွ်ာက္ေျပာရင္းနဲ႔ပဲ ေစ်းေရာင္းတာလား ဘာလုပ္တာမွန္းလားေတာင္ မသိေတာ့ဘူး” လို႔ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပခဲ့ပါတယ္။ 

သူတို႔သုံးေယာက္အေနနဲ႔လည္း ယခင္က လက္ဝတ္ရတနာေရာင္းခ်တဲ့ လုပ္ငန္းကို တစ္ႀကိမ္တစ္ခါမွ မလုပ္ကိုင္ဖူးတဲ့သူေတြ ျဖစ္တဲ့အတြက္ အစပိုင္းမွာေတာ့ အခက္အခဲ အနည္းငယ္ရွိခဲ့ၿပီး လုပ္ငန္းဆိုင္ရာ လိုအပ္ခ်က္ေလးေတြကို ေလ့လာသင္ယူခဲ့ရတယ္လို႔ ဆိုပါတယ္။ ” သူတို႔ဆီကို ႀကိဳသြားၿပီးေတာ့ G ဆိုတာဘာလဲတို႔ L ဆိုတာ ဘာလဲတို႔ ေမးရတာေပါ့… ေ႐ႊကဘယ္ေလာက္ပါလဲတို႔.. ကြၽန္ေတာ္တို႔လည္း မသိဘူးေလ.. ဝယ္သူကေမးရင္ေတာ့ ေျဖေပးရတာေပါ့”  စိန္ဆိုင္ဘက္ကေနလည္း Live လႊင့္ေနတုန္း ေျပာေစဆိုေစခ်င္တာေလးေတြကို စာ႐ြက္နဲ႔ ေရးထားေပးခဲ့ၿပီး စာျပန္ျပန္ဖတ္ရတယ္လို႔ ဆိုပါတယ္။ 

အခုဆိုရင္ေတာ့ ထူးျခားတို႔ သူငယ္ခ်င္း အုပ္စုက Live ႏွစ္ခုလႊင့္ၿပီးသြားၿပီ ျဖစ္ၿပီး ပထမ Live မွာ သိန္း ၃၀၀ ဖိုး ဒုတိယ Live မွာ သိန္း ၃၀၀ ဖိုးအထက္ ေရာင္းရခဲ့တယ္လို႔ ထူးျခားက ေျပာျပပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ အက္ရွင္မင္းသားႀကီး ထူးျခားကေတာ့ ပရိသတ္အခ်စ္ေတာ္ ျမင့္ျမတ္နဲ႔အတူ ကိုဗစ္ကာလအတြင္း ကား႐ိုက္ေတြနားထားတာျဖစ္တဲ့အတြက္ စိန္ရတနာပစၥည္းေလးေတြကို Live လႊင့္ေရာင္းခ်ရင္း မိမိတို႔စီးပြားေရးေျပလည္ေအာင္ တစ္ဖက္တစ္လမ္းကေန ေျဖရွင္းေနတာပဲ ျဖစ္ပါတယ္။  ပရိသတ္ႀကီးထဲက ေဘာစိကိုကိုမမတို႔လည္း ထူးျခား၊ ျမင့္ျမတ္နဲ႔ ေကညီတို႔ ေရာင္းခ်တဲ့ လက္ဝတ္ရတနာပစၥည္းေလးေတြကို သေဘာက်ႏွစ္သက္တယ္ဆို ဝယ္ယူအားေပးသြားၾကပါအုံးေနာ္။  အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း အထူးပဲေက်းဇူးတင္ရွိပါတယ္။ 

Read in UNICODE

ထူးခြားကတော့ အက်ရှင်ကားတွေထဲမှာ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ သရုပ်ဆောင် ပီပြင်လွန်းတဲ့အတွက် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဇာတ်ပို့ မင်းသားတစ်ယောက် ဆိုတာ အထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော် ။ အက်ရှင်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်နဲ့မစိမ်းတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ 

ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့ ဝက်နံရိုးမီးတောက်ဟင်းကို သူငယ်ချင်းဖြစ်သူ ပွင့်နဒီမောင် နဲ့အတူ ရောင်းချနေပြီး ပရိသတ်တွေကလည်း တခဲနက်ဝယ်ယူအားပေးခဲ့ကြပါတယ်။ အခုဆိုရင်လည်း ထူးခြားက သရုပ်ဆောင်မြင့်မြတ်နဲ့ အတူ Live လွှင့် ပြီး ရတနာပစ္စည်းတွေ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ အခုလို ရတနာတွေရောင်းဖြစ်ကြတဲ့ အကြောင်းကို ထူးခြားက ဒီအင်တာဗျူးလေးမှာ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။ 

ထူးခြားအနေနဲ့ သူတို့ရဲ့ မူလလုပ်ငန်းဖြစ်တဲ့ ဝက်နံရိုးမီးတောက်လုပ်ငန်းကို ကိုဗစ်ဒုတိယလှိုင်း စစဖြစ်ချင်းမှာ တစ်လနီးပါးလောက် ရပ်နားလိုက်ရပြီး နောက်ပိုင်းမှာတော့ ငွေရေးကြေးရေး အဆင်ပြေဖို့အတွက် ပြန်လည်ရောင်းချဖြစ်တယ်လို့ ပြောပါတယ်။ဒါ့အပြင် ထူးခြားအနေနဲ့ လေဘေးအထည်လေးတွေကိုလည်း စီးပွားရေးအရရောင်းချခဲ့ရပြီး သရုပ်ဆောင်မြင့်မြတ် ရဲ့ ယောက်ဖတစ်ယောက် လုပ်ကိုင်တဲ့ ကလေးပစ္စည်းလေးတွေကိုလည်း မြင့်မြတ်၊ ကေညီတို့နဲ့ အတူ Live လွှင့်ပြီး ရောင်းချပေးခဲ့သေးတယ်လို့ သိရပါတယ်။ 

အဲဒီ Live ရဲ့ အောင်မြင်မှုကနေ တစ်ဆင့် စိန်ဆိုင်တွေက သူတို့ရဲ့ လက်ဝတ်ရတနာတွေကို ရောင်းချပေးဖို့  ထူးခြားတို့အုပ်စုကို လာကမ်းလှမ်းခဲ့ပြီး အဲ့လိုနဲ့ စိန်ရောင်းဖြစ်သွားတာလို့ ဆိုပါတယ်။  “ပထမကတော့ ရောင်းမယ်ပေါ့နော်… ချ ဘာဖြစ်လဲပေါ့ … ပြီးလည်းပြီးရော လက်ခံပြီးမှ စိတ်ပူတာ… သွားရောင်းပြီးမှ ရောင်းရပါ့မလား ပေါ့… အဓိကကတော့ ရောင်းရစေချင်တာပေါ့နော်… ကျွန်တော်တို့ကိုလည်း ခေါ်ရောင်းသေးတယ်… မြင့်မြတ်ကလည်း ပါသေးတယ်… မရောင်းရရင် ဒုက္ခရောက်ဦးမယ် ဆိုပြီး စိတ်ပူနေတာ… ဒါပေမယ့်လည်း ရောင်းရပါတယ်” 

ကိုင်ပိုင်လုပ်ငန်းလုပ်တုန်းကလိုမျိုး ကိုယ့်ပစ္စည်းကို ရောင်းရတာ မဟုတ်တဲ့အတွက် တာဝန်ယူမှုလေးတော့ ရှိရတယ် လို့ ထူးခြားက ပြောပြပါတယ်။ အခုလို စိန်ရတနာပစ္စည်းလေးတွေ ရောင်းချဖြစ်ခဲ့ပုံကို ထူးခြားက အခုလိုပဲ အကျယ်တဝံ့ ထပ်မံ ရှင်းပြခဲ့ပါသေးတယ်။  “အဓိကကတော့ All for Baby မှာ ကျွန်တော်တို့သုံးယောက် စရောင်းလိုက်တာ… ကျွန်တော်တို့သုံးယောက် အတွဲလေးကို မြင်သွားတာပေါ့နော်… ဗရုတ်သုက္ခတွေ လျှောက်ပြောရင်းနဲ့ပဲ ဈေးရောင်းတာလား ဘာလုပ်တာမှန်းလားတောင် မသိတော့ဘူး” လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။ 

သူတို့သုံးယောက်အနေနဲ့လည်း ယခင်က လက်ဝတ်ရတနာရောင်းချတဲ့ လုပ်ငန်းကို တစ်ကြိမ်တစ်ခါမှ မလုပ်ကိုင်ဖူးတဲ့သူတွေ ဖြစ်တဲ့အတွက် အစပိုင်းမှာတော့ အခက်အခဲ အနည်းငယ်ရှိခဲ့ပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်လေးတွေကို လေ့လာသင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ” သူတို့ဆီကို ကြိုသွားပြီးတော့ G ဆိုတာဘာလဲတို့ L ဆိုတာ ဘာလဲတို့ မေးရတာပေါ့… ရွှေကဘယ်လောက်ပါလဲတို့.. ကျွန်တော်တို့လည်း မသိဘူးလေ.. ဝယ်သူကမေးရင်တော့ ဖြေပေးရတာပေါ့”  စိန်ဆိုင်ဘက်ကနေလည်း Live လွှင့်နေတုန်း ပြောစေဆိုစေချင်တာလေးတွေကို စာရွက်နဲ့ ရေးထားပေးခဲ့ပြီး စာပြန်ပြန်ဖတ်ရတယ်လို့ ဆိုပါတယ်။ 

အခုဆိုရင်တော့ ထူးခြားတို့ သူငယ်ချင်း အုပ်စုက Live နှစ်ခုလွှင့်ပြီးသွားပြီ ဖြစ်ပြီး ပထမ Live မှာ သိန်း ၃၀၀ ဖိုး ဒုတိယ Live မှာ သိန်း ၃၀၀ ဖိုးအထက် ရောင်းရခဲ့တယ်လို့ ထူးခြားက ပြောပြပါတယ်။ 

ပရိသတ်ကြီးတို့ရေ အက်ရှင်မင်းသားကြီး ထူးခြားကတော့ ပရိသတ်အချစ်တော် မြင့်မြတ်နဲ့အတူ ကိုဗစ်ကာလအတွင်း ကားရိုက်တွေနားထားတာဖြစ်တဲ့အတွက် စိန်ရတနာပစ္စည်းလေးတွေကို Live လွှင့်ရောင်းချရင်း မိမိတို့စီးပွားရေးပြေလည်အောင် တစ်ဖက်တစ်လမ်းကနေ ဖြေရှင်းနေတာပဲ ဖြစ်ပါတယ်။  ပရိသတ်ကြီးထဲက ဘောစိကိုကိုမမတို့လည်း ထူးခြား၊ မြင့်မြတ်နဲ့ ကေညီတို့ ရောင်းချတဲ့ လက်ဝတ်ရတနာပစ္စည်းလေးတွေကို သဘောကျနှစ်သက်တယ်ဆို ဝယ်ယူအားပေးသွားကြပါအုံးနော်။  အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *