လက္ရွိမွာ စီးပြားေရးအရမ္းထိခိုက္ေနၿပီး စိတ္ဓာတ္မက်ေအာင္ တစ္ခုခု ရွာၾကံလုပ္ေနရတယ္ဆိုတဲ့ ဝိုင္းစုခိုင္သိန္း

ေပါ့ပ္သီခ်င္းေကာင္းေလးေတြကို သိဆိုတတ္တဲ့ ေတးသံရွင္ဝိုင္းစုခိုင္သိန္းကေတာ့ ပရိသတ္အားေပးမႈကို ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ဝိုင္းစုက ခ်စ္ရတဲ့ပရိသတ္ႀကီးကို ကိုဗစ္ကာလမွာ စိတ္ဓာတ္မက်ၾကဖို႔နဲ႔ အားလုံးစည္းစည္းလုံးလုံးနဲ႔ သတိဝီရိယႀကီးႀကီးထားၿပီး ဒီေရာဂါဆိုးႀကီးကို တိုက္ထုတ္ႏိုင္ဖို႔ အားေပးစကားေျပာခဲ့တာပဲ ျဖစ္ပါတယ္။ မိမိကိုယ္တိုင္လည္း စိတ္ဓာတ္မက်ေအာင္ အလုပ္တစ္ခုမဟုတ္တစ္ခုရွာႀကံလုပ္ေနရၿပီး ပရိသတ္ေတြကိုလည္း အားအင္အျပည့္နဲ႔ ေနာက္ဘာဆက္လုပ္မလဲဆိုတာကိုပဲ ေတြးထားေစခ်င္တယ္လို႔ ေျပာပါတယ္။

ယခုအခ်ိန္မွာ တစ္ကမာၻလုံးကို ႐ိုက္ခတ္ေနတဲ့ ကိုဗစ္ေရာဂါဆိုးႀကီးေၾကာင့္ ထိခိုက္နစ္နာၾကေနသူေတြအမ်ားႀကီးထဲမွာ အႏုပညာရွင္ေတြလည္း အနည္းနဲ႔အမ်ား ပါဝင္ေနၾကပါတယ္။ ဝိုင္းစုကေတာ့ ကိုဗစ္ကာလအတြင္း စီးပြားေရးထိခိုက္မႈေတြအေပၚ သူမရဲ႕အျမင္ကို အခုလိုပဲ ပြင့္ပြင့္လင္းလင္းေျပာျပသြားခဲ့ပါတယ္။

ဒီကာလမွာ စီးပြားေရးထိခိုက္မႈေတြဆိုတာ အနည္းနဲ႔အမ်ား ျဖစ္ေပၚေနၾကေၾကာင္း၊ မိမိတို႔အေနႏွင့္ပိုဆိုးသည့္အခ်က္မွာ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ား ရပ္ဆိုင္းေနရျခင္းျဖစ္ေၾကာင္း ရင္ဖြင့္ေျပာၾကားသြားခဲ့ပါတယ္။ေဖ်ာ္ေျဖေရးပြဲမ်ားဆိုသည္မွာ ပရိသတ္ေတြရဲ႕ လူမႈေရးစီးပြားေရးအဆင္ေျပမွသာ လုပ္ကိုင္ႏိုင္ရျခင္းျဖစ္ေၾကာင္း၊ ယခုလို ကပ္ေရာဂါ႐ိုက္ခတ္မႈအတြင္း ရႈိးပြဲေဖ်ာ္ေျဖခြင့္မ်ားျပဳလုပ္ခြင့္မရသည့္အတြက္ မိမိတို႔အေနႏွင့္ စီးပြားေရးအရထိခိုက္မႈမ်ားေၾကာင္း ရင္ဖြင့္ေျပာၾကားသြားခဲ့ပါတယ္။ ထိုခဲ့သို႔အခက္အခဲမ်ားကိုရင္ဆိုင္လာခဲ့ရသည္မွာ သၾကၤန္မတိုင္မီကာလမွ ယခုအခ်ိန္ထိပင္ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္းကိုလည္း ထပ္ေဆာင္းေျပာျပခဲ့ပါတယ္။

ဝိုင္းစုကေတာ့ လက္ရွိေန႔စဥ္ဘဝကို ႐ုပ္ရွင္ၾကည့္ရင္း ဘုရားရွိခိုးရင္း ျဖတ္သန္းေနတယ္လို႔ေျဖၾကားခဲ့ၿပီး စားခ်င္တဲ့အစားအေသာက္ေတြဆိုရင္လည္း YouTube ကၾကည့္ၿပီး ကိုယ္တိုင္လုပ္စားျဖစ္တယ္လို႔ေျပာပါတယ္။

က်န္းမာေရးနဲ႔ပတ္သတ္လို႔ကေတာ့ ေလ့က်င့္ခန္းကို ပုံမွန္မလုပ္ျဖစ္ေသာ္လည္း ေရာဂါပထမလႈိင္း႐ိုက္ခတ္မႈကာလအတြင္း ဝိတ္အေတာ္တက္သြားသည့္အတြက္ အရင္လိုခႏၶာကိုယ္မ်ိဳးျပန္ရေအာင္ ႀကိဳးစားၿပီးဝိတ္ခ်ေနတယ္လို႔လည္း ေျပာပါတယ္။ ကိုယ္စားခ်င္တဲ့အစားအေသာက္ေတြကိုလည္း ပမာဏေသာ္လည္းေကာင္း အခ်ိန္ကာလအပိုင္းအျခားေသာ္လည္းေကာင္း ကန႔္သတ္ၿပီးစားတယ္လို႔ေျပာပါတယ္။

အႏုပညာလႈပ္ရွားမႈအေနနဲ႔ကေတာ့ ကိုဗစ္ေရာဂါတိုက္ျဖတ္ေရးအတြက္ ကိုေအာင္လက သီခ်င္းတစ္ပုဒ္ေရးေပးထားၿပီး အၾကမ္းတီးအၾကမ္းဆိုထားတဲ့ version ေလးကိုေတာင္ သူမရဲ႕ Facebook Page မွာ တင္ထားတယ္လို႔ဆိုပါတယ္။ အသံသြင္းၿပီးလို႔ Mixing ကိစၥရပ္ေတြၿပီးသြားတဲ့အခါက်ရင္ေတာ့ အေခ်ာထည္ကို တင္ေပးမယ္လို႔သိရပါတယ္။ ႐ိုက္ကူးေရးလုပ္ငန္းမ်ားကိုလည္းရပ္ဆိုင္းထားရတဲ့အတြက္ Lyrics Video ကိုလည္း ကိုယ္တိုင္႐ိုက္ၿပီးကိုယ္တိုင္ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ကိုေအာင္လကေတာ့ ဝိုင္းစုအတြက္သီခ်င္းေတြေရးေပးျဖစ္ေနၿပီး ႏွစ္ေယာက္တြဲအေခြထြက္ဖို႔ စီစဥ္ထားေၾကာင္း ထိုအေခြထဲကိုမထည့္ျဖစ္တဲ့သီခ်င္းေတြကို Single အေနနဲ႔တစ္ပုဒ္ၿပီးတစ္ပုဒ္ ထုတ္သြားမွာျဖစ္ေၾကာင္း ဝိုင္းစုကခ်စ္ရတဲ့ပရိသတ္ႀကီးအတြက္ သတင္းစကားေပးခဲ့ပါေသးတယ္။

သူမအေနနဲ႔ ဒီသီခ်င္းအသစ္ထဲမွာ အဓိကေျပာခ်င္တာကေတာ့ အားလုံးစိတ္ဓာတ္က်စိတ္ညစ္ေနတဲ့ အခုလိုကာလမွာ လုံလုံၿခဳံၿခဳံသတိဝီရိယရွိရွိေနၿပီး ေရာဂါဆိုးႀကီးကိုတိုက္ထုတ္ၿပီးရင္ ေနာင္တစ္ခ်ိန္မွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ခရီးေတြအတူသြားၾကမယ္လို႔ နားေထာင္သူပရိသတ္ေတြကို စိတ္ဓာတ္ခြန္အားေပးမယ့္ သီခ်င္းတစ္ပုဒ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဝိုင္းစုကေတာ့ ပြဲလမ္းသဘင္ေတြလုံးဝရပ္နားထားရတဲ့အတြက္ စီးပြားေရးထိခိုက္တဲ့အျပင္ စိတ္ဓာတ္ပါက်ေနမိတဲ့အေၾကာင္း ရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ ယခုလက္ရွိ ကိုဗစ္ကာလႀကီးအျမန္ဆုံးလြန္ေျမာက္ပါေစလို႔လည္း ဆုေတာင္းလိုက္ရပါတယ္ေနာ္။

Read in UNICODE

ပေါ့ပ်သီချင်းကောင်းလေးတွေကို သိဆိုတတ်တဲ့ တေးသံရှင်ဝိုင်းစုခိုင်သိန်းကတော့ ပရိသတ်အားပေးမှုကို ဆယ်စုနှစ်တစ်ခုကျော်ကြာ အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ ဝိုင်းစုက ချစ်ရတဲ့ပရိသတ်ကြီးကို ကိုဗစ်ကာလမှာ စိတ်ဓာတ်မကျကြဖို့နဲ့ အားလုံးစည်းစည်းလုံးလုံးနဲ့ သတိဝီရိယကြီးကြီးထားပြီး ဒီရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ဖို့ အားပေးစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လည်း စိတ်ဓာတ်မကျအောင် အလုပ်တစ်ခုမဟုတ်တစ်ခုရှာကြံလုပ်နေရပြီး ပရိသတ်တွေကိုလည်း အားအင်အပြည့်နဲ့ နောက်ဘာဆက်လုပ်မလဲဆိုတာကိုပဲ တွေးထားစေချင်တယ်လို့ ပြောပါတယ်။

ယခုအချိန်မှာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေတဲ့ ကိုဗစ်ရောဂါဆိုးကြီးကြောင့် ထိခိုက်နစ်နာကြနေသူတွေအများကြီးထဲမှာ အနုပညာရှင်တွေလည်း အနည်းနဲ့အများ ပါဝင်နေကြပါတယ်။ ဝိုင်းစုကတော့ ကိုဗစ်ကာလအတွင်း စီးပွားရေးထိခိုက်မှုတွေအပေါ် သူမရဲ့အမြင်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်းပြောပြသွားခဲ့ပါတယ်။

ဒီကာလမှာ စီးပွားရေးထိခိုက်မှုတွေဆိုတာ အနည်းနဲ့အများ ဖြစ်ပေါ်နေကြကြောင်း၊ မိမိတို့အနေနှင့်ပိုဆိုးသည့်အချက်မှာ ဖျော်ဖြေရေးလုပ်ငန်းများ ရပ်ဆိုင်းနေရခြင်းဖြစ်ကြောင်း ရင်ဖွင့်ပြောကြားသွားခဲ့ပါတယ်။ဖျော်ဖြေရေးပွဲများဆိုသည်မှာ ပရိသတ်တွေရဲ့ လူမှုရေးစီးပွားရေးအဆင်ပြေမှသာ လုပ်ကိုင်နိုင်ရခြင်းဖြစ်ကြောင်း၊ ယခုလို ကပ်ရောဂါရိုက်ခတ်မှုအတွင်း ရှိုးပွဲဖျော်ဖြေခွင့်များပြုလုပ်ခွင့်မရသည့်အတွက် မိမိတို့အနေနှင့် စီးပွားရေးအရထိခိုက်မှုများကြောင်း ရင်ဖွင့်ပြောကြားသွားခဲ့ပါတယ်။ ထိုခဲ့သို့အခက်အခဲများကိုရင်ဆိုင်လာခဲ့ရသည်မှာ သင်္ကြန်မတိုင်မီကာလမှ ယခုအချိန်ထိပင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကိုလည်း ထပ်ဆောင်းပြောပြခဲ့ပါတယ်။

ဝိုင်းစုကတော့ လက်ရှိနေ့စဉ်ဘဝကို ရုပ်ရှင်ကြည့်ရင်း ဘုရားရှိခိုးရင်း ဖြတ်သန်းနေတယ်လို့ဖြေကြားခဲ့ပြီး စားချင်တဲ့အစားအသောက်တွေဆိုရင်လည်း YouTube ကကြည့်ပြီး ကိုယ်တိုင်လုပ်စားဖြစ်တယ်လို့ပြောပါတယ်။

ကျန်းမာရေးနဲ့ပတ်သတ်လို့ကတော့ လေ့ကျင့်ခန်းကို ပုံမှန်မလုပ်ဖြစ်သော်လည်း ရောဂါပထမလှိုင်းရိုက်ခတ်မှုကာလအတွင်း ဝိတ်အတော်တက်သွားသည့်အတွက် အရင်လိုခန္ဓာကိုယ်မျိုးပြန်ရအောင် ကြိုးစားပြီးဝိတ်ချနေတယ်လို့လည်း ပြောပါတယ်။ ကိုယ်စားချင်တဲ့အစားအသောက်တွေကိုလည်း ပမာဏသော်လည်းကောင်း အချိန်ကာလအပိုင်းအခြားသော်လည်းကောင်း ကန့်သတ်ပြီးစားတယ်လို့ပြောပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ကိုဗစ်ရောဂါတိုက်ဖြတ်ရေးအတွက် ကိုအောင်လက သီချင်းတစ်ပုဒ်ရေးပေးထားပြီး အကြမ်းတီးအကြမ်းဆိုထားတဲ့ version လေးကိုတောင် သူမရဲ့ Facebook Page မှာ တင်ထားတယ်လို့ဆိုပါတယ်။ အသံသွင်းပြီးလို့ Mixing ကိစ္စရပ်တွေပြီးသွားတဲ့အခါကျရင်တော့ အချောထည်ကို တင်ပေးမယ်လို့သိရပါတယ်။ ရိုက်ကူးရေးလုပ်ငန်းများကိုလည်းရပ်ဆိုင်းထားရတဲ့အတွက် Lyrics Video ကိုလည်း ကိုယ်တိုင်ရိုက်ပြီးကိုယ်တိုင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကိုအောင်လကတော့ ဝိုင်းစုအတွက်သီချင်းတွေရေးပေးဖြစ်နေပြီး နှစ်ယောက်တွဲအခွေထွက်ဖို့ စီစဉ်ထားကြောင်း ထိုအခွေထဲကိုမထည့်ဖြစ်တဲ့သီချင်းတွေကို Single အနေနဲ့တစ်ပုဒ်ပြီးတစ်ပုဒ် ထုတ်သွားမှာဖြစ်ကြောင်း ဝိုင်းစုကချစ်ရတဲ့ပရိသတ်ကြီးအတွက် သတင်းစကားပေးခဲ့ပါသေးတယ်။

သူမအနေနဲ့ ဒီသီချင်းအသစ်ထဲမှာ အဓိကပြောချင်တာကတော့ အားလုံးစိတ်ဓာတ်ကျစိတ်ညစ်နေတဲ့ အခုလိုကာလမှာ လုံလုံခြုံခြုံသတိဝီရိယရှိရှိနေပြီး ရောဂါဆိုးကြီးကိုတိုက်ထုတ်ပြီးရင် နောင်တစ်ချိန်မှာ ပျော်ပျော်ရွှင်ရွှင်ခရီးတွေအတူသွားကြမယ်လို့ နားထောင်သူပရိသတ်တွေကို စိတ်ဓာတ်ခွန်အားပေးမယ့် သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝိုင်းစုကတော့ ပွဲလမ်းသဘင်တွေလုံးဝရပ်နားထားရတဲ့အတွက် စီးပွားရေးထိခိုက်တဲ့အပြင် စိတ်ဓာတ်ပါကျနေမိတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ယခုလက်ရှိ ကိုဗစ်ကာလကြီးအမြန်ဆုံးလွန်မြောက်ပါစေလို့လည်း ဆုတောင်းလိုက်ရပါတယ်နော်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *