အရင္ကလိုပဲ ထက္ထက္မိုးဦးကို ေၾကာ္ျငာဘုရင္မႀကီး ျပန္ျဖစ္ေစခ်င္တယ္ဆိုတဲ့ မ်ိဳးမင္းစိုး

ပရိသတ္တို႔ေရ ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ ျမန္မာႏိုင္ငံရဲ႕အေက်ာ္ၾကားဆုံး ဒီဇိုင္နာေတြထဲက တစ္ေယာက္ပါ။ သူကေတာ့ ျမန္မာ့ထိပ္တန္းေၾကာျငာမင္းသမီးတစ္ဦးျဖစ္ခဲ့တဲ့ ထက္ထက္မိုးဦးနဲ႔ အင္မတန္မွရင္းႏွီးသူတစ္ဦးလည္း ျဖစ္ပါတယ္။ အင္တာျဗဴးတစ္ခုမွာေတာ့ ဒီဇိုင္နာမ်ိဳးမင္းစိုးက ယခုရက္ပိုင္း အြန္လိုင္းမွာ ထက္ထက္မိုးဦးေဈးေရာင္းေနတာနဲ႔ ပတ္သတ္ၿပီးေတာ့ မထက္ကို အရင္လိုမ်ိဳး ေၾကာ္ျငာဘုရင္မႀကီး ျပန္ျဖစ္ေစခ်င္တယ္လို႔ ေျပာလာတာပဲ ျဖစ္ပါတယ္။ 

လက္တေလာမွာေတာ့ ဒီဇိုင္နာမ်ိဳးမင္းစိုးက အိမ္ထဲကအိမ္ျပင္မထြက္ပဲနဲ႔ လုပ္စရာရွိတာေတြ လုပ္ကိုင္ေနၿပီး ဒီရက္ပိုင္းမွာေတာ့ မထက္ရဲ႕ အေရာင္းေၾကာ္ျငာေလးေတြ ၾကည့္ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ “အခုလိုေျပာတာေလးေတြ အသံေလးေတြ အဲ့တာေလးေတြက်ေတာ့ မထက္က ဘယ္သူနဲ႔မွ မတူဘူးေလ…. သူ႔ရဲ႕ ပါရမီလို႔ ေခၚရမွာေပါ့… သူ႔အသံေလးမွာကိုက လူတစ္ဖက္သားကို ဂ႐ုဏာသံေလး ပါသလိုမ်ိဳး… အစ္ကိုတို႔ေတြဆို သူ႔ကိုၾကည့္ၿပီး ခ်စ္လည္းခ်စ္တယ္… သူ႔ရဲ႕ Live မွာ စည္းေျမာၿပီးေတာ့ သူကေျပာလည္းေျပာတတ္တယ္… အစ္ကိုဆို သူ႔ Live ေတြ ပုံမွန္ကို ၾကည့္ျဖစ္ပါတယ္” လို႔ ေဝမွ်လာပါတယ္။

ဒီဇိုင္နာမ်ိဳးမင္းစိုး ကိုယ္တိုင္လည္း တစ္ခ်ိန္မွာ Facebook Live မွာ ေဈးေရာင္းဖူးခဲ့ၿပီး ကိုယ္ကြၽမ္းက်င္တဲ့ အလုပ္မဟုတ္ေတာ့ အခက္အခဲေတြ ႀကဳံေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။” အခက္အခဲဆိုတာ ဘယ္လိုလဲဆိုေတာ့ တစ္ဖက္က customer ဝယ္ခ်င္ေအာင္လည္း ကိုယ္က ေျပာတတ္ရမယ္… ရတနာအေၾကာင္းကိုလည္း ဃဃနန သိထားရမယ္ ေပါ့” လို႔ ေျပာခဲ့ၿပီး ကိုယ္ကိုတိုင္က ရတနာအေၾကာင္းကို ေသခ်ာမသိပဲ ဖက္ရွင္အဝတ္အစားပိုင္းေလာက္သာ သိတာဆိုေတာ့ ေနာက္ပိုင္းမွာ ဆက္မေရာင္းျဖစ္ေတာ့ဘူးလို႔ သူ႔အေတြ႕အႀကဳံေလးကို ေျပာျပလာပါတယ္။

ရတနာအေၾကာင္းေကာင္းေကာင္းသိတယ္ ဆိုတဲ့အခ်က္က မထက္ရဲ႕ အားသာခ်က္ျဖစ္ၿပီးေတာ့ ဒီအတြက္ေၾကာင့္ရယ္ သူ႔ကိုခ်စ္တဲ့အတြက္ေၾကာင့္ရယ္ customer ေတြက သူ႔ကို ယုံၾကည္ၿပီး သူေရာင္းတဲ့ပစၥည္းေတြကို ၀ယ္ခ်င္လာတာလို႔ မ်ိဳးမင္းစိုးက ျမင္ပါတယ္။

မထက္တစ္ေယာက္ မႏၲေလးမွာေနတဲ့ ကာလတစ္ေလွ်ာက္လုံး မ်ိဳးမင္းစိုးနဲ႔ အရမ္းကို ရင္းရင္းႏွီးႏွီး ရွိခဲ့ၿပီး မင္းသမီးနဲ႔ဒီဇိုင္နာဆက္ဆံေရး ဆိုတာထက္ မိတ္ေဆြရင္းခ်ာ ေမာင္ႏွမႏွစ္ဦးလို ရင္းႏွီးခဲ့တယ္လို႔ သိရပါတယ္။ မထက္က အႏုပညာပိုင္းမွာအရမ္းကို စိတ္ႏွစ္ၿပီးလုပ္တတ္တဲ့ သူတစ္ဦး ျဖစ္ၿပီး Tik Tok ေဆာ့တာေတာင္မွ တကယ့္ ရွဴတင္ႀကီး တစ္ခုလို အဝတ္အစားေတြ မိတ္ကပ္ေတြနဲ႔ ေနမေကာင္းျဖစ္ေနခ်ိန္မွာေတာင္ ေသခ်ာျပင္ဆင္ၿပီးမွ ႐ိုက္တတ္တဲ့သူ လို႔ ခ်ီးက်ဴးထားပါတယ္။”မွတ္မွတ္ရရကေတာ့ အကိုတို႔ အိမ္အေပၚထပ္ ေရကူးကန္မွာ တက္႐ိုက္ရင္းနဲ႔ပဲ ႐ိုက္ၿပီးတဲ့အခါက် မထက္ေဆးခန္းသြားျပလိုက္အုံးမယ္… ဗိုက္ေတြေအာင့္ေနတယ္ ဆိုၿပီး ေနာက္ရက္က် သူေဆး႐ုံတက္လိုက္ရတာေပါ့ေနာ္” ဆိုတဲ့ မွတ္မွတ္ရရ အျဖစ္အပ်က္ေလးကို အားတုံ႔အားနာနဲ႔ ေျပာျပခဲ့ပါတယ္။ 

မထက္နဲ႔ကေတာ့ မႏၲေလးမွာတုန္းက ခဏခဏေတြ႕ ျဖစ္ေပမယ့္ အခုသူက ရန္ကုန္ျပန္ေရာက္သြားတဲ့ အခါ မေတြ႕ျဖစ္ေတာ့ဘူး လို႔ ဆိုပါတယ္။ ဒီၾကားထဲအလုပ္ကိစၥရွိရင္ေတာ့ ဖုန္းဆက္ေလ့ရွိၿပီး အခုရက္ပိုင္း Live လႊင့္တဲ့ကိစၥေတြရွိေနေတာ့ သူနဲ႔ အဆက္အသြယ္ သိပ္မရွိဘူးလို႔ သိရပါတယ္။မထက္က ျမန္မာႏိုင္ငံရဲ႕ ေၾကာ္ျငာေခတ္ကို တကယ္ဦးေဆာင္လာခဲ့တဲ့ မင္းသမီးတစ္ေယာက္ ျဖစ္လို႔ သူ႔ရဲ႕စန္းက ေၾကာက္ဖို႔ေကာင္းတယ္လို႔ မ်ိဳးမင္းစိုးက ခ်ီးက်ဴးထားပါတယ္။ သူေအာင္ျမင္ေနခဲ့တဲ့အခ်ိန္မွာ ဘယ္သူမွသူ႔ကို မယွဥ္ႏႈိင္ခဲ့တာက မထက္ရဲ႕ ထူးျခားခ်က္လို႔ မ်ိဳးမင္းစိုးက ဆိုလာပါတယ္။ ေက်ာက္မ်က္ရတနာနဲ႔ အင္မတန္မွ ရင္းႏွီးကြၽမ္းဝင္တဲ့ သူတစ္ဦးျဖစ္လို႔ ဒီပစၥည္းကိုေရာင္းတဲ့အခါ ဒီလိုမ်ိဳး ျပန္ၿပီး ထိပ္ဆုံးေရာက္လာတာျဖစ္မယ္လို႔ မ်ိဳးမင္းစိုးက ျမင္ပါတယ္။

မထက္တစ္ေယာက္ အခုလို Live လႊင့္ၿပီးေဈးေရာင္းရင္း ေအာင္ျမင္လာတဲ့အေပၚမွာ အရမ္းဝမ္းသာၿပီး သူ႔ရဲ႕ အသံနဲ႔ အမူအရာကိုက ခ်စ္စရာေကာင္းေကာင္းနဲ႔ ဆြဲေဆာင္မႈရွိတဲ့အတြက္ အရင္လိုေၾကာ္ျငာဘုရင္မႀကီး ျပန္ျဖစ္ေစခ်င္တယ္လို႔ မ်ိဳးမင္းစိုးက သူ႔ခံစားခ်က္ကို ေျပာျပလာပါတယ္။

ပရိသတ္တို႔ေရ တစ္ခ်ိန္ကျပည္သူ႔အခ်စ္ေတာ္ နာမည္ေက်ာ္ေၾကာ္ျငာမင္းသမီး ထက္ထက္မိုးဦးဟာဆိုရင္ ေက်ာက္ျမတ္ရတနာပစၥည္းေလးေတြကို Facebook ကေန Live လႊင့္ၿပီး ေရာင္းေပးေနတာျဖစ္ပါတယ္။ ပရိသတ္ႀကီးေတြထဲက ေဘာစိကိုကိုမမတို႔လည္း “ရတနာရွိရာ ရတနာလာ” ဆိုသည့္အတိုင္း မထက္ေရာင္းခ်ေနတဲ့ရတနာပစၥည္းေလးေတြကို ဝယ္ယူအားေပးၾကပါအုံးလို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ရပါတယ္။

Read in UNICODE

ပရိသတ်တို့ရေ ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံး ဒီဇိုင်နာတွေထဲက တစ်ယောက်ပါ။ သူကတော့ မြန်မာ့ထိပ်တန်းကြောငြာမင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ ထက်ထက်မိုးဦးနဲ့ အင်မတန်မှရင်းနှီးသူတစ်ဦးလည်း ဖြစ်ပါတယ်။ အင်တာဗြူးတစ်ခုမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက ယခုရက်ပိုင်း အွန်လိုင်းမှာ ထက်ထက်မိုးဦးဈေးရောင်းနေတာနဲ့ ပတ်သတ်ပြီးတော့ မထက်ကို အရင်လိုမျိုး ကြော်ငြာဘုရင်မကြီး ပြန်ဖြစ်စေချင်တယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ 

လက်တလောမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက အိမ်ထဲကအိမ်ပြင်မထွက်ပဲနဲ့ လုပ်စရာရှိတာတွေ လုပ်ကိုင်နေပြီး ဒီရက်ပိုင်းမှာတော့ မထက်ရဲ့ အရောင်းကြော်ငြာလေးတွေ ကြည့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ “အခုလိုပြောတာလေးတွေ အသံလေးတွေ အဲ့တာလေးတွေကျတော့ မထက်က ဘယ်သူနဲ့မှ မတူဘူးလေ…. သူ့ရဲ့ ပါရမီလို့ ခေါ်ရမှာပေါ့… သူ့အသံလေးမှာကိုက လူတစ်ဖက်သားကို ဂရုဏာသံလေး ပါသလိုမျိုး… အစ်ကိုတို့တွေဆို သူ့ကိုကြည့်ပြီး ချစ်လည်းချစ်တယ်… သူ့ရဲ့ Live မှာ စည်းမြောပြီးတော့ သူကပြောလည်းပြောတတ်တယ်… အစ်ကိုဆို သူ့ Live တွေ ပုံမှန်ကို ကြည့်ဖြစ်ပါတယ်” လို့ ဝေမျှလာပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုး ကိုယ်တိုင်လည်း တစ်ချိန်မှာ Facebook Live မှာ ဈေးရောင်းဖူးခဲ့ပြီး ကိုယ်ကျွမ်းကျင်တဲ့ အလုပ်မဟုတ်တော့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။” အခက်အခဲဆိုတာ ဘယ်လိုလဲဆိုတော့ တစ်ဖက်က customer ဝယ်ချင်အောင်လည်း ကိုယ်က ပြောတတ်ရမယ်… ရတနာအကြောင်းကိုလည်း ဃဃနန သိထားရမယ် ပေါ့” လို့ ပြောခဲ့ပြီး ကိုယ်ကိုတိုင်က ရတနာအကြောင်းကို သေချာမသိပဲ ဖက်ရှင်အဝတ်အစားပိုင်းလောက်သာ သိတာဆိုတော့ နောက်ပိုင်းမှာ ဆက်မရောင်းဖြစ်တော့ဘူးလို့ သူ့အတွေ့အကြုံလေးကို ပြောပြလာပါတယ်။

ရတနာအကြောင်းကောင်းကောင်းသိတယ် ဆိုတဲ့အချက်က မထက်ရဲ့ အားသာချက်ဖြစ်ပြီးတော့ ဒီအတွက်ကြောင့်ရယ် သူ့ကိုချစ်တဲ့အတွက်ကြောင့်ရယ် customer တွေက သူ့ကို ယုံကြည်ပြီး သူရောင်းတဲ့ပစ္စည်းတွေကို ဝယ်ချင်လာတာလို့ မျိုးမင်းစိုးက မြင်ပါတယ်။

မထက်တစ်ယောက် မန္တလေးမှာနေတဲ့ ကာလတစ်လျှောက်လုံး မျိုးမင်းစိုးနဲ့ အရမ်းကို ရင်းရင်းနှီးနှီး ရှိခဲ့ပြီး မင်းသမီးနဲ့ဒီဇိုင်နာဆက်ဆံရေး ဆိုတာထက် မိတ်ဆွေရင်းချာ မောင်နှမနှစ်ဦးလို ရင်းနှီးခဲ့တယ်လို့ သိရပါတယ်။ မထက်က အနုပညာပိုင်းမှာအရမ်းကို စိတ်နှစ်ပြီးလုပ်တတ်တဲ့ သူတစ်ဦး ဖြစ်ပြီး Tik Tok ဆော့တာတောင်မှ တကယ့် ရှူတင်ကြီး တစ်ခုလို အဝတ်အစားတွေ မိတ်ကပ်တွေနဲ့ နေမကောင်းဖြစ်နေချိန်မှာတောင် သေချာပြင်ဆင်ပြီးမှ ရိုက်တတ်တဲ့သူ လို့ ချီးကျူးထားပါတယ်။”မှတ်မှတ်ရရကတော့ အကိုတို့ အိမ်အပေါ်ထပ် ရေကူးကန်မှာ တက်ရိုက်ရင်းနဲ့ပဲ ရိုက်ပြီးတဲ့အခါကျ မထက်ဆေးခန်းသွားပြလိုက်အုံးမယ်… ဗိုက်တွေအောင့်နေတယ် ဆိုပြီး နောက်ရက်ကျ သူဆေးရုံတက်လိုက်ရတာပေါ့နော်” ဆိုတဲ့ မှတ်မှတ်ရရ အဖြစ်အပျက်လေးကို အားတုံ့အားနာနဲ့ ပြောပြခဲ့ပါတယ်။ 

မထက်နဲ့ကတော့ မန္တလေးမှာတုန်းက ခဏခဏတွေ့ ဖြစ်ပေမယ့် အခုသူက ရန်ကုန်ပြန်ရောက်သွားတဲ့ အခါ မတွေ့ဖြစ်တော့ဘူး လို့ ဆိုပါတယ်။ ဒီကြားထဲအလုပ်ကိစ္စရှိရင်တော့ ဖုန်းဆက်လေ့ရှိပြီး အခုရက်ပိုင်း Live လွှင့်တဲ့ကိစ္စတွေရှိနေတော့ သူနဲ့ အဆက်အသွယ် သိပ်မရှိဘူးလို့ သိရပါတယ်။မထက်က မြန်မာနိုင်ငံရဲ့ ကြော်ငြာခေတ်ကို တကယ်ဦးဆောင်လာခဲ့တဲ့ မင်းသမီးတစ်ယောက် ဖြစ်လို့ သူ့ရဲ့စန်းက ကြောက်ဖို့ကောင်းတယ်လို့ မျိုးမင်းစိုးက ချီးကျူးထားပါတယ်။ သူအောင်မြင်နေခဲ့တဲ့အချိန်မှာ ဘယ်သူမှသူ့ကို မယှဉ်နှိုင်ခဲ့တာက မထက်ရဲ့ ထူးခြားချက်လို့ မျိုးမင်းစိုးက ဆိုလာပါတယ်။ ကျောက်မျက်ရတနာနဲ့ အင်မတန်မှ ရင်းနှီးကျွမ်းဝင်တဲ့ သူတစ်ဦးဖြစ်လို့ ဒီပစ္စည်းကိုရောင်းတဲ့အခါ ဒီလိုမျိုး ပြန်ပြီး ထိပ်ဆုံးရောက်လာတာဖြစ်မယ်လို့ မျိုးမင်းစိုးက မြင်ပါတယ်။

မထက်တစ်ယောက် အခုလို Live လွှင့်ပြီးဈေးရောင်းရင်း အောင်မြင်လာတဲ့အပေါ်မှာ အရမ်းဝမ်းသာပြီး သူ့ရဲ့ အသံနဲ့ အမူအရာကိုက ချစ်စရာကောင်းကောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့အတွက် အရင်လိုကြော်ငြာဘုရင်မကြီး ပြန်ဖြစ်စေချင်တယ်လို့ မျိုးမင်းစိုးက သူ့ခံစားချက်ကို ပြောပြလာပါတယ်။

ပရိသတ်တို့ရေ တစ်ချိန်ကပြည်သူ့အချစ်တော် နာမည်ကျော်ကြော်ငြာမင်းသမီး ထက်ထက်မိုးဦးဟာဆိုရင် ကျောက်မြတ်ရတနာပစ္စည်းလေးတွေကို Facebook ကနေ Live လွှင့်ပြီး ရောင်းပေးနေတာဖြစ်ပါတယ်။ ပရိသတ်ကြီးတွေထဲက ဘောစိကိုကိုမမတို့လည်း “ရတနာရှိရာ ရတနာလာ” ဆိုသည့်အတိုင်း မထက်ရောင်းချနေတဲ့ရတနာပစ္စည်းလေးတွေကို ဝယ်ယူအားပေးကြပါအုံးလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *