သူပိုင္တဲ့ တိုက္ခန္းမွာ ငွားရမ္းေနထိုင္သူေတြကို ကိုဗစ္ကာလမွာ အလကားေနခြင့္ျပဳခဲ့တဲ့ ဒိန္းေဒါင္

ပရဟိတအလုပ္နဲ႔ ပတ္သက္ၿပီး လက္မေႏွးတဲ့ ဒိန္းေဒါင္ကေတာ့ ေအာက္တိုဘာလ(၁၀) ရက္ေန႔မွာ က်ေရာက္မယ့္ မိခင္ျဖစ္သူရဲ႕ ေမြးေန႔အတြက္ ပီတိျဖစ္စရာ အလႉတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ဒီအလႉကေတာ့ သူ႔ရဲ႕ တိုက္ခန္းေတြမွာ ငွားရမ္းေနထိုင္ေနတဲ့ အိမ္ငွားေတြဆီကေန Covid ကာလ အတြင္း အိမ္လခ မယူေတာ့ဘူးလို႔ သိရပါတယ္။ ” ရန္ကုန္ၿမိဳ႕တြင္ရွိေသာ ကြၽန္ေတာ္ပိုင္ဆိုင္သည့္တိုက္ခန္းမ်ားတြင္

ငွားရမ္းေနထိုင္သူမ်ားသို႔ ယခု ကိုဗစ္ကာလအေျခေနမ်ားတြင္ စီးပြားေရးအေျခေနမ်ားက်ဆင္းေနေသာေၾကာင့္ စားဝတ္ေနေရးအခက္ခဲမ်ားကိုသိရွိညႇာတာေသာအားျဖင့္ ကြၽန္ေတာ္ဒိန္းေဒါင္(ခ)တင္ေဌးမွ ႏွစ္ဖက္ေသာမိဘမ်ားအားအမႈးထား၍ ကြၽန္ေတာ္၏ မိခင္ေဒၚတင္ေထြးေမြးေန႔အထိမ္းအမွတ္ မိသားစုအလႈအျဖစ္ မနက္ျဖန္(10.10.2020) စေနေန႔ မွစ၍ ကိုဗစ္ကာလပီးဆုံးသည္ထိတိုင္ေအာင္

တိုက္ခန္းငွားရမ္းခ အခေၾကးေငြ တစ္ျပားတစ္ခ်ပ္မွေပးရန္မလိုေတာ့ပဲ ေမတၱာေစတနာျဖင့္သာ အခမဲ့ေနထိုင္ခြင့္ေပးလိုက္ပါေၾကာင္း သတင္းေကာင္းပါးအပ္ပါသည္ခင္ဗ်ား” ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၉ ရက္ေန႔ ေန႔လယ္(၂) နာရီေက်ာ္က ေရးသားခဲ့တာျဖစ္ပါတယ္။ လူ႐ႊင္ေတာ္ ဒိန္းေဒါင္ဟာ ကိုယ္ပိုင္ ပရဟိတအသင္းျဖစ္တဲ့ ခြၽန္တြန္း ပရဟိတအဖြဲ႕နဲ႔ အတူ အလႉအတန္းေတြလုပ္ေနတာ

ေတြ႕ရသလို လူ႐ႊင္ေတာ္အသင္း(ရန္ကုန္) ပရဟိတအဖြဲ႕သားေတြနဲ႔လည္း ပူးေပါင္းၿပီး အမွန္တကယ္ လိုအပ္မႈရွိေနတဲ့ ေနရာေတြသို႔ စားနပ္ရိကၡာမ်ား၊ ေငြေၾကးေထာက္ပံ့မႈမ်ား လႉဒါန္းလွ်က္ရွိတာကိုလည္း ေတြ႕ရပါတယ္။ သူဟာ ဘာသာတရားကိုလည္း အင္မတန္ ကိုင္းရႈိင္းသူ တစ္ေယာက္ျဖစ္ပါတယ္။ အဲဒီေနာက္ အနႏၲေမတၱာ မိဘေက်းဇူးဆပ္ ေစတီေတာ္ ႀကီးကိုလည္း ကိုယ္ပိုင္ တည္ထား ကိုးကြယ္လွ်က္ရွိပါတယ္။ ဒိန္းေဒါင္ကေတာ့

အခုလက္ရွိမွာ ကိုယ္ပိုင္ဇာတ္သဘင္ တည္ေထာင္ထားတာေပမယ့္ Covid ကာလေၾကာင့္ နယ္လွည့္ေဖ်ာ္ေျဖေရးေတြ ရပ္နာထားတယ္လို႔ သိရပါတယ္။ သူ႔ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ ဒိန္းေဒါင္ဟာ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေတြ မွာ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ အဲဒီေနာက္မွာေတာ့ သူငယ္ခ်င္းျဖစ္သူ ခင္လႈိင္နဲ႔ TV Program ေတြမွာ အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ခဲ့တာ ေတြ႕ရပါတယ္။

Read in UNICODE

ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး လက်မနှေးတဲ့ ဒိန်းဒေါင်ကတော့ အောက်တိုဘာလ(၁၀) ရက်နေ့မှာ ကျရောက်မယ့် မိခင်ဖြစ်သူရဲ့ မွေးနေ့အတွက် ပီတိဖြစ်စရာ အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူကတော့ သူ့ရဲ့ တိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်နေတဲ့ အိမ်ငှားတွေဆီကနေ Covid ကာလ အတွင်း အိမ်လခ မယူတော့ဘူးလို့ သိရပါတယ်။ ” ရန်ကုန်မြို့တွင်ရှိသော ကျွန်တော်ပိုင်ဆိုင်သည့်တိုက်ခန်းများတွင်

ငှားရမ်းနေထိုင်သူများသို့ ယခု ကိုဗစ်ကာလအခြေနေများတွင် စီးပွားရေးအခြေနေများကျဆင်းနေသောကြောင့် စားဝတ်နေရေးအခက်ခဲများကိုသိရှိညှာတာသောအားဖြင့် ကျွန်တော်ဒိန်းဒေါင်(ခ)တင်ဌေးမှ နှစ်ဖက်သောမိဘများအားအမှုးထား၍ ကျွန်တော်၏ မိခင်ဒေါ်တင်ထွေးမွေးနေ့အထိမ်းအမှတ် မိသားစုအလှုအဖြစ် မနက်ဖြန်(10.10.2020) စနေနေ့ မှစ၍ ကိုဗစ်ကာလပီးဆုံးသည်ထိတိုင်အောင်

တိုက်ခန်းငှားရမ်းခ အခကြေးငွေ တစ်ပြားတစ်ချပ်မှပေးရန်မလိုတော့ပဲ မေတ္တာစေတနာဖြင့်သာ အခမဲ့နေထိုင်ခွင့်ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား” ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်(၂) နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ လူရွှင်တော် ဒိန်းဒေါင်ဟာ ကိုယ်ပိုင် ပရဟိတအသင်းဖြစ်တဲ့ ချွန်တွန်း ပရဟိတအဖွဲ့နဲ့ အတူ အလှူအတန်းတွေလုပ်နေတာ

တွေ့ရသလို လူရွှင်တော်အသင်း(ရန်ကုန်) ပရဟိတအဖွဲ့သားတွေနဲ့လည်း ပူးပေါင်းပြီး အမှန်တကယ် လိုအပ်မှုရှိနေတဲ့ နေရာတွေသို့ စားနပ်ရိက္ခာများ၊ ငွေကြေးထောက်ပံ့မှုများ လှူဒါန်းလျှက်ရှိတာကိုလည်း တွေ့ရပါတယ်။ သူဟာ ဘာသာတရားကိုလည်း အင်မတန် ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် အနန္တမေတ္တာ မိဘကျေးဇူးဆပ် စေတီတော် ကြီးကိုလည်း ကိုယ်ပိုင် တည်ထား ကိုးကွယ်လျှက်ရှိပါတယ်။ ဒိန်းဒေါင်ကတော့

အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *