အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လူအများစိတ်ဝင်စားနေကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းအကြောင်း ရှင်းပြခဲ့တဲ့ စိုင်းစိုင်း
Read in UNICODE
စိုင်းစိုင်းခမ်းလှိုင်ကတော့ “ချောကလတ်ရောင်ရေခဲအိပ်မက်များ” ဆိုတဲ့ သီချင်းခွေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ရုပ်ရှင်၊ ဂီတ နယ်ပယ်မှာ တောက်ပလာခဲ့ပြီး အခုဆိုရင် ပြိုင်စံရှား အနုပညာရှင်တစ်ယောက်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့
အနုပညာရှင်တစ်ယောက်ပီပီ ပရိသတ်တွေက ချစ်စနိုးနဲ့ အမြဲတမ်း စနောက်လေ့ရှိပေမယ့် စိုင်းစိုင်းခမ်းလှိုင်ကတော့ စိတ်မဆိုးတဲ့အပြင် စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ တောင်ကြီးကကျောင်းနေဘက်သူငယ်ချင်းဆိုတဲ့
ဓာတ်ပုံအကြောင်းကို အခုလိုပဲ ရှင်းပြလာပါတယ်။ “By the way , ဒီပုံက ဒါရိုက်တာ ဆရာတင်အောင်စိုးနဲ့ ပွဲတစ်ခုမှာတွေ့လို့ ရိုက်ထားတဲ့ပုံပါ။ Caption က သူနောက်ပြောင်ပြီးရေးထားတာပါနော်။ ကျောင်းနေဖက်မဟုတ်ဘူးခင်ဗျာ 😂😂😂 ( အမှန်တော့ကျောင်းနေဖက်တွေ ဒီထက်ကြီးပါတယ် 😝 )” ဆိုပြီး ပြန်လည်စနောက်လာခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့
တစ်နှစ်တည်းကျောင်းနေဘက်က သူ့ထက် အသက်ပိုကြီးနေတဲ့ပုံပေါက်လို့ ထူးဆန်းနေကြတဲ့ ပရိသတ်တွေကို အဖြစ်မှန်ရှင်းပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Sai Sai Khem Leng’s Facebook
Add a Comment
Your email address will not be published. Required fields are marked *