The Voice Myanmar ကေန ထြက္ခဲ့ရေပမယ့္ ဝါသနာႀကီးသူျဖစ္တာေၾကာင့္ သီခ်င္းေတြဆက္လုပ္ေနဦးမယ္ဆိုတဲ့ Annie

The Voice Myanmar (Season-3) ရဲ႕ Battle Round ကေနAnnie ကေတာ့ ပရိသတ္ကို ႏႈတ္ဆက္ခဲ့ရသူတစ္ဦးျဖစ္ပါတယ္။ သူမအတြက္ စိတ္မေကာင္းျဖစ္ခဲ့ရတဲ့ ပရိသတ္ေတြကလည္း အမ်ားႀကီးပါ။ ဒါေပမယ့္ Annie က ဂီတကို ဝါသနာႀကီးသူျဖစ္တာေၾကာင့္ သီခ်င္းေတြ ဆက္လုပ္ေနဦးမယ္လို႔ Duwun ကို ေျပာပါတယ္။ “ ညီမေျပာခ်င္တာကေတာ့ ၿပိဳင္ပြဲကေတာ့ ၿပိဳင္ပြဲပါပဲ။ ညီမက လိုအပ္ခ်က္မ်ားတယ္။ အခုခ်ိန္မွာေတာ့ ညီမလုပ္စရာရွိတဲ့ အလုပ္ကို ဆက္လုပ္ေနမွာပဲ။ စိတ္မေကာင္းျဖစ္တာကလည္း

ကိုယ့္ကို အားေပးတဲ့ ပရိသတ္ေတြက ဝမ္းနည္းၾကတယ္ ဆိုတဲ့ အေပၚကို စိတ္မေကာင္းျဖစ္တာပါ။ ကိုယ္လည္း ဒီ ဂီတေလာကထဲမွာ ရွိေနဦးမွာပါ။ သီခ်င္းေတြလည္း ဆက္လုပ္ဦးမွာဆိုေတာ့ ဘာမွ စိတ္မေကာင္း မျဖစ္ဖို႔ ေျပာခ်င္ပါတယ္။ အားလုံးနဲ႔ အၿမဲ အတူတူ ရွိေနမွာပါ” လို႔ ဆိုပါတယ္။ Annie ဟာ Cover Song ေတြကို ျပန္လည္သီဆိုရင္း ပရိသတ္ရင္ထဲေရာက္ခဲ့တဲ့ အဆိုရွင္ေလး ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူမရဲ႕ ကိုယ္ပိုင္သီခ်င္းေလးေတြ ပုံေဖာ္ဖို႔ ျပင္ဆင္ေနၿပီလို႔လည္း ေျပာခဲ့ပါေသးတယ္။ “ အခု သီခ်င္း အသစ္ေတြလုပ္ဖို႔အတြက္

Project စလုပ္ေနၿပီ။ Cover Song ေတြက က်ေတာ့ ရွိၿပီးသား သီခ်င္းေတြကို ျပန္ဆိုရတဲ့ အခ်ိန္မွာ ပိုၿပီးေတာ့ ေတြးရတယ္လို႔ ညီမထင္တယ္။ မူရင္း သီခ်င္းက ကိုယ္ဆိုလိုက္မွ အရသာမရွိေတာ့မွာ၊ အရမ္းႀကီး ကြဲထြက္သြားမွာေတြကို အမ်ားႀကီး ေတြးရတယ္။ ကိုယ့္သီခ်င္းက်ေတာ့ ကိုယ္ႀကိဳက္သလို ဆိုလို႔ရတယ္။ စိတ္လည္းေပါ့တယ္။ ညီမ ဆိုေနၾက သီခ်င္းပုံစံေတြျဖစ္တဲ့ R&B သီခ်င္းပုံစံေတြအျပင္ ကိုယ္နဲ႔ လိုက္မယ့္ Music Type ေတြကိုပဲ ရွာေဖြၿပီး သီခ်င္းေတြ

