အရှေ့ဒဂုံမှာ စားသောက်ကုန်နဲ့ အသုံးအဆောင် ပစ္စည်းတွေကို ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ မေကဗျာ
Read in UNICODE
မေကဗျာကတော့ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ အခုချိန်အထိ အစွမ်းကုန် လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ ကလေးမေမေဖြစ်တဲ့ မေကဗျာက လူငယ်လေးတစ်ယောက်လို လန်းဆန်းနုပျိုနေတာဆိုရင်လည်း မမှားပါဘူးနော် ။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ မေကဗျာက ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်နေသလို Photo Shooting လေးတွေလည်း ရိုက်ကူးနေရတာ
ဖြစ်ပါတယ် ။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတဲ့ မေကဗျာက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အတူလက်တွဲပြီး Facebook မှာ Live လွှင့်ကာ ပစ္စည်းတွေရောင်းချနေတာပဲ ဖြစ်ပါတယ် ။ မေကဗျာက သူမရဲ့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းရင်း အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ မေကဗျာက သူမရဲ့
လူမှုကွန်ယက်စာမျက်နှာကနေ အလှူဒါနလေးတစ်ခုပြုလုပ်နေကြောင်း မျှဝေထားတာ ဖြစ်ပါတယ် ။မေကဗျာက သူမနဲ့အတူ လက်တွဲခဲ့တဲ့ လုပ်ငန်းရှင်များရဲ့အလှူဆိုပြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းနေတာလေးတွေကို Live လွှင့်ပေးခဲ့တာ
ဖြစ်ပါတယ်။ မေကဗျာကတော့ ဆန်၊ဆီ၊စားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို အရှေ့ဒဂုံမှာ သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေကဗျာရဲ့Live Video လေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : May Kabyar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *