ထက္ထက္မိုးဦး အြန္လိုင္းမွာ ပစၥည္းမ်ိဳးစံုေရာင္းေနတဲ့အေပၚမွာ ေဝဖန္ခ်ီးက်ဴးခဲ့တဲ့ မ်ိဳးမင္းစိုး

ပရိသတ္တို႔ေရ ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ ျမန္မာႏိုင္ငံရဲ႕အေက်ာ္ၾကားဆုံး ဒီဇိုင္နာေတြထဲက တစ္ေယာက္ပါ။ သူကေတာ့ ျမန္မာ့ထိပ္တန္းေၾကာျငာမင္းသမီးတစ္ဦးျဖစ္ခဲ့တဲ့ ထက္ထက္မိုးဦးနဲ႔ အင္မတန္မွရင္းႏွီးသူတစ္ဦးလည္း ျဖစ္ပါတယ္။ အင္တာျဗဴးတစ္ခုမွာေတာ့ ဒီဇိုင္နာမ်ိဳးမင္းစိုးက ယခုရက္ပိုင္း အြန္လိုင္းမွာ ထက္ထက္မိုးဦးေစ်းေရာင္းေနတာနဲ႔ ပတ္သတ္ၿပီး သူ႔ရဲ႕အျမင္ကို အခုလိုပဲေျပာျပခဲ့ပါတယ္။

မထက္ရဲ႕ေနာက္မွာ ပရိသတ္ေတြအမ်ားႀကီးရွိတဲ့အတြက္ ဒီလိုမ်ိဳးေစ်းေရာင္းတဲ့အခါမွာ Live ၾကည့္ရႈသူအေရအတြက္ဟာ အင္မတန္မ်ားလာတာကို ေတြ႕ရပါတယ္။ အျခားလုပ္ငန္းရွင္ေတြကလည္း သူတို႔ရဲ႕ကုန္ပစၥည္းေတြကို online မွာေရာင္းေပးဖို႔အတြက္ သူ႔ကိုလည္း လာဆက္သြယ္ၾကတယ္လို႔ မ်ိဳးမင္းစိုးက ေျပာပါတယ္။ “ကြၽန္ေတာ္ကေတာ့ ဘာပဲေျပာေျပာ ဝမ္းသာသြားတာေပါ့ေနာ္။ သူအဆင္ေျပေနတာကိုပဲ ျမင္ေစခ်င္တာကိုး။ သူအခုအရင္ကထက္ကို ပိုႀကိဳးစားတယ္ေပါ့ေနာ္။ ကိုယ္ေတြေတာင္မွ သူ႔ကိုၾကည့္ၿပီး အံ့ဩတယ္။ သူစိတ္ရွည္တယ္ ေပါ့ေနာ္။” လို႔ ထက္ထက္မိုးဦး အြန္လိုင္းမွာေစ်းေရာင္းၿပီး တေၾကာ့ျပန္ေအာင္ျမင္လာတဲ့အေပၚ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

ထက္ထက္မိုးဦးက နဂိုတည္းက ရတနာနဲ႔ပတ္သတ္လို႔ ဝါသနာႀကီးသူတစ္ေယာက္ျဖစ္ၿပီး ေက်ာက္ျမတ္ရတနာနဲ႔ပတ္သတ္လို႔လည္း ဝါသနာပါတယ္။ ေက်ာက္အေရာင္းအဝယ္လုပ္ဖူးတဲ့ အေတြ႕အႀကဳံလည္းရွိတယ္လို႔ မ်ိဳးမင္းစိုးရဲ႕ ေျပာၾကားခ်က္အရ သိရွိရပါတယ္။ မထက္က အရင္တည္းက ေၾကာ္ျငာမွာ ဘုရင္မျဖစ္တဲ့အတြက္ အခုအခ်ိန္မွာ နံပါတ္တစ္သေဘာမ်ိဳး ျပန္ျဖစ္လာတဲ့အေပၚ အရမ္းဝမ္းသာတယ္လို႔လည္း ဆိုပါတယ္။

“မထက္က ရတနာေတြလည္း ဝတ္ခဲ့ဖူးတဲ့သူေလ။ ရတနာေတြအေၾကာင္းကိုလည္း နားလည္တယ္။ ဟိုတုန္းကတည္းက ရတနာေတြနဲ႔ က်င္လည္ခဲ့တဲ့သူဆိုေတာ့ ေက်ာက္ေတြရဲ႕အေၾကာင္းကိုလည္း နာလည္သူျဖစ္တဲ့အတြက္ ဘာပဲေျပာေျပာ အဲ့ဒီအခ်က္က သူ႔ရဲ႕အားသာခ်က္တစ္ခု ျဖစ္ေနတယ္။” လို႔ မထက္ရဲ႕ ရတနာေတြနဲ႔ရင္းႏွီးကြၽမ္းဝင္မႈကို ထုတ္ေဖာ္ခ်ီးက်ဴးလိုက္ပါတယ္။

ထက္ထက္ရဲ႕ Live ကိုၾကည့္ျဖစ္ၿပီး Live တက္လာရင္ ၾကည့္ရတာေပ်ာ္စရာေကာင္းတယ္လို႔လည္း ဆိုပါတယ္။ မ်ိဳးမင္စိုးအေနနဲ႔လည္း အရင္တည္းကမထက္ကို အလုပ္ေတြျပန္လုပ္ေစခ်င္ခဲ့ၿပီး အရင္ကဆို ဝလာလို႔ဆိုၿပီး အႏုပညာအလုပ္ေတြဆက္မလုပ္ျဖစ္တဲ့ မထက္ကို ဝလာလည္း ထက္ထက္ဆိုရင္ ပရိသတ္က ခ်စ္ေနမွာျဖစ္တဲ့အတြက္ ေၾကာ္ျငာေတြဆိုလည္း ေခၚ႐ိုက္ၿပီး စိတ္ဓာတ္မက်ေအာင္ အားေပးခဲ့တယ္လို႔ မ်ိဳးမင္းစိုးက ဖြင့္ေျပာခဲ့ပါတယ္။

အခုဆိုရင္ မင္းသမီးထက္ထက္မိုးဦးအေနနဲ႔ ေၾကာ္ျငာေတြကို လက္မလည္ေအာင္ လက္ခံထားရၿပီး အေၾကာင္းမျပန္ရေသးတဲ့ လုပ္ငန္းရွင္ေတြေတာင္ရွိတယ္လို႔ ေျပာပါတယ္။ “မထက္ကေစ်းေရာင္းတတ္တယ္။ customer ေတြ ဘက္က ၾကည့္ေပးတတ္တယ္။ ေစ်းဆစ္ေပးတာေတြ ဘာေတြ ဆိုရင္လည္း မဝယ္ေပမယ့္ ၾကည့္ရတဲ့သူေတြေတာင္ ေပ်ာ္႐ႊင္ၾကည္ႏူးရတယ္။” လို႔ ခ်ီးက်ဴးထားပါတယ္။ “ဒီအခ်ိန္မွာလည္း အရင္ေခတ္လိုပဲ နံပါတ္တစ္ျပန္ျဖစ္ေနတဲ့ ေပ်ာ္ပါတယ္။” လို႔လည္း ဝမ္းပန္းတသာဆိုပါတယ္။

ခ်စ္စရာေကာင္းတယ္ဆိုတဲ့အခ်က္က ပရိသတ္မုန္းခဲၿပီး လွတယ္ဆိုတာမ်ိဳးကမွ အသက္ႀကီးသြားရင္ ပ်က္စီးသြားႏိုင္တယ္။ ခ်စ္စရာေကာင္းတယ္ဆိုတာက အသက္ႀကီးသြားလည္း ခ်စ္စရာေကာင္းေနအုံးမွာျဖစ္ၿပီး အရင္တုန္းကလိုအမူအရာေလးေတြ မထက္ဆီမွာ ျပန္ေတြ႕ရတယ္လို႔ ဆိုပါတယ္။ မထက္လူခ်စ္လူခင္ေပါတယ္ဆိုတာ သူကိုယ္တိုင္ကလည္း ဘုရားတရားအရမ္းလုပ္တာေၾကာင့္ ျဖစ္မယ္လို႔ မ်ိဳးမင္းစိုးက ျမင္ပါတယ္။

မထက္ကိုေဝဖန္ေနတဲ့သူေတြနဲ႔ ပတ္သတ္ၿပီးလို႔လည္း ေစ်းေရာင္းတယ္ဆိုတာလည္း အနာပညာတစ္ရပ္ျဖစ္ၿပီး လူခ်စ္လူခင္ေပါမွ ရတနာအေၾကာင္းနားလည္မွ ေရာင္းလို႔ရတာလို႔လည္း မ်ိဳးမင္းစိုးက သူ႔ရဲ႕ထင္ျမင္ယူဆခ်က္ကို ေျပာပါတယ္။