ဖန္တီးသြားမွာပါ” လို႔ ဆက္လက္ေျပာျပလာပါတယ္။ Annie ဟာ ၂၀၁၇ ေလာက္ကတည္းက သူမႀကိဳက္ႏွစ္သက္တဲ့ အဂၤလိပ္သီခ်င္းေလးေတြကို Cover Song အျဖစ္ သီဆိုရင္း လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ျပန္လည္ မွ်ေဝခဲ့ရာမွာ ပရိသတ္ေတြက အားေပးခဲ့ၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ The Voice Myanmar(Season-3) မွာ Team Kyar Pauk အဖြဲ႕ကေန ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ အခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို ပိုမိုရရွိခဲ့တာ ျဖစ္ပါတယ္။

Read in UNICODE

The Voice Myanmar (Season-3) ရဲ့ Battle Round ကနေAnnie ကတော့ ပရိသတ်ကို နှုတ်ဆက်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ ဒါပေမယ့် Annie က ဂီတကို ဝါသနာကြီးသူဖြစ်တာကြောင့် သီချင်းတွေ ဆက်လုပ်နေဦးမယ်လို့ Duwun ကို ပြောပါတယ်။ “ ညီမပြောချင်တာကတော့ ပြိုင်ပွဲကတော့ ပြိုင်ပွဲပါပဲ။ ညီမက လိုအပ်ချက်များတယ်။ အခုချိန်မှာတော့ ညီမလုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေမှာပဲ။ စိတ်မကောင်းဖြစ်တာကလည်း

ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေက ဝမ်းနည်းကြတယ် ဆိုတဲ့ အပေါ်ကို စိတ်မကောင်းဖြစ်တာပါ။ ကိုယ်လည်း ဒီ ဂီတလောကထဲမှာ ရှိနေဦးမှာပါ။ သီချင်းတွေလည်း ဆက်လုပ်ဦးမှာဆိုတော့ ဘာမှ စိတ်မကောင်း မဖြစ်ဖို့ ပြောချင်ပါတယ်။ အားလုံးနဲ့ အမြဲ အတူတူ ရှိနေမှာပါ” လို့ ဆိုပါတယ်။ Annie ဟာ Cover Song တွေကို ပြန်လည်သီဆိုရင်း ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အဆိုရှင်လေး ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ပုံဖော်ဖို့ ပြင်ဆင်နေပြီလို့လည်း ပြောခဲ့ပါသေးတယ်။ “ အခု သီချင်း အသစ်တွေလုပ်ဖို့အတွက်

Project စလုပ်နေပြီ။ Cover Song တွေက ကျတော့ ရှိပြီးသား သီချင်းတွေကို ပြန်ဆိုရတဲ့ အချိန်မှာ ပိုပြီးတော့ တွေးရတယ်လို့ ညီမထင်တယ်။ မူရင်း သီချင်းက ကိုယ်ဆိုလိုက်မှ အရသာမရှိတော့မှာ၊ အရမ်းကြီး ကွဲထွက်သွားမှာတွေကို အများကြီး တွေးရတယ်။ ကိုယ့်သီချင်းကျတော့ ကိုယ်ကြိုက်သလို ဆိုလို့ရတယ်။ စိတ်လည်းပေါ့တယ်။ ညီမ ဆိုနေကြ သီချင်းပုံစံတွေဖြစ်တဲ့ R&B သီချင်းပုံစံတွေအပြင် ကိုယ်နဲ့ လိုက်မယ့် Music Type တွေကိုပဲ ရှာဖွေပြီး သီချင်းတွေ

ဖန်တီးသွားမှာပါ” လို့ ဆက်လက်ပြောပြလာပါတယ်။ Annie ဟာ ၂၀၁၇ လောက်ကတည်းက သူမကြိုက်နှစ်သက်တဲ့ အင်္ဂလိပ်သီချင်းလေးတွေကို Cover Song အဖြစ် သီဆိုရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည် မျှဝေခဲ့ရာမှာ ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ The Voice Myanmar(Season-3) မှာ Team Kyar Pauk အဖွဲ့ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *