ခ်စ္ဇနီးေလး နႏၵာလွိုင္က သမီးရည္းစား ဘဝတုန္းက သူ ညဘက္အျပင္ခိုးထြက္တာကို ဘယ္လို မိေအာင္ဖမ္းခဲ့လဲဆိုတာ ေျပာျပခဲ့တဲ့ ေဇသီဟ

ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို ယေန႔အခ်ိန္အထိတိုင္ေအာင္ အခိုင္အမာရရွိေနတဲ့ အႏုပညာရွင္ေတြထဲမွာေတာ့ မင္းသမီးေခ်ာနႏၵာလႈိင္က ထိပ္ဆုံးကေန ပါဝင္တာျဖစ္ပါတယ္ ။ အႏုပညာအလုပ္ေတြနဲ႔ေဝးကြာေနခဲ့တဲ့ နႏၵာလႈိင္က သူမရဲ႕လႈပ္ရွားမႈေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္

မွ်ေဝေပးေနတာ ျဖစ္ပါတယ္ ။ ပရိသတ္ေတြကေတာ့ သမီးသုံးေယာက္နဲ႔ေပ်ာ္႐ႊင္စရာေကာင္းတဲ့ နႏၵာလႈိင္ရဲ႕မိသားစုဘဝေလးကို အားက်ေနရတာ ျဖစ္ပါတယ္။ နႏၵာလႈိင္က သူမအေပၚမွာ တန္ဖိုးထားခ်စ္ျမတ္ႏိုးၿပီး မိသားစုကိုအျပည့္အဝေစာင့္ေရွာက္ႏိုင္တဲ့ ခ်စ္ခင္ပြန္းကိုပိုင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ နႏၵာလႈိင္ရဲ႕ခင္ပြန္းကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္သလို ခ်စ္ဇနီးနဲ႔အမွတ္တရေတြကိုလည္း

အၿမဲတမ္းရင္ထဲမွာ သိမ္းဆည္းထားတတ္သူျဖစ္ပါတယ္။ အခုလည္း နႏၵာလႈိင့္ရဲ႕ခင္ပြန္း ေဇသီဟက “သမီးရည္းစားဘဝမွာ ညဘက္ဖုန္းေျပာၿပီး Good Nightဆိုတာ လုပ္ေလ့ရွိၾကတယ္။ ဂိမ္းေဆာ့တာမက္တဲ့ ကြၽန္ေတာ္က Good Night ၿပီးရင္ ကားေမာင္းၿပီး အျပင္မွာ ထြက္ေဆာ့တယ္။ မိုးလင္းခါနီးမွ

ျပန္လာတတ္တယ္။ (တစ္ႏွစ္မွာ တစ္ခါေလာက္ပါ။)” “တစ္ရက္ Good Night ၿပီးေတာ့ ထုံးစံအတိုင္း အျပင္ဒိုးတာေပါ့။ အဲ့ေတာ့ နႏၵာက ဘယ္လိုဖမ္းသလဲ သိလား။ မနက္ ကြၽန္ေတာ္ မႏိုးေသးတဲ့အခ်ိန္ အိမ္ကိုလာတယ္။ ကားေဘာနပ္ကို လက္နဲ႔စမ္းၿပီးမွ ကြၽန္ေတာ့္အခန္းထဲမွာ

လာႏႈိးတယ္ေလ။ ပထမေတာ့ ျငင္းလိုက္ေသးတယ္။ ကားေဘာနပ္ ပူေနတဲ့အေၾကာင္းေျပာမွ ဝန္ခံ လိုက္ရတယ္။ သင့္အေျခအေနကို ကယ္တင္ဖို႔ ဂိမ္းေဆာ့တတ္တဲ့အက်င့္ေလးတစ္ခု ရွိထားဖို႔လိုတယ္။” ဆိုၿပီး နႏၵာလႈိင္နဲ႔ သမီးရည္းစားဘဝတုန္းက အမွတ္တရအျဖစ္အပ်က္ေလးတစ္ခုကို ေရးသားေျပာျပထားတာပဲ ျဖစ္ပါတယ္ ။

Read in UNICODE

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ယနေ့အချိန်အထိတိုင်အောင် အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တွေထဲမှာတော့ မင်းသမီးချောနန္ဒာလှိုင်က ထိပ်ဆုံးကနေ ပါဝင်တာဖြစ်ပါတယ် ။ အနုပညာအလုပ်တွေနဲ့ဝေးကွာနေခဲ့တဲ့ နန္ဒာလှိုင်က သူမရဲ့လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်

မျှဝေပေးနေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သမီးသုံးယောက်နဲ့ပျော်ရွှင်စရာကောင်းတဲ့ နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးကို အားကျနေရတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်က သူမအပေါ်မှာ တန်ဖိုးထားချစ်မြတ်နိုးပြီး မိသားစုကိုအပြည့်အဝစောင့်ရှောက်နိုင်တဲ့ ချစ်ခင်ပွန်းကိုပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ခင်ပွန်းကတော့ ပျော်ပျော်နေတတ်သလို ချစ်ဇနီးနဲ့အမှတ်တရတွေကိုလည်း

အမြဲတမ်းရင်ထဲမှာ သိမ်းဆည်းထားတတ်သူဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင့်ရဲ့ခင်ပွန်း ဇေသီဟက “သမီးရည်းစားဘဝမှာ ညဘက်ဖုန်းပြောပြီး Good Nightဆိုတာ လုပ်လေ့ရှိကြတယ်။ ဂိမ်းဆော့တာမက်တဲ့ ကျွန်တော်က Good Night ပြီးရင် ကားမောင်းပြီး အပြင်မှာ ထွက်ဆော့တယ်။ မိုးလင်းခါနီးမှ

ပြန်လာတတ်တယ်။ (တစ်နှစ်မှာ တစ်ခါလောက်ပါ။)” “တစ်ရက် Good Night ပြီးတော့ ထုံးစံအတိုင်း အပြင်ဒိုးတာပေါ့။ အဲ့တော့ နန္ဒာက ဘယ်လိုဖမ်းသလဲ သိလား။ မနက် ကျွန်တော် မနိုးသေးတဲ့အချိန် အိမ်ကိုလာတယ်။ ကားဘောနပ်ကို လက်နဲ့စမ်းပြီးမှ ကျွန်တော့်အခန်းထဲမှာ

လာနှိုးတယ်လေ။ ပထမတော့ ငြင်းလိုက်သေးတယ်။ ကားဘောနပ် ပူနေတဲ့အကြောင်းပြောမှ ဝန်ခံ လိုက်ရတယ်။ သင့်အခြေအနေကို ကယ်တင်ဖို့ ဂိမ်းဆော့တတ်တဲ့အကျင့်လေးတစ်ခု ရှိထားဖို့လိုတယ်။” ဆိုပြီး နန္ဒာလှိုင်နဲ့ သမီးရည်းစားဘဝတုန်းက အမှတ်တရအဖြစ်အပျက်လေးတစ်ခုကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source : Zay Thiha’s Facebook

Add a Comment

Your email address will not be published. Required fields are marked *