မိသားစု စားဝတ်နေရေးအတွက် အတော်လေးရုန်းကန်နေရပြီး စိတ်ဓာတ်ကျနေတယ်ဆိုတဲ့ ဦးကျော်ထူး
Read in UNICODE
ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ဟာသ ဇာတ်ပို့သရုပ်ဆောင် ဦးကျော်ထူးကိုတော့ ပရိသတ်တွေ အားပေးချစ်ခင်ကြမှာပါနော်..။ ရယ်စရာဟာသလေးတွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ ဦးကျော်ထူးကတော့ ကိုဗစ် ကာလ မိသားစုစီးပွားရေးအခြေအနေလေးတွေကို
ပြောပြလာပါတယ်နော်..။ မိသားစုအတွက် တော်တော်လေးရုန်းကန်နေရလို့ စိတ်ဖိစီးမှုတွေများလာရင် စိတ်ဓာတ်ကျတဲ့အကြောင်းလေးတွေ ပြောပြလာတာ ဖြစ်ပြီး ဆန်ရောင်းဖြစ်နေတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။ မိသားစုစီးပွားရေးအကြောင်းေ
လးတွေအပြင် ရှေ့တန်းကနေ တိုက်ပွဲဝင်ကူညီနေသူများကို ဒီအချိန်မှာ အရမ်းပင်ပန်းနေကြမယ်ဆိုတာ ကိုယ်ချင်းစာဂုဏ်ယူမိတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်နော်..။ “ပထမလှိုင်းအပြီး ဆန်ရောင်းတော့ အဆင်ပြေကာစပြုလာတဲ့အချိန်မှာ ဒုတိယလှိုင်းထပ်ဝင်တော့
တော်တော်လေးကို အခက်အခဲဖြစ်သွားတာပေါ့ ဒုတိယလှိုင်းမစခင်မှာပဲ ဆန်ရောင်းဖြစ်တာပါ အခက်အခဲဖြစ်နေသူတွေကို အကြံပေးဖို့နေနေသာသာ ကိုယ့်မိသားစုအတွက်တောင် တော်တော်လေးကို ရုန်းကန်နေရတာ စိတ်ဖိစီးမှုတွေကများလာတော့ စိတ်ဓာတ်တော်တော်ကျတယ် ဒါပေမယ့်
မိသားစုတွေနဲ့ နောက်ပြောင်ပြီး နေလာကြတော့ ဝိုင်းဝိုင်းသီချင်းလိုပဲ ဖြေသိမ့်လိုက်ပေါ့..” ဆိုပြီး မိသားစုအခက်အခဲလေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။ ပရိသတ်တွေရဲ့ အချစ်တော် ဇာတ်ပို့သရုပ်ဆောင် ဦးကျော်ထူးရဲ့ ကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source : U Kyaw Htoo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *