ပရိသတ်တွေ ကိုဗစ်ကာလမှာ စိတ်ဓာတ်မကျအောင် အားကြိုးမာန်တက် အားပေးစကားပြောခဲ့တဲ့ နေတိုး






Read in UNICODE

နေတိုးကတော့ အောင်မြင်လျက်ရှိနေတဲ့အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ နေတိုးကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို

အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ နေတိုးကတော့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ နေတိုးကတော့ စိတ်သဘောထားဖြူစင်ပြီး

လူတိုင်းကို အပြုံးလေးတွေနဲ့ ပြောဆိာဆက်ဆံတက်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နေတိုးကတော့ ကိုဗစ်ကာလမှာ ပရိသတ်တွေစိတ်ဓာတ်မကျစေဖို့အတွက် အားကြိုးမာန်တက်နဲ့ အားပေးစကားပြောနေခဲ့တဲ့ TIKTOKဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။ နေတိုးရဲ့ အားပေးစကားဆိုနေတဲ့ အဆိုပါဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

နေတိုးကတော့ “အားတင်းထားပါ ခင်ဗျာ။ ကျွန်တော်တို့ အားလုံး ဒီအခြေအနေကို အတူတူကျော်ဖြတ်ကြမယ်။ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ အားလုံးလိုချင်နေတဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့ကို ရောက်ကိုရောက်လာရမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ အားလုံးပဲ Fighting ! ” ဆိုပြီး အားကြိုးမာန်တက်စွာနဲ့ ပရိသတ်တွေကို အားပေးစကားပြောခဲ့တာဖြစ်ပါတယ်။ 

ပရိသတ်ကြီးရော နေတိုးပြောခဲ့တဲ့စကားတွေကနေ ခွနိအားတွေရပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အားလုံးပဲ ဒီအခြေအနေကြီးကို အတူတူကျော်ဖြတ်ပြီး နေတိုးပြောခဲ့တဲ့ အားလုံးလိုချင်နေတဲ့ နေ့တစ်နေ့ရောက်အောင် အတူကြိုးစားကြတာပေါ့။ ပရိသတ်ကြီးရဲ့ အမြင်ကိုလဲ ရေးခဲ့ပေးပါဦးနော်။ အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Source : Nay Toe’s Tiktok

Add a Comment

Your email address will not be published. Required fields are marked *