သ႐ုပ္ေဆာင္ထက္ထက္မိုးဦးတစ္ေယာက္ကေတာ့ အခုလို ကုန္ပစၥည္းအေရာင္းေၾကာ္ျငာေလးေတြအတြက္ ေနာက္ပိုင္းမွာသူ႔ကိုလာခ်ိတ္ၾကတဲ့ လုပ္ငန္းရွင္ေတြလည္း တစ္စတစ္စ ေပါမ်ားလာၿပီလို႔ သိရပါတယ္။ စိတ္ဓာတ္တက္လြယ္ က်လြယ္ ရွိတယ္လို႔ သိရတဲ့ မထက္တစ္ေယာက္အခုဆိုရင္ သူစိတ္ဓာတ္တက္ႂကြေနတုန္းမွာ ကုန္ပစၥည္းေလးေတြကို Facebook ကေန Live လႊင့္ၿပီး ေရာင္းေပးေနတာျဖစ္ပါတယ္။ ပရိသတ္ႀကီးေတြထဲက ေဘာစိကိုကိုမမတို႔လည္း “ရတနာရွိရာ ရတနာလာ” ဆိုသည့္အတိုင္း မထက္ေရာင္းခ်ေနတဲ့ရတနာပစၥည္းေလးေတြကို ဝယ္ယူအားေပးၾကပါအုံးလို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ရပါတယ္။

Read in UNICODE

ပရိသတ်တို့ရေ ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံး ဒီဇိုင်နာတွေထဲက တစ်ယောက်ပါ။ သူကတော့ မြန်မာ့ထိပ်တန်းကြောငြာမင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ ထက်ထက်မိုးဦးနဲ့ အင်မတန်မှရင်းနှီးသူတစ်ဦးလည်း ဖြစ်ပါတယ်။ အင်တာဗြူးတစ်ခုမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက ယခုရက်ပိုင်း အွန်လိုင်းမှာ ထက်ထက်မိုးဦးဈေးရောင်းနေတာနဲ့ ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို အခုလိုပဲပြောပြခဲ့ပါတယ်။

မထက်ရဲ့နောက်မှာ ပရိသတ်တွေအများကြီးရှိတဲ့အတွက် ဒီလိုမျိုးဈေးရောင်းတဲ့အခါမှာ Live ကြည့်ရှုသူအရေအတွက်ဟာ အင်မတန်များလာတာကို တွေ့ရပါတယ်။ အခြားလုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ကုန်ပစ္စည်းတွေကို online မှာရောင်းပေးဖို့အတွက် သူ့ကိုလည်း လာဆက်သွယ်ကြတယ်လို့ မျိုးမင်းစိုးက ပြောပါတယ်။ “ကျွန်တော်ကတော့ ဘာပဲပြောပြော ဝမ်းသာသွားတာပေါ့နော်။ သူအဆင်ပြေနေတာကိုပဲ မြင်စေချင်တာကိုး။ သူအခုအရင်ကထက်ကို ပိုကြိုးစားတယ်ပေါ့နော်။ ကိုယ်တွေတောင်မှ သူ့ကိုကြည့်ပြီး အံ့ဩတယ်။ သူစိတ်ရှည်တယ် ပေါ့နော်။” လို့ ထက်ထက်မိုးဦး အွန်လိုင်းမှာဈေးရောင်းပြီး တကြော့ပြန်အောင်မြင်လာတဲ့အပေါ် ချီးကျူးပြောဆိုလိုက်ပါတယ်။

ထက်ထက်မိုးဦးက နဂိုတည်းက ရတနာနဲ့ပတ်သတ်လို့ ဝါသနာကြီးသူတစ်ယောက်ဖြစ်ပြီး ကျောက်မြတ်ရတနာနဲ့ပတ်သတ်လို့လည်း ဝါသနာပါတယ်။ ကျောက်အရောင်းအဝယ်လုပ်ဖူးတဲ့ အတွေ့အကြုံလည်းရှိတယ်လို့ မျိုးမင်းစိုးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ မထက်က အရင်တည်းက ကြော်ငြာမှာ ဘုရင်မဖြစ်တဲ့အတွက် အခုအချိန်မှာ နံပါတ်တစ်သဘောမျိုး ပြန်ဖြစ်လာတဲ့အပေါ် အရမ်းဝမ်းသာတယ်လို့လည်း ဆိုပါတယ်။

“မထက်က ရတနာတွေလည်း ဝတ်ခဲ့ဖူးတဲ့သူလေ။ ရတနာတွေအကြောင်းကိုလည်း နားလည်တယ်။ ဟိုတုန်းကတည်းက ရတနာတွေနဲ့ ကျင်လည်ခဲ့တဲ့သူဆိုတော့ ကျောက်တွေရဲ့အကြောင်းကိုလည်း နာလည်သူဖြစ်တဲ့အတွက် ဘာပဲပြောပြော အဲ့ဒီအချက်က သူ့ရဲ့အားသာချက်တစ်ခု ဖြစ်နေတယ်။” လို့ မထက်ရဲ့ ရတနာတွေနဲ့ရင်းနှီးကျွမ်းဝင်မှုကို ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။

ထက်ထက်ရဲ့ Live ကိုကြည့်ဖြစ်ပြီး Live တက်လာရင် ကြည့်ရတာပျော်စရာကောင်းတယ်လို့လည်း ဆိုပါတယ်။ မျိုးမင်စိုးအနေနဲ့လည်း အရင်တည်းကမထက်ကို အလုပ်တွေပြန်လုပ်စေချင်ခဲ့ပြီး အရင်ကဆို ဝလာလို့ဆိုပြီး အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်တဲ့ မထက်ကို ဝလာလည်း ထက်ထက်ဆိုရင် ပရိသတ်က ချစ်နေမှာဖြစ်တဲ့အတွက် ကြော်ငြာတွေဆိုလည်း ခေါ်ရိုက်ပြီး စိတ်ဓာတ်မကျအောင် အားပေးခဲ့တယ်လို့ မျိုးမင်းစိုးက ဖွင့်ပြောခဲ့ပါတယ်။

အခုဆိုရင် မင်းသမီးထက်ထက်မိုးဦးအနေနဲ့ ကြော်ငြာတွေကို လက်မလည်အောင် လက်ခံထားရပြီး အကြောင်းမပြန်ရသေးတဲ့ လုပ်ငန်းရှင်တွေတောင်ရှိတယ်လို့ ပြောပါတယ်။ “မထက်ကဈေးရောင်းတတ်တယ်။ customer တွေ ဘက်က ကြည့်ပေးတတ်တယ်။ ဈေးဆစ်ပေးတာတွေ ဘာတွေ ဆိုရင်လည်း မဝယ်ပေမယ့် ကြည့်ရတဲ့သူတွေတောင် ပျော်ရွှင်ကြည်နူးရတယ်။” လို့ ချီးကျူးထားပါတယ်။ “ဒီအချိန်မှာလည်း အရင်ခေတ်လိုပဲ နံပါတ်တစ်ပြန်ဖြစ်နေတဲ့ ပျော်ပါတယ်။” လို့လည်း ဝမ်းပန်းတသာဆိုပါတယ်။

ချစ်စရာကောင်းတယ်ဆိုတဲ့အချက်က ပရိသတ်မုန်းခဲပြီး လှတယ်ဆိုတာမျိုးကမှ အသက်ကြီးသွားရင် ပျက်စီးသွားနိုင်တယ်။ ချစ်စရာကောင်းတယ်ဆိုတာက အသက်ကြီးသွားလည်း ချစ်စရာကောင်းနေအုံးမှာဖြစ်ပြီး အရင်တုန်းကလိုအမူအရာလေးတွေ မထက်ဆီမှာ ပြန်တွေ့ရတယ်လို့ ဆိုပါတယ်။ မထက်လူချစ်လူခင်ပေါတယ်ဆိုတာ သူကိုယ်တိုင်ကလည်း ဘုရားတရားအရမ်းလုပ်တာကြောင့် ဖြစ်မယ်လို့ မျိုးမင်းစိုးက မြင်ပါတယ်။

မထက်ကိုဝေဖန်နေတဲ့သူတွေနဲ့ ပတ်သတ်ပြီးလို့လည်း ဈေးရောင်းတယ်ဆိုတာလည်း အနာပညာတစ်ရပ်ဖြစ်ပြီး လူချစ်လူခင်ပေါမှ ရတနာအကြောင်းနားလည်မှ ရောင်းလို့ရတာလို့လည်း မျိုးမင်းစိုးက သူ့ရဲ့ထင်မြင်ယူဆချက်ကို ပြောပါတယ်။

သရုပ်ဆောင်ထက်ထက်မိုးဦးတစ်ယောက်ကတော့ အခုလို ကုန်ပစ္စည်းအရောင်းကြော်ငြာလေးတွေအတွက် နောက်ပိုင်းမှာသူ့ကိုလာချိတ်ကြတဲ့ လုပ်ငန်းရှင်တွေလည်း တစ်စတစ်စ ပေါများလာပြီလို့ သိရပါတယ်။ စိတ်ဓာတ်တက်လွယ် ကျလွယ် ရှိတယ်လို့ သိရတဲ့ မထက်တစ်ယောက်အခုဆိုရင် သူစိတ်ဓာတ်တက်ကြွနေတုန်းမှာ ကုန်ပစ္စည်းလေးတွေကို Facebook ကနေ Live လွှင့်ပြီး ရောင်းပေးနေတာဖြစ်ပါတယ်။ ပရိသတ်ကြီးတွေထဲက ဘောစိကိုကိုမမတို့လည်း “ရတနာရှိရာ ရတနာလာ” ဆိုသည့်အတိုင်း မထက်ရောင်းချနေတဲ့ရတနာပစ္စည်းလေးတွေကို ဝယ်ယူအားပေးကြပါအုံးလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Source : PJ

Add a Comment

Your email address will not be published. Required fields are marked *