အမေနဲ့ ဖုန်းပြောရင်း သိခဲ့ရတဲ့ အသက်(၉၀)ကျော် အဖိုးဖြစ်သူရဲ့ အကြောင်းကို မျှဝေခဲ့တဲ့ ဥက္ကာမင်းမောင်






Read in UNICODE

ပရိသတ်အခိုင်အမာနဲ့ အနုပညာလောကမှာ အောင်မြင်မှုရရှိထားတဲ့ အနုပညာရှင်ကတော့ မင်းသားချော ဥက္ကာမင်းမောင်ပဲ ဖြစ်ပါတယ်နော်..။မော်လ်ဒယ်လောကမှ သရုပ်ဆောင်ဘက်ကို ရောက်ရှိကာ ဇာတ်ကားတွေလည်း ရိုက်ကူးထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်

ဥက္ကာမင်းမောင်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားကာ ချစ်သူနဲ့အတူ နိုင်ငံခြား နေထိုင်နေတာပါနော်..။အဝေးရောက်နေပေမယ့် ချစ်ရတဲ့ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ဥက္ကာမင်းမောင်ကတော့ အခုတစ်ခါမှာလည်း

အဖိုးရဲ့အကြောင်းကို ပြောပြလာပါတယ်နော်..။ မိခင်ဖြစ်သူနဲ့ ဖုန်းပြောနေရင်း ခေတ်မှီပြီး ဖေ့စ်ဘွတ်သုံးတာ ကျွမ်းနေတဲ့ အသက် (၉၀)ကျော် အဖိုးဖြစ်သူရဲ့အကြောင်းကို ပြောပြလာတာ ဖြစ်ပါတယ်နော်..။ “မေကြီးနဲ့ ဖုန်းပြောတုန်း အဖိုးကော နေကောင်းလား

ဘာလုပ်နေလဲ လို့မေးတော့ အဖိုး Facebook သုံးနေတယ်တဲ့.. အဖိုးက အသက် ၉၀ ကျော်ပြီ.. သုံးတတ်လို့လားဆိုတော့ ကျွမ်းနေရောပဲတဲ့..Facetime တွေခေါ် ..Chatting တွေလုပ်တတ် ပြီး .. တခါတလေ Live

တောင်လွှင့်လိုက်သေးတယ်ဆိုပဲ.. ကဲ..ဒီလို ခေတ်မှီသော..” ဆိုပြီး ပြောပြထားပါ..။မေမေနဲ့ ဖုန်းပြောရင်း သိလိုက်ရတဲ့ အဖိုးရဲ့အကြောင်း ပြောပြလာတဲ့ ဥက္ကာမင်းမောင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ဝေမျှလိုက်ပါတယ်နော်..။

Source : Okkar Min Maung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *