ဖုန္းဆက္ၿပီး အကူအညီေတာင္းတဲ့လူေတြ သန္းနဲ႔ခ်ီၿပီးရွိတာေၾကာင့္ ဖုန္းပိတ္ထားရတဲ့အထိျဖစ္ၿပီး စိတ္မေကာင္းဘူးဆိုတဲ့ ဒိန္းေဒါင္

လူ႐ႊင္ေတာ္ ႐ုပ္ရွင္မင္းသားႀကီး ျပည္သူ႔အခ်စ္ေတာ္ဒိန္းေဒါင္ကေတာ့ လူတကာကိုကူညီတတ္တဲ့ ပရဟိတစိတ္ထားေၾကာင့္ ပရိသတ္အားလုံးရဲ႕ ေလးစားအားကိုးျခင္းကို ခံေနရတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒိန္းေဒါင္အဓိကေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ခြၽန္တြန္း” ႐ုပ္သံဇာတ္လမ္းတြဲဟာဆိုရင္လည္း ပရိသတ္လက္ခံအားေပးမႈေၾကာင့္ အတိုင္းအတာတစ္ခုထိ ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုဆိုတာ မမွားပါဘူး။

ဦးဒိန္းေဒါင္ကေတာ့  အဆိုပါ “ခြၽန္တြန္း” ဆိုတဲ့အမည္နဲ႔ ပရဟိတအသင္းေလးတစ္ခုကို တည္ေထာင္ထားၿပီး ကိုဗစ္ကာလအတြင္း အေျခခံလူတန္းစားမ်ားရဲ႕ စားဝတ္ေနေရးေျပလည္ေစဖို႔အဓိကထားကူညီေပးေနပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ ဦးဒိန္းေဒါင္က သူ႔ကိုအကူအညီေတာင္းခံတဲ့သူေတြ လူသန္းနဲ႔ခ်ီေအာင္ မ်ားျပားလာတဲ့အတြက္ ဘယ္လိုမွမတတ္ႏိုင္ေတာ့လို႔ လက္ခံတဲ့ဖုန္းေတြေတာင္ ပိတ္ထားရတယ္လို႔ စိတ္မေကာင္းစြာနဲ႔ ရင္ဖြင့္လာတာပဲ ျဖစ္ပါတယ္။ 

“ဖုန္းတစ္လုံးကို အကူအညီေတာင္းတာက တစ္ေထာင္၊ ဖုန္းငါးလုံးဆို ငါးေထာင္၊ အဲ့တစ္ဦးစီတစ္ဦးစီရဲ႕ အိမ္ေထာင္စုက တစ္ရာေက်ာ္ ငါးဆယ္ေက်ာ္ ကိုးရာေက်ာ္တို႔ ရွစ္ရာေက်ာ္တို႔ရွိတယ္ေလ 

အဲ့ေတာ့ သူတို႔အကူအညီေတာင္းထားတာ သန္းခ်ီေလာက္တယ္” လို႔ ပရဟိတလုပ္ကိုင္ေနရင္းက သူႀကဳံေတြ႕ေနရတဲ့ အခက္အခဲေလးကို အခုလိုပဲ ေျပာျပခဲ့ပါတယ္။အခုလိုအကူအညီေတာင္းခံသူအလြန္မ်ားျပားလာတဲ့ အတြက္ ျပန္လည္ေျဖၾကားဖို႔ရာ အခက္အခဲျဖစ္လာတာေၾကာင့္ ပရဟိတအဖြဲ႕ဝင္ေတြလည္း စိတ္မေကာင္းစြာနဲ႔ပဲ ဖုန္းပိတ္လိုက္ရတယ္လို႔ ဆိုပါတယ္။  

သူတို႔ကူညီထားတဲ့ မိသားစုတစ္စုက ကိုယ္ဝန္သည္တစ္ေယာက္ အႁမႊာပူးေလးေမြးဖြားရာမွာ တစ္ေယာက္က ေမြးေမြးၿပီးခ်င္းမွာပဲ ဆုံးသြားတဲ့အတြက္ လြန္စြာပဲ စိတ္မေကာင္း ျဖစ္မိတယ္လို႔ ဆိုပါတယ္။ အခုလိုပဲ ပင္ပင္ပန္းပန္းနဲ႔အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ေနရေပမယ့္လည္း စာေလးေတြနဲ႔ ဂုဏ္ျပဳေပးတာေလးေတြ သီခ်င္းေလးေတြနဲ႔ ဂုဏ္ျပဳေပးတာေလးေတြ စိတ္အားတက္ႂကြဖြယ္ ေကာမန႔္ေလးေတြက သူ႔ကို ပရဟိတအလုပ္ဆက္လုပ္ဖို႔ အမ်ားႀကီး တြန္းအားေပးတယ္လို႔ ဆိုပါတယ္။ 

လကုန္ရက္ေတြမွာဆိုရင္ အလႉေငြေတြက သိသိသသာသာ ေလ်ာ့လာတယ္လို႔ ဆိုပါတယ္။ အလႉရွင္ေတြလႉထားတဲ့ပိုက္ဆံေတြက သူ႔လက္ထဲမွာ ရွိေနေသးတဲ့အတြက္ လႉဒါန္းမႈကေတာ့ မေလ်ာ့ေစရဘူးလို႔ ဆိုပါတယ္။ လကုန္ရက္ေက်ာ္သြားတဲ့အထိကို လႉဒါန္းသြားမွာျဖစ္ၿပီး အလႉေငြေတြကုန္သြားရင္ သူ႔တိုက္ခန္းေရာင္းလို႔ရတဲ့ေငြထဲကေန လႉဒါန္းသြားမယ္လို႔ ဆိုပါတယ္။ သူ႔မွာရွိတဲ့ စည္းစိမ္ဥစၥာေတြကို လႉဒါန္းလို႔ကုန္ခမ္းသြားရင္ေတာင္ ေငြေရးေၾကးေရးအရမဟုတ္ေတာ့ပဲ လုပ္အားဒါနအရ ပါဝင္လႉဒါန္းသြားမယ္လို႔ ဦးဒိန္းေဒါင္တစ္ေယာက္ စိတ္အားတက္ႂကြစြာ ေျပာလာပါတယ္။ 

သူ႔အခုလိုပရဟိတလုပ္ငန္းေတြလုပ္ေနတာကို အားက်ၿပီး တစ္ႏိုင္တစ္ပိုင္ကူညီႏိုင္တာေလးေတြ လိုက္လုပ္ကိုင္ၾကတဲ့ အနယ္အနယ္အရပ္ရပ္က တပည့္သားခ်င္းမ်ားကိုျမင္ရတာလည္း ဝမ္းသာစရာေကာင္းတယ္လို႔ ဆိုပါတယ္။အလႉရွင္ေတြကသူ႔ကို ယုံယုံၾကည္ၾကည္နဲ႔လႉဒါန္းထားတဲ့ ေငြေတြကို လိုအပ္တဲ့ေနရာေတြမွာ ထိထိေရာက္ေရာက္နဲ႔ လိုအပ္သလို  ကူညီေပးကမ္းေနျခင္းအေပၚ ဦးဒိန္းေဒါင္က 

” ကြၽန္ေတာ္က တစ္သိန္းဆိုလည္း ေပးလိုက္တာပဲ အိမ္ဆိုလည္း ေဆာက္ေပးလိုက္တာပဲ။ 

ကြၽန္ေတာ့္ကို လႉဒါန္းတဲ့အလႉရွင္ေတြက လိုအပ္တဲ့ေနရာလႉဆိုလို႔ ကြၽန္ေတာ္က လႉလိုက္တာ” လို႔ သူ႔ကို လႉဒါန္းတဲ့ေငြေတြအေပၚ လိပ္ျပာသန႔္မႈကို အခုလို ရင္ဖြင့္ခဲ့ပါတယ္။ ဦဒိန္းေဒါင္အေနနဲ႔ အိမ္ေလးေတြကို လိုက္ျပင္ေပးေနတာဆိုရင္ ယခုဆို သုံးလုံးေျမာက္ရွိၿပီ ျဖစ္ၿပီး ကေလးရွိတဲ့အိမ္ေတြက ဝါးေတြခင္းၿပီးယိုင္နဲ႔ေနတာေၾကာင့္ မေတာ္လို႔ကေလးေရထဲျပဳတ္က်သြားရင္ ခက္မယ္လို႔ စဥ္းစားမိတာေၾကာင့္ အခုလို ျပင္ေပးခဲ့တာလို႔ ေဝမွ်ခဲ့ပါတယ္။ 

ကေလးျပဳတ္က်သြားႏိုင္တယ္ ေရတက္လာလို႔ ေရထဲျပဳတ္က်သြားရင္ ကေလးေလး အတြက္အႏၲာရယ္ရွိေၾကာင္း ေျပာခဲ့ပါတယ္။

အခုဆိုရင္ ဦးဒိန္းေဒါင္က အလႉရွင္ေတြအတြက္ ေက်းဇူးတင္ဂုဏ္ျပဳလႊာေလးေတြ ျပဳလုပ္ထားၿပီး ပိုက္ဆံငါးရာပဲ ထည့္သည္ျဖစ္ေစ အဆိုပါ ဂုဏ္ျပဳမွတ္တမ္းလႊာေလးေတြကို လႉဒါန္းမႈကိုအသိအမွတ္ျပဳတဲ့အေနနဲ႔ ေပးအပ္သြားမွာလို႔ သိရပါတယ္။ 

ပရိသတ္ႀကီးေရ ျပည္သူ႔အခ်စ္ေတာ္ လူ႐ႊင္ေတာ္သ႐ုပ္ေဆာင္မင္းသားႀကီးဒိန္းေဒါင္နဲ႔ ခြၽန္တြန္းအဖြဲ႕သားေတြကေတာ့ အခုလို ကမာၻ႔ကပ္ေရာဂါဆိုက္ေရာက္ေနတဲ့ အခ်ိန္အတြင္းမွာ မိမိအသက္နဲ႔စည္းစိမ္ကိုေတာင္ ပဓာနမထားပဲ တကယ္လိုအပ္ေနတဲ့ေနရာအားလုံးကို ခက္ခက္ခဲခဲ လိုက္လံလႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးထဲကလည္း အခုလိုလႉဒါန္းမႈေတြမွာ ထည့္ဝင္ခ်င္တယ္ဆိုရင္ ဒိန္းေဒါင္ ရဲ႕ အေကာင့္မွာ အေသးစိတ္ကို သိရွိႏိုင္ပါတယ္ေနာ္။ ပရဟိတေတြ အားက်ိဳးမာန္တက္လုပ္ေနတဲ့ ဒိန္းေဒါင္ကို အေပၚ ပရိသတ္ႀကီးရဲ႕ အျမင္ကိုလဲေျပာသြားဦးေနာ္။

Read in UNICODE

လူရွှင်တော် ရုပ်ရှင်မင်းသားကြီး ပြည်သူ့အချစ်တော်ဒိန်းဒေါင်ကတော့ လူတကာကိုကူညီတတ်တဲ့ ပရဟိတစိတ်ထားကြောင့် ပရိသတ်အားလုံးရဲ့ လေးစားအားကိုးခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချွန်တွန်း” ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်လက်ခံအားပေးမှုကြောင့် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုတာ မမှားပါဘူး။

ဦးဒိန်းဒေါင်ကတော့  အဆိုပါ “ချွန်တွန်း” ဆိုတဲ့အမည်နဲ့ ပရဟိတအသင်းလေးတစ်ခုကို တည်ထောင်ထားပြီး ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများရဲ့ စားဝတ်နေရေးပြေလည်စေဖို့အဓိကထားကူညီပေးနေပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ ဦးဒိန်းဒေါင်က သူ့ကိုအကူအညီတောင်းခံတဲ့သူတွေ လူသန်းနဲ့ချီအောင် များပြားလာတဲ့အတွက် ဘယ်လိုမှမတတ်နိုင်တော့လို့ လက်ခံတဲ့ဖုန်းတွေတောင် ပိတ်ထားရတယ်လို့ စိတ်မကောင်းစွာနဲ့ ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ 

“ဖုန်းတစ်လုံးကို အကူအညီတောင်းတာက တစ်ထောင်၊ ဖုန်းငါးလုံးဆို ငါးထောင်၊ အဲ့တစ်ဦးစီတစ်ဦးစီရဲ့ အိမ်ထောင်စုက တစ်ရာကျော် ငါးဆယ်ကျော် ကိုးရာကျော်တို့ ရှစ်ရာကျော်တို့ရှိတယ်လေ 

အဲ့တော့ သူတို့အကူအညီတောင်းထားတာ သန်းချီလောက်တယ်” လို့ ပရဟိတလုပ်ကိုင်နေရင်းက သူကြုံတွေ့နေရတဲ့ အခက်အခဲလေးကို အခုလိုပဲ ပြောပြခဲ့ပါတယ်။အခုလိုအကူအညီတောင်းခံသူအလွန်များပြားလာတဲ့ အတွက် ပြန်လည်ဖြေကြားဖို့ရာ အခက်အခဲဖြစ်လာတာကြောင့် ပရဟိတအဖွဲ့ဝင်တွေလည်း စိတ်မကောင်းစွာနဲ့ပဲ ဖုန်းပိတ်လိုက်ရတယ်လို့ ဆိုပါတယ်။  

သူတို့ကူညီထားတဲ့ မိသားစုတစ်စုက ကိုယ်ဝန်သည်တစ်ယောက် အမြွှာပူးလေးမွေးဖွားရာမှာ တစ်ယောက်က မွေးမွေးပြီးချင်းမှာပဲ ဆုံးသွားတဲ့အတွက် လွန်စွာပဲ စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။ အခုလိုပဲ ပင်ပင်ပန်းပန်းနဲ့အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရပေမယ့်လည်း စာလေးတွေနဲ့ ဂုဏ်ပြုပေးတာလေးတွေ သီချင်းလေးတွေနဲ့ ဂုဏ်ပြုပေးတာလေးတွေ စိတ်အားတက်ကြွဖွယ် ကောမန့်လေးတွေက သူ့ကို ပရဟိတအလုပ်ဆက်လုပ်ဖို့ အများကြီး တွန်းအားပေးတယ်လို့ ဆိုပါတယ်။ 

လကုန်ရက်တွေမှာဆိုရင် အလှူငွေတွေက သိသိသသာသာ လျော့လာတယ်လို့ ဆိုပါတယ်။ အလှူရှင်တွေလှူထားတဲ့ပိုက်ဆံတွေက သူ့လက်ထဲမှာ ရှိနေသေးတဲ့အတွက် လှူဒါန်းမှုကတော့ မလျော့စေရဘူးလို့ ဆိုပါတယ်။ လကုန်ရက်ကျော်သွားတဲ့အထိကို လှူဒါန်းသွားမှာဖြစ်ပြီး အလှူငွေတွေကုန်သွားရင် သူ့တိုက်ခန်းရောင်းလို့ရတဲ့ငွေထဲကနေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ သူ့မှာရှိတဲ့ စည်းစိမ်ဥစ္စာတွေကို လှူဒါန်းလို့ကုန်ခမ်းသွားရင်တောင် ငွေရေးကြေးရေးအရမဟုတ်တော့ပဲ လုပ်အားဒါနအရ ပါဝင်လှူဒါန်းသွားမယ်လို့ ဦးဒိန်းဒေါင်တစ်ယောက် စိတ်အားတက်ကြွစွာ ပြောလာပါတယ်။ 

သူ့အခုလိုပရဟိတလုပ်ငန်းတွေလုပ်နေတာကို အားကျပြီး တစ်နိုင်တစ်ပိုင်ကူညီနိုင်တာလေးတွေ လိုက်လုပ်ကိုင်ကြတဲ့ အနယ်အနယ်အရပ်ရပ်က တပည့်သားချင်းများကိုမြင်ရတာလည်း ဝမ်းသာစရာကောင်းတယ်လို့ ဆိုပါတယ်။အလှူရှင်တွေကသူ့ကို ယုံယုံကြည်ကြည်နဲ့လှူဒါန်းထားတဲ့ ငွေတွေကို လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက်နဲ့ လိုအပ်သလို  ကူညီပေးကမ်းနေခြင်းအပေါ် ဦးဒိန်းဒေါင်က 

” ကျွန်တော်က တစ်သိန်းဆိုလည်း ပေးလိုက်တာပဲ အိမ်ဆိုလည်း ဆောက်ပေးလိုက်တာပဲ။ 

ကျွန်တော့်ကို လှူဒါန်းတဲ့အလှူရှင်တွေက လိုအပ်တဲ့နေရာလှူဆိုလို့ ကျွန်တော်က လှူလိုက်တာ” လို့ သူ့ကို လှူဒါန်းတဲ့ငွေတွေအပေါ် လိပ်ပြာသန့်မှုကို အခုလို ရင်ဖွင့်ခဲ့ပါတယ်။ ဦဒိန်းဒေါင်အနေနဲ့ အိမ်လေးတွေကို လိုက်ပြင်ပေးနေတာဆိုရင် ယခုဆို သုံးလုံးမြောက်ရှိပြီ ဖြစ်ပြီး ကလေးရှိတဲ့အိမ်တွေက ဝါးတွေခင်းပြီးယိုင်နဲ့နေတာကြောင့် မတော်လို့ကလေးရေထဲပြုတ်ကျသွားရင် ခက်မယ်လို့ စဉ်းစားမိတာကြောင့် အခုလို ပြင်ပေးခဲ့တာလို့ ဝေမျှခဲ့ပါတယ်။ 

ကလေးပြုတ်ကျသွားနိုင်တယ် ရေတက်လာလို့ ရေထဲပြုတ်ကျသွားရင် ကလေးလေး အတွက်အန္တာရယ်ရှိကြောင်း ပြောခဲ့ပါတယ်။

အခုဆိုရင် ဦးဒိန်းဒေါင်က အလှူရှင်တွေအတွက် ကျေးဇူးတင်ဂုဏ်ပြုလွှာလေးတွေ ပြုလုပ်ထားပြီး ပိုက်ဆံငါးရာပဲ ထည့်သည်ဖြစ်စေ အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာလေးတွေကို လှူဒါန်းမှုကိုအသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်သွားမှာလို့ သိရပါတယ်။ 

ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် လူရွှင်တော်သရုပ်ဆောင်မင်းသားကြီးဒိန်းဒေါင်နဲ့ ချွန်တွန်းအဖွဲ့သားတွေကတော့ အခုလို ကမ္ဘာ့ကပ်ရောဂါဆိုက်ရောက်နေတဲ့ အချိန်အတွင်းမှာ မိမိအသက်နဲ့စည်းစိမ်ကိုတောင် ပဓာနမထားပဲ တကယ်လိုအပ်နေတဲ့နေရာအားလုံးကို ခက်ခက်ခဲခဲ လိုက်လံလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲကလည်း အခုလိုလှူဒါန်းမှုတွေမှာ ထည့်ဝင်ချင်တယ်ဆိုရင် ဒိန်းဒေါင် ရဲ့ အကောင့်မှာ အသေးစိတ်ကို သိရှိနိုင်ပါတယ်နော်။ ပရဟိတတွေ အားကျိုးမာန်တက်လုပ်နေတဲ့ ဒိန်းဒေါင်ကို အပေါ် ပရိသတ်ကြီးရဲ့ အမြင်ကိုလဲပြောသွားဦးနော်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *