အရမ္းခ်စ္တတ္ၿပီး အခ်စ္ငတ္ခဲ့ေတာ့ ဒုကၡေရာက္ခဲ့ဖူးတယ္ ဆိုတဲ့ Lဆိုင္းဇီ

Lဆိုင္းဇီကေတာ့ တစ္ေခတ္တစ္ခါက သီခ်င္းေအးေလးေတြကို သီဆိုလိုက္တိုင္းပရိသတ္ေတြရဲ႕အားေပးမႈကို အံ့မခန္းသိမ္းပိုက္ထားႏိုင္တဲ့ အဆိုေတာ္တစ္ေယာက္လို႔လည္းဆိုရမွာပါ။ အခုအခ်ိန္အထိလည္း အႏုပညာအလုပ္ေတြကိုလုပ္ရင္းပရိသတ္ေတြရဲ႕အခ်စ္ကို သိမ္းပိုက္ထားႏိုင္ဆဲ အဆိုေတာ္တစ္ဦးလည္း ျဖစ္ပါတယ္။ 

Lဆိုင္းဇီရဲ႕ သီခ်င္းေဟာင္းတစ္ပုဒ္ကို ဒါ႐ိုက္တာယုန္ေလး ျပန္လည္႐ိုက္ကူးထားတဲ့ MV ဟာဆိုရင္လည္း ​ေရွ႕လအနည္းငယ္အတြင္းက ထြက္ရွိခဲ့ၿပီး ပရိသတ္အားေပးမႈကို အထိုက္အေလ်ာက္ရရွိခဲ့ပါတယ္။ အခုဆိုရင္ Lဆိုင္းဇီက ကိုဗစ္ကာလအတြင္း ဘဝကို ေအးရာေအးေၾကာင္း မိသားစုနဲ႔ ျဖတ္သန္းေနၿပီး တစ္ခ်ိန္က ခ်စ္သူရည္းစားေတြနဲ႔ ပတ္သတ္လို႔ အရမ္းအခ်စ္ငတ္လို႔ အရမ္းဒုကၡေရာက္ခဲ့တဲ့အေၾကာင္း MC နဲ႔ သူမေမြးေန႔အမွတ္တရ အင္တာဗ်ဴးေလးမွာ အခုလိုပဲ ေျဖၾကားသြားခဲ့ပါတယ္။

” relationship ကေတာ့ ဒီအတိုင္းပါပဲအမကေတာ့ ေအးေဆးပဲ… အမတို႔အ႐ြယ္က ရည္းစားထားရမယ့္ အ႐ြယ္လည္း မဟုတ္ေတာ့ဘူးဆိုေတာ့ ရည္းစားမထားခ်င္ေတာ့ဘူး” 

ဒီအခ်ိန္မွာ Lဆိုင္းဇီက စကားကိုကုန္ေအာင္ ေျပာမထားခ်င္ေပမယ့္ ကိုယ့္အေပၚ နားလည္မႈေပးတဲ့ မိသားစုဝင္ေတြ သူငယ္ခ်င္းေတြနဲ႔သာ ေပ်ာ္ပိုက္ေနၿပီး ရည္စားထား အိမ္ေထာင္က် စတဲ့ ဘဝပုံစံႀကီးကို မလိုခ်င္ေတာ့ဘူးလို႔ ပြင္ပြင့္လင္းလင္း ေျပာၾကားလာပါတယ္။

ဆိုင္းဇီအေနနဲ႔ အခုအခ်ိန္မွာ တစ္ေယာက္တည္းေနရတဲ့ ဘဝကို အရမ္းခုံမင္ေနၿပီး ကိုဗစ္ကာလအတြင္းမွာ ပိုသိသာလာတယ္လို႔ဆိုပါတယ္။  “အိမ္ထဲမွာေနၿပီးေတာ့ေလ သီခ်င္းေရးမယ္ သီခ်င္းဆိုမယ္ တီဗီၾကည့္မယ္ ဘုရားရွစ္ခိုးမယ္ က်မ္းစာဖတ္မယ္ ဆုေတာင္းမယ္ ေဒသနာေတာ္ေတြ နားေထာင္မယ္… တစ္ေယာက္တည္း ေနၿပီးေတာ့မွေလ ကိုယ့္ဟာကို ခြန္အားေတြရၿပီး ကိုယ့္ဟာကို ဟုတ္ေနတာပဲ”  လို႔ ေျပာျပလာၿပီး ဒီလိုဘဝမ်ိဳးကို အရမ္းေပ်ာ္ပိုက္ေနၿပီျဖစ္လို႔ ျဖစ္ႏိုင္မယ္ဆိုရင္ တစ္ေယာက္တည္းပဲ ေနၾကည့္ပါ အရမ္းေပ်ာ္ဖို႔ ေကာင္းပါတယ္လို႔ ပရိသတ္ကိုလည္း အ႐ႊန္းေဖာက္ၿပီး တိုက္တြန္းထားပါတယ္။ 

မိဘအစုံအလင္နဲ႔ ေနခဲ့ရတဲ့သူ မဟုတ္တဲ့အတြက္ ဂ႐ုစိုက္မႈေတြ အၿမဲလိုအပ္ခဲ့ေတာ့ ငယ္တုန္းကအခ်စ္ဆိုတာမ်ိဳးက ရယူပိုင္ဆိုင္လိုစိတ္ေတြနဲ႔ အရမ္းကိုပူေလာင္ခဲ့တယ္ လို႔ ဆိုပါတယ္။ 

အသက္သုံးဆယ္ေက်ာ္လာတဲ့ ေနာက္ပိုင္းမွာေတာ့ ခ်စ္တာက ပုံစံေျပာင္းလဲလာခဲ့ၿပီး  ၅၂၈ ခ်စ္ျခင္းေမတၱာကို အေျခခံၿပီး မိဘေတြ အေဒၚေတြ ညီအစ္ကိုေမာင္ႏွမေတြနဲ႔ သိုက္သိုက္ဝန္းဝန္း ေနထိုင္ရတာကို သေဘာက်လာခဲ့တယ္ လို႔ ဆိုင္းဇီက ေျပာျပခဲ့ပါတယ္။ ကိုဗစ္ကာလအေတာအတြင္းမွာ လူမႈကြန္ယက္ကေန တစ္ဆင့္ သူမကို စာေတြပို႔ၾကတဲ့ ပရိသတ္ေတြကို အရမ္းေက်းဇူးတင္ေနၿပီး ပရိသတ္ခ်စ္တာနဲ႔တင္ လုံေလာက္ေနပါၿပီလို႔ ဆိုလာပါတယ္။

ဆိုင္းဇီဟာဆိုရင္ အခုဆို ၃၄ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး အသက္ဆိုတာမ်ိဳးက ႀကီးလာတတ္တဲ့ သေဘာဝရွိတဲ့အတြက္ ရွက္စရာမဟုတ္ပဲ မိမိအသက္ကို ဖုံးကြယ္ထားစရာ အေၾကာင္းမရွိဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့ပါတယ္။ ဆိုင္းဇီက အသက္ငယ္ငယ္တည္းက အဆိုေတာ္ျဖစ္လာတာေၾကာင့္ တခ်ိဳ႕ပရိသတ္ေတြထဲမွာဆိုရင္ သူ႔ကိုယခုအသက္ထက္ ပိုႀကီးမယ္လို႔ထင္ေနသူေတြေတာင္ ႀကဳံခဲ့ဖူးတယ္လို႔ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပခဲ့ပါတယ္။

အသက္ႀကီးလာတယ္ ဆိုတာမ်ိဳးက ရွက္စရာမဟုတ္ပဲ အသက္ႀကီးလာတာနဲ႔အမွ် ကိုယ့္ရဲ႕အသိပညာ၊ ႏွလုံးသား ရင့္က်က္ဖို႔ လိုအပ္ၿပီး ကိုယ့္ရဲ႕ မိသားစု၊ ကိုယ့္ရဲ႕ ျမန္မာႏိုင္ငံ၊ ကိုယ့္ရဲ႕ ဆက္စပ္ပတ္ဝန္းက်င္ အတြက္ ဘယ္လိုမ်ိဳး မွ်ေဝေပးႏိုင္လည္း ဆိုတာကို ထည့္စဥ္းစားဖို႔ လိုတယ္လို႔ ပရိသတ္ေတြအတြက္ အသိပညာေကာင္းေလးတစ္ခုကို စကားလက္ေဆာင္ ပါးလိုက္ပါေသးတယ္။

ပရိသတ္တို႔ေရ အခုဆိုရင္ေတာ့ တစ္ခ်ိန္ကေပါ့ပ္ဘုရင္မ အားလုံးရဲ႕အခ်စ္ေတာ္ အဆိုေတာ္ Lဆိုင္းဇီဟာဆိုရင္ အသက္တစ္ႏွစ္ႀကီးလို႔လာေပမယ့္လည္း ႏုႏု႐ြ႐ြလွလွပပ နဲ႔ သီခ်င္းေလးေတြကို အရင္ကလို သီဆိုေနနိင္ဆဲပဲ ျဖစ္ပါတယ္။ဆိုင္းဇီအတြက္ ေမြးေန႔ဆုေတာင္းေလးေတြကိုလည္း ေျပာသြားၾကအုံးေနာ္။ အခုလို အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ 

Read in UNICODE

Lဆိုင်းဇီကတော့ တစ်ခေတ်တစ်ခါက သီချင်းအေးလေးတွေကို သီဆိုလိုက်တိုင်းပရိသတ်တွေရဲ့အားပေးမှုကို အံ့မခန်းသိမ်းပိုက်ထားနိုင်တဲ့ အဆိုတော်တစ်ယောက်လို့လည်းဆိုရမှာပါ။ အခုအချိန်အထိလည်း အနုပညာအလုပ်တွေကိုလုပ်ရင်းပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားနိုင်ဆဲ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ 

Lဆိုင်းဇီရဲ့ သီချင်းဟောင်းတစ်ပုဒ်ကို ဒါရိုက်တာယုန်လေး ပြန်လည်ရိုက်ကူးထားတဲ့ MV ဟာဆိုရင်လည်း ရှေ့လအနည်းငယ်အတွင်းက ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိခဲ့ပါတယ်။ အခုဆိုရင် Lဆိုင်းဇီက ကိုဗစ်ကာလအတွင်း ဘဝကို အေးရာအေးကြောင်း မိသားစုနဲ့ ဖြတ်သန်းနေပြီး တစ်ချိန်က ချစ်သူရည်းစားတွေနဲ့ ပတ်သတ်လို့ အရမ်းအချစ်ငတ်လို့ အရမ်းဒုက္ခရောက်ခဲ့တဲ့အကြောင်း MC နဲ့ သူမမွေးနေ့အမှတ်တရ အင်တာဗျူးလေးမှာ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

” relationship ကတော့ ဒီအတိုင်းပါပဲအမကတော့ အေးဆေးပဲ… အမတို့အရွယ်က ရည်းစားထားရမယ့် အရွယ်လည်း မဟုတ်တော့ဘူးဆိုတော့ ရည်းစားမထားချင်တော့ဘူး” 

ဒီအချိန်မှာ Lဆိုင်းဇီက စကားကိုကုန်အောင် ပြောမထားချင်ပေမယ့် ကိုယ့်အပေါ် နားလည်မှုပေးတဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့သာ ပျော်ပိုက်နေပြီး ရည်စားထား အိမ်ထောင်ကျ စတဲ့ ဘဝပုံစံကြီးကို မလိုချင်တော့ဘူးလို့ ပွင်ပွင့်လင်းလင်း ပြောကြားလာပါတယ်။

ဆိုင်းဇီအနေနဲ့ အခုအချိန်မှာ တစ်ယောက်တည်းနေရတဲ့ ဘဝကို အရမ်းခုံမင်နေပြီး ကိုဗစ်ကာလအတွင်းမှာ ပိုသိသာလာတယ်လို့ဆိုပါတယ်။  “အိမ်ထဲမှာနေပြီးတော့လေ သီချင်းရေးမယ် သီချင်းဆိုမယ် တီဗီကြည့်မယ် ဘုရားရှစ်ခိုးမယ် ကျမ်းစာဖတ်မယ် ဆုတောင်းမယ် ဒေသနာတော်တွေ နားထောင်မယ်… တစ်ယောက်တည်း နေပြီးတော့မှလေ ကိုယ့်ဟာကို ခွန်အားတွေရပြီး ကိုယ့်ဟာကို ဟုတ်နေတာပဲ”  လို့ ပြောပြလာပြီး ဒီလိုဘဝမျိုးကို အရမ်းပျော်ပိုက်နေပြီဖြစ်လို့ ဖြစ်နိုင်မယ်ဆိုရင် တစ်ယောက်တည်းပဲ နေကြည့်ပါ အရမ်းပျော်ဖို့ ကောင်းပါတယ်လို့ ပရိသတ်ကိုလည်း အရွှန်းဖောက်ပြီး တိုက်တွန်းထားပါတယ်။ 

မိဘအစုံအလင်နဲ့ နေခဲ့ရတဲ့သူ မဟုတ်တဲ့အတွက် ဂရုစိုက်မှုတွေ အမြဲလိုအပ်ခဲ့တော့ ငယ်တုန်းကအချစ်ဆိုတာမျိုးက ရယူပိုင်ဆိုင်လိုစိတ်တွေနဲ့ အရမ်းကိုပူလောင်ခဲ့တယ် လို့ ဆိုပါတယ်။ 

အသက်သုံးဆယ်ကျော်လာတဲ့ နောက်ပိုင်းမှာတော့ ချစ်တာက ပုံစံပြောင်းလဲလာခဲ့ပြီး  ၅၂၈ ချစ်ခြင်းမေတ္တာကို အခြေခံပြီး မိဘတွေ အဒေါ်တွေ ညီအစ်ကိုမောင်နှမတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်ရတာကို သဘောကျလာခဲ့တယ် လို့ ဆိုင်းဇီက ပြောပြခဲ့ပါတယ်။ ကိုဗစ်ကာလအတောအတွင်းမှာ လူမှုကွန်ယက်ကနေ တစ်ဆင့် သူမကို စာတွေပို့ကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်နေပြီး ပရိသတ်ချစ်တာနဲ့တင် လုံလောက်နေပါပြီလို့ ဆိုလာပါတယ်။

ဆိုင်းဇီဟာဆိုရင် အခုဆို ၃၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အသက်ဆိုတာမျိုးက ကြီးလာတတ်တဲ့ သဘောဝရှိတဲ့အတွက် ရှက်စရာမဟုတ်ပဲ မိမိအသက်ကို ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ဆိုင်းဇီက အသက်ငယ်ငယ်တည်းက အဆိုတော်ဖြစ်လာတာကြောင့် တချို့ပရိသတ်တွေထဲမှာဆိုရင် သူ့ကိုယခုအသက်ထက် ပိုကြီးမယ်လို့ထင်နေသူတွေတောင် ကြုံခဲ့ဖူးတယ်လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

အသက်ကြီးလာတယ် ဆိုတာမျိုးက ရှက်စရာမဟုတ်ပဲ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့အသိပညာ၊ နှလုံးသား ရင့်ကျက်ဖို့ လိုအပ်ပြီး ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ မြန်မာနိုင်ငံ၊ ကိုယ့်ရဲ့ ဆက်စပ်ပတ်ဝန်းကျင် အတွက် ဘယ်လိုမျိုး မျှဝေပေးနိုင်လည်း ဆိုတာကို ထည့်စဉ်းစားဖို့ လိုတယ်လို့ ပရိသတ်တွေအတွက် အသိပညာကောင်းလေးတစ်ခုကို စကားလက်ဆောင် ပါးလိုက်ပါသေးတယ်။

ပရိသတ်တို့ရေ အခုဆိုရင်တော့ တစ်ချိန်ကပေါ့ပ်ဘုရင်မ အားလုံးရဲ့အချစ်တော် အဆိုတော် Lဆိုင်းဇီဟာဆိုရင် အသက်တစ်နှစ်ကြီးလို့လာပေမယ့်လည်း နုနုရွရွလှလှပပ နဲ့ သီချင်းလေးတွေကို အရင်ကလို သီဆိုနေနိင်ဆဲပဲ ဖြစ်ပါတယ်။ဆိုင်းဇီအတွက် မွေးနေ့ဆုတောင်းလေးတွေကိုလည်း ပြောသွားကြအုံးနော်။ အခုလို အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *