အဖေဖြစ်သူရဲ့မွေးနေ့မှာ စာအိတ်ထဲတစ်သောင်းတန်အပြည့်ထည့်ပြီး စပရိုက်လုပ်ပေးခဲ့တဲ့ ဖွေးဖွေး
Read in UNICODE
အနုပညာလောကမှာ ဖွေးဖွေးကတော့ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကို ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို
ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ သူမကတော့ ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ပျော်ပျော်ရွှင်နေထိုင်ပြောဆိုတက်တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်
တင်ပေးလေ့ ရှိပါတယ်။ သူမကတော့ ယခုမှာ စာအိတ်ထဲမှာ ပိုက်ဆံအပြည့်ထည့်ပြီး ဖေဖေ့ကိုမွေးနေ့စပရိုက်လုပ်ကာ ချစ်ကြောင်းတွေပြောပြလိုက်ပါတယ်။ ဖခင်ဖြစ်သူကတော့ မိဘအပေါ်သိတက်လိမ္မာလွန်းတဲ့ သူမရဲ့ မွေးနေ့လက်ဆောင်လေးကြောင့် ပြုံးပျော်ရွှင်ခဲ့ရပါတယ်။ဖွေးဖွေးရဲ့
ဖခင်ကတော့ “သမီး ဆီကစာအိတ်လေးရတယ်….ထုတ်ကြည့်လိုက်တော့ dateလေးကြည့်ပြီး ပိုလို့..ပို လို့.. “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဖွေးဖွေးတို့မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source : Kyaw Kyaw Win’s Facebook
Add a Comment
Your email address will not be published. Required fields are marked *