အိမ်တစ်လုံးစာလောက် တန်ဖိုးရှိတဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေကို ထုတ်ပြခဲ့တဲ့ ဇေရဲထက်
Read in UNICODE
မင်းသားချောလေး ဇေရဲထက်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ကျရာနေရာကနေ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဇေရဲထက်ဟာ လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေကို လိုက်ဖက်ညီအောင်
ဝတ်ဆင်တတ်တဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိတာကြောင့် အိမ်မှာနေရင်း အပန်းဖြေ အနားယူလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ မိသားစုကျန်းမာရေးအတွက်လည်း အရသာရှိတဲ့ ဟင်းလျာတွေကို
ကိုယ်တိုင်ချက်ပြုတ်ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင်လို့လည်း သူ့ရဲ့ လှုပ်ရှားမှုတွေကို ဝေမျှပေးနေသူ တစ်ယောက်ပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဇေရဲထက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ
တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်တစ်လုံးစာလောက်ရှိတဲ့သူ့ရဲ့တန်ဖိုးကြီး branded ပစ္စည်းတွေကိုထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source : Zay Ye Htet’s Facebook