တစ္အိမ္လံုးကို ကိုယ္တိုင္ ဆံပင္ညႇပ္ေပးေနတဲ့ ခ်စ္ဇနီးေလးကို စေနာက္ခဲ့တဲ့ ေနထူးႏိုင္

အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားသူေတြထဲမွာ သ႐ုပ္ေဆာင္မင္းသား ေနထူးႏိုင္ကလည္း အပါအဝင္ပါပဲ..။ သ႐ုပ္ေဆာင္ေလာကမွာ ေအာင္ျမင္စြာ ေလွ်ာက္လွမ္းေနသလို ဇနီးေခ်ာေလးျဖစ္တဲ့ အဆိုေတာ္မင္းသမီးေခ်ာ ျမသင္းျခယ္နဲ႔ းအတူ

သားေလးႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားကာ ၾကည္ႏူးအားက်စရာ မိသားစုဘဝေလးကို ျဖတ္သန္းနတာလည္း ျဖစ္ပါတယ္ေနာ္..။ေနထူးႏိုင္တို႔ ဇနီးေမာင္ႏွံကေတာ့ ေပ်ာ္စရာ မိသားစုပုံရိပ္ေလးေတြကို အၿမဲမွ်ေဝေပးေလ့ရွိၾကၿပီး အခုတစ္ခါမွာလည္း ေနထူးႏိုင္တစ္ေယာက္

အိမ္မွာ ဆံပင္ေတြ ညႇပ္ေပးေနတဲ့ ဇနီးေလးရဲ႕ ပုံရိပ္ေလးေတြကို ေဝမွ်လာပါတယ္ေနာ္..။ တစ္အိမ္လုံးရွိတဲ့လူေတြကို ကိုယ္တိုင္ဆံပင္ညႇပ္ေပးေနတဲ့ ဇနီးေခ်ာေလး ျမသင္းျခယ္ရဲ႕ ပုံရိပ္ေလးေတြကို ေဝမွ်ရင္း ရမ္းသမ္းလက္ရာဆိုၿပီးေတာ့လည္း အ႐ႊန္းေဖာက္

စေနာက္ထားပါေသးတယ္ေနာ္..။ “မားျခယ္ရဲ႕ရမ္းသမ္းလက္ရာ ညႇပ္ခ်င္သလား?..” ဆိုၿပီး ဆံပင္ညႇပ္ေပးေနတဲ့ ခ်စ္ဇနီးေလးရဲ႕ အမွတ္တရပုံေလးေတြကို အခြီေလးေျပာၿပီး ေနထူးႏိုင္က ပရိသတ္ေတြကို ျပန္လည္မွ်ေဝထားတာပါ..။ ကဲ.. ဒီကေန႔ေလးမွာေတာ့ သားေလးေတြနဲ႔ တစ္အိမ္လုံးကို ကိုယ္တိုင္ဆံပင္ညႇပ္ေပးေနတဲ့ ေနထူးႏိုင္ရဲ႕ ဇနီးေခ်ာျမသင္းျခယ္ရဲ႕ ပုံရိပ္ေလးေတြကိုလည္း ေဝမွ်တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Read in UNICODE

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားသူတွေထဲမှာ သရုပ်ဆောင်မင်းသား နေထူးနိုင်ကလည်း အပါအဝင်ပါပဲ..။ သရုပ်ဆောင်လောကမှာ အောင်မြင်စွာ လျှောက်လှမ်းနေသလို ဇနီးချောလေးဖြစ်တဲ့ အဆိုတော်မင်းသမီးချော မြသင်းခြယ်နဲ့ းအတူ

သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားကာ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ဖြတ်သန်းနတာလည်း ဖြစ်ပါတယ်နော်..။နေထူးနိုင်တို့ ဇနီးမောင်နှံကတော့ ပျော်စရာ မိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေပေးလေ့ရှိကြပြီး အခုတစ်ခါမှာလည်း နေထူးနိုင်တစ်ယောက်

အိမ်မှာ ဆံပင်တွေ ညှပ်ပေးနေတဲ့ ဇနီးလေးရဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။ တစ်အိမ်လုံးရှိတဲ့လူတွေကို ကိုယ်တိုင်ဆံပင်ညှပ်ပေးနေတဲ့ ဇနီးချောလေး မြသင်းခြယ်ရဲ့ ပုံရိပ်လေးတွေကို ဝေမျှရင်း ရမ်းသမ်းလက်ရာဆိုပြီးတော့လည်း အရွှန်းဖောက်

စနောက်ထားပါသေးတယ်နော်..။ “မားခြယ်ရဲ့ရမ်းသမ်းလက်ရာ ညှပ်ချင်သလား?..” ဆိုပြီး ဆံပင်ညှပ်ပေးနေတဲ့ ချစ်ဇနီးလေးရဲ့ အမှတ်တရပုံလေးတွေကို အခွီလေးပြောပြီး နေထူးနိုင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ..။ ကဲ.. ဒီကနေ့လေးမှာတော့ သားလေးတွေနဲ့ တစ်အိမ်လုံးကို ကိုယ်တိုင်ဆံပင်ညှပ်ပေးနေတဲ့ နေထူးနိုင်ရဲ့ ဇနီးချောမြသင်းခြယ်ရဲ့ ပုံရိပ်လေးတွေကိုလည်း ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : Nay Htoo Naing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *