ယုန္ေလးရဲ႕ ေၾကာ္ျငာနဲ႔ပတ္သတ္ၿပီး ျပင္းထန္စြာ ေဝဖန္ခံေနရတဲ့အေပၚ ျပန္လည္ေျဖရွင္းခဲ့တဲ့ ေအးမင္းဟိန္း

ဟာသေတြ ပရိသတ္ေတြကို အၿမဲတင္ဆက္ေပးၿပီး video reaction ေတြျပဳလုပ္ၿပီး ရယ္ေမာေပ်ာ္႐ႊင္ေစတဲ့ ေဖ့ဘုတ္စ္ ဆယ္လီတစ္ေယာက္ျဖစ္တဲ့ေအးမင္းဟိန္းကေတာ့ လတ္တေလာမွာ ပရိသတ္ေတြၾကားမွာအေတာ္ေလးေဝဖန္မႈျပင္း ထန္ေနတဲ့ေၾကာ္ျငာမွာ ပါဝင္႐ိုက္ကူးခဲ့ပါတယ္ ။ဒီေၾကာ္ျငာ ဗီဒီယိုေၾကာင့္ သူ႔အတြက္ေဝဖန္မႈေတြအျပင္းအထန္ခံခဲ့ရတာပါ ။ဒီေၾကာ္ျငာနဲ႔ ပတ္သတ္ၿပီး ေအးမင္းဟိန္းဟာ Social Media

ေပၚမွာေတာင္းပန္ခဲ့သလို ယခုရက္ပိုင္းမီဒီယာေတြ႕ဆုံမႈတစ္ခုမွာလည္းသူ႔အေနနဲ႔ ဒီလို႐ြံစရာအျပဳအမူေတြ ျပဳလုပ္ခဲ့မိတဲ့ အေပၚ ေတာင္းပန္ေၾကာင္းဆိုလာခဲ့သလို ေဝဖန္မႈေတြကို ေက်ေက်နပ္နပ္နဲ႔ပဲ လက္ခံပါတယ္လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။ေအးမင္းဟိန္းက “ဒီလိုေဝဖန္တာက အျမင္မေတာ္လို႔ ေဝဖန္တယ္လို႔ပဲျမင္ပါတယ္။တိုက္ခိုက္တယ္လို႔ေတာ့ မျမင္ပါဘူး။အကို႔အေနနဲ႔ ဒီလိုမ်ိဳးမလုပ္သင့္ဘူးဘာညာေတာ့

ေျပာၾကတာေတြရွိပါတယ္။ကြၽန္ေတာ္လည္းျပင္ဆင္ေျပာင္းလဲထားပါတယ္” ