ပရဟိတကို ေပၚပင္လုပ္ေနတယ္ဆိုၿပီး ေဝဖန္ေျပာဆိုမႈေတြအေပၚ ျပန္လည္ေျဖရွင္းခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ရဲ႕အခ်စ္ေတာ္ ပရဟိတမင္းသမီးခိုင္ႏွင္းေဝကေတာ့ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာတည္ေထာင္ကာ ကေလးေတြကို ေစာင့္ေရွာက္ေပးေန႐ုံမက လတ္တေလာကိုဗစ္ကာလမွာ အခက္အခဲရင္ဆိုင္ေနရသူေတြကိုလည္း ေန႔စဥ္နဲ႔အမွ် သူတတ္ႏိုင္သေလာက္လႉဒါန္းေပးေနပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ မင္းသမီးေခ်ာ ခိုင္ႏွင္းေဝက ပရဟိတဆိုတာ ေပၚပင္လုပ္ရင္ေတာင္ မလြယ္ဘူးလို႔ သူ႔ကိုေဝဖန္လာတဲ့ သူေတြအေပၚ ဒဲ့ေျပာလိုက္တာပဲ ျဖစ္ပါတယ္။

” ပရဟိတကေလ ေပၚပင္လုပ္တယ္ ဆိုရင္ေတာင္ မလြယ္ဘူး… တကယ္ေတာ့ ဘယ္အရာမဆို ေပၚပင္ဆိုလည္း ေပၚပင္အေလ်ာက္ ခဏေတာ့ ေအာင္ျမင္သြားမယ္… ၿပီးရင္ေတာ့ ေရရွည္မေအာင္ျမင္ဘူးေပါ့”

ခိုင္ႏွင္းေဝအေနနဲ႔ ၂၀၁၄ တည္းက ေရေဘးကူညီေရးေတြလုပ္ရင္း ပရဟိတ စလုပ္ျဖစ္တည္းက ေပၚပင္လုပ္တယ္… နာမည္ႀကီးခ်င္လို႔လုပ္တယ္… စသျဖင့္ ေဝဖန္ခံခဲ့ရဖူးတယ္လို႔ ရင္ဖြင့္ေျပာၾကားလာပါတယ္။ ခိုင္ႏွင္းေဝအေနနဲ႔ ဒီလိုေဝဖန္တိုက္မႈေတြၾကားထဲကေန ပရဟိတလုပ္ငန္းေတြကို ျဖည္းျဖည္းနဲ႔မွန္မွန္လုပ္လာရာက ကေလးေမြးေပးႏိုင္တာေလးေတြ ေဂဟာေလးေတြတည္ေထာင္ၿပီး ကူညီေပးႏိုင္လာတာေလးေတြထိ ေအာင္ျမင္လာခဲ့တာျဖစ္တယ္ လို႔ သိရပါတယ္။ သူမဆိုရင္ ကိုယ့္ကိုယ္ကို ပရဟိတလုပ္ခ်င္စိတ္ရွိမွန္း အစတုန္းကမွာ မသိရွိေသးပဲ ႐ုပ္ရွင္မင္းသမီးျဖစ္ခ်င္တဲ့ ဝါသနာပဲ ရွိရာက လုပ္ရင္းကိုင္ရင္း တျဖည္းျဖည္းနဲ႔ ပရဟိတစိတ္ဓာတ္ေတြ ႏႈိးၾကားရွသန္ လာခဲ့ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

“အခုဆိုရင္ ပရိသတ္က အမရဲ႕ ေစတနာေပၚမွာ အသိအမွတ္ျပဳလာတယ္… အဲ့တာဘာလည္းဆိုေတာ့ ေစတနာမွန္တယ္ လမ္းမွန္ေပၚမွာ မွန္မွန္ကန္ကန္ ေလွ်ာက္တယ္… ၿပီးေတာ့ အမက ျဖည္းျဖည္းနဲ႔မွန္မွန္ပဲ သြားတယ္… ကိုယ္လုပ္တဲ့ အလုပ္ကို တစ္စိုက္မတ္မတ္ လုပ္တယ္… အဲ့အတြက္ေၾကာင့္ ပရိသတ္ေတြဆိုရင္ အမအေပၚမွာ လက္ခံလာတယ္ ေပါ့ေနာ္… အမရဲ႕ ပရဟိတေတြပဲ ျဖစ္ျဖစ္ အမရဲ႕ ကေလးေတြပဲ ျဖစ္ျဖစ္ ပါဝင္ၿပီးေတာ့ လႉဒါန္းခ်င္ၾကတယ္”

ျမန္မာႏိုင္ငံမွာက ႏိုင္ငံဆင္းရဲေပမယ့္ ျပည္သူျပည္သားေတြရဲ႕ ေစတနာမဆင္းရဲတဲ့အတြက္ ဒီ ကိုဗစ္ကာလမွာဆိုရင္လည္း ေစတနာ့ဝန္ထမ္းေတြဟာ ကိုယ္က်ိဳးမငဲ့ပဲ အသက္ကို ပဓာနမထားပဲ ဝိုင္းဝန္းကူညီေပးၾကတယ္လို႔ တက္ႂကြစြာ ေျပာဆိုလာပါတယ္။ ပရဟိတလုပ္ငန္းဆိုတာမ်ိဳးက တစ္ဦးတစ္ေယာက္ တစ္စုတစ္ဖြဲ႕တည္းရဲ႕ စြမ္းေဆာင္အားနဲ႔ မဟုတ္ပဲ အစုအဖြဲ႕ အမ်ားအျပား ရဲ႕ ပါဝင္ကူညီမႈေၾကာင့္သာ လိုအပ္တဲ့ေနရာအေလ်ာက္ လိုက္လံကူညီႏိုင္တာ ျဖစ္တယ္လို႔ သူမရဲ႕အျမင္ေလးကို အခုလိုပဲ ေဝမွ်ေပးလိုက္ပါတယ္။

အခုတေလာကေတာ့ သီလရွင္ဆရာေလးေတြကို ကူညီလႉဒါန္းေပးျဖစ္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ အကူအညီလိုအပ္ေနတဲ့ ကေလးေဆး႐ုံေတြမွာ လႉဒါန္းမႈေတြ ျပဳလုပ္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

ပရိသတ္ႀကီးတို႔ေရ ပရဟိတမင္းသမီးေခ်ာ ခိုင္ႏွင္းေဝကေတာ့ မလိုသူေတြက မည္သို႔ပင္ ေဝဖန္တိုက္ခိုက္သည္ျဖစ္ေစ မိမိလုပ္စရာရွိတဲ့ ပရဟိတလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္လႉဒါန္းသြားမယ္ဆိုတာကို အတိအလင္း ေျပာၾကားလိုက္ပါၿပီ။ အင္မတန္မွ ေလးစားခ်စ္ခင္ဖြယ္ ေကာင္းတဲ့ ျမန္မာ့ပရဟိတစိတ္ဓာတ္ကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလးပဲ ျဖစ္ပါတယ္။

Read in UNICODE

ပရိသတ်ရဲ့အချစ်တော် ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ထောင်ကာ ကလေးတွေကို စောင့်ရှောက်ပေးနေရုံမက လတ်တလောကိုဗစ်ကာလမှာ အခက်အခဲရင်ဆိုင်နေရသူတွေကိုလည်း နေ့စဉ်နဲ့အမျှ သူတတ်နိုင်သလောက်လှူဒါန်းပေးနေပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ မင်းသမီးချော ခိုင်နှင်းဝေက ပရဟိတဆိုတာ ပေါ်ပင်လုပ်ရင်တောင် မလွယ်ဘူးလို့ သူ့ကိုဝေဖန်လာတဲ့ သူတွေအပေါ် ဒဲ့ပြောလိုက်တာပဲ ဖြစ်ပါတယ်။

” ပရဟိတကလေ ပေါ်ပင်လုပ်တယ် ဆိုရင်တောင် မလွယ်ဘူး… တကယ်တော့ ဘယ်အရာမဆို ပေါ်ပင်ဆိုလည်း ပေါ်ပင်အလျောက် ခဏတော့ အောင်မြင်သွားမယ်… ပြီးရင်တော့ ရေရှည်မအောင်မြင်ဘူးပေါ့”

ခိုင်နှင်းဝေအနေနဲ့ ၂၀၁၄ တည်းက ရေဘေးကူညီရေးတွေလုပ်ရင်း ပရဟိတ စလုပ်ဖြစ်တည်းက ပေါ်ပင်လုပ်တယ်… နာမည်ကြီးချင်လို့လုပ်တယ်… စသဖြင့် ဝေဖန်ခံခဲ့ရဖူးတယ်လို့ ရင်ဖွင့်ပြောကြားလာပါတယ်။ ခိုင်နှင်းဝေအနေနဲ့ ဒီလိုဝေဖန်တိုက်မှုတွေကြားထဲကနေ ပရဟိတလုပ်ငန်းတွေကို ဖြည်းဖြည်းနဲ့မှန်မှန်လုပ်လာရာက ကလေးမွေးပေးနိုင်တာလေးတွေ ဂေဟာလေးတွေတည်ထောင်ပြီး ကူညီပေးနိုင်လာတာလေးတွေထိ အောင်မြင်လာခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ သူမဆိုရင် ကိုယ့်ကိုယ်ကို ပရဟိတလုပ်ချင်စိတ်ရှိမှန်း အစတုန်းကမှာ မသိရှိသေးပဲ ရုပ်ရှင်မင်းသမီးဖြစ်ချင်တဲ့ ဝါသနာပဲ ရှိရာက လုပ်ရင်းကိုင်ရင်း တဖြည်းဖြည်းနဲ့ ပရဟိတစိတ်ဓာတ်တွေ နှိုးကြားရှသန် လာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုဆိုရင် ပရိသတ်က အမရဲ့ စေတနာပေါ်မှာ အသိအမှတ်ပြုလာတယ်… အဲ့တာဘာလည်းဆိုတော့ စေတနာမှန်တယ် လမ်းမှန်ပေါ်မှာ မှန်မှန်ကန်ကန် လျှောက်တယ်… ပြီးတော့ အမက ဖြည်းဖြည်းနဲ့မှန်မှန်ပဲ သွားတယ်… ကိုယ်လုပ်တဲ့ အလုပ်ကို တစ်စိုက်မတ်မတ် လုပ်တယ်… အဲ့အတွက်ကြောင့် ပရိသတ်တွေဆိုရင် အမအပေါ်မှာ လက်ခံလာတယ် ပေါ့နော်… အမရဲ့ ပရဟိတတွေပဲ ဖြစ်ဖြစ် အမရဲ့ ကလေးတွေပဲ ဖြစ်ဖြစ် ပါဝင်ပြီးတော့ လှူဒါန်းချင်ကြတယ်”

မြန်မာနိုင်ငံမှာက နိုင်ငံဆင်းရဲပေမယ့် ပြည်သူပြည်သားတွေရဲ့ စေတနာမဆင်းရဲတဲ့အတွက် ဒီ ကိုဗစ်ကာလမှာဆိုရင်လည်း စေတနာ့ဝန်ထမ်းတွေဟာ ကိုယ်ကျိုးမငဲ့ပဲ အသက်ကို ပဓာနမထားပဲ ဝိုင်းဝန်းကူညီပေးကြတယ်လို့ တက်ကြွစွာ ပြောဆိုလာပါတယ်။ ပရဟိတလုပ်ငန်းဆိုတာမျိုးက တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းရဲ့ စွမ်းဆောင်အားနဲ့ မဟုတ်ပဲ အစုအဖွဲ့ အများအပြား ရဲ့ ပါဝင်ကူညီမှုကြောင့်သာ လိုအပ်တဲ့နေရာအလျောက် လိုက်လံကူညီနိုင်တာ ဖြစ်တယ်လို့ သူမရဲ့အမြင်လေးကို အခုလိုပဲ ဝေမျှပေးလိုက်ပါတယ်။

အခုတလောကတော့ သီလရှင်ဆရာလေးတွေကို ကူညီလှူဒါန်းပေးဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အကူအညီလိုအပ်နေတဲ့ ကလေးဆေးရုံတွေမှာ လှူဒါန်းမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ပရိသတ်ကြီးတို့ရေ ပရဟိတမင်းသမီးချော ခိုင်နှင်းဝေကတော့ မလိုသူတွေက မည်သို့ပင် ဝေဖန်တိုက်ခိုက်သည်ဖြစ်စေ မိမိလုပ်စရာရှိတဲ့ ပရဟိတလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လှူဒါန်းသွားမယ်ဆိုတာကို အတိအလင်း ပြောကြားလိုက်ပါပြီ။ အင်မတန်မှ လေးစားချစ်ခင်ဖွယ် ကောင်းတဲ့ မြန်မာ့ပရဟိတစိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *