ပရိသတ်တွေ ကြည်နူးပီတိဖြစ်စေမယ့် အလှူကြီးတစ်ခုကို အနုပညာသူငယ်ချင်းတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ သက်မွန်မြင့်
Read in UNICODE
ယနေ့ အောက်တိုဘာလ ၂၂ရက်နေ့မှာတော့ ပြည်သူချစ် အနုပညာရှင်တွေဖြစ်တဲ့ သက်မွန်မြင့် ၊ ခင်လေးနွယ် ၊ မိုးပြည့်ပြည့်မောင် ၊ ဖူးစုံ ၊ ဒီဇိုင်နာ မပုံနဲ့ တခြားသော သူငယ်ချင်းတွေ စုပေါင်းပြီး မွန့်မြတ်တဲ့ အလှူဒါနတစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးချစ်ခင်ခဲ့ရတဲ့ မင်းသမီးတွေက COVID ကာလမှာ အမှန်တကယ် လိုအပ်နေတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး အတွက် များစွာသော ငွေကြေးတွေနဲ့
တက်နိုင်သလောက် အလှူပြုလိုက်တာပါ။ သူမတို့ သူငယ်ချင်းတွေလှူဒါန်းထားတဲ့ ဗဟိုအမျိူးသမီးဆေးရုံကြီးမှလည်း ကျေးဇူးတင်ကြောင်းကို ” BFF မှ ချစ်သူငယ်ချင်းများ Khin Sandar Myint,Thet Mon Myint , Chin Chin , Khin Lay Nwe , Moe Pyae Pyae Mg,Phu Sone , Ko Phyo, Designermapont (P3,K3,M2)တို့နဲ့အတူ သက်မွန်မြင့် charity မှပူးပေါင်းပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး
အတွက် COVID ကာလ လိုအပ်ချက်များအတွက် Scrub suit, PPE,Surgical Mask, Googles,Socks တို့ကို Dr သရဖီဝင်းမောင်မှတဆင့် ဆေးရုံအုပ်ကြီးလက်ထဲသို့လှူဒါန်းခဲ့ပါတယ်ရှင့် လှူဒါန်းမှုအစုစု အတွက် အားလုံးထပ်တူထပ်မျှ ကုသိုလ်ဝေငှ ရကြပါစေနော် ” ဆိုပြီး ရေးသားထားတာပါ။ သက်မွန်မြင့်ကလည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ
” သက်မွန်တို့ BFF က ၁၂ သိန်းရယ် Thet Mon Myint Charity Group က ၅ သိန်းရယ် လှုဒါန်းထားပါတယ်နော် အလှု အမျှပေးဝေပါတယ်ရှင့် ” ဆိုပြီး အလှူပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။ ကဲ … ကြည့်မိသူတိုင်း ဝမ်းသာ ပီတိဖြစ်လောက်အောင် အလှူပြုထားတဲ့ သက်မွန်မြင့်တို့ သူငယ်ချင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။
Source: Thet Mon Myint’s Facebook
Add a Comment
Your email address will not be published. Required fields are marked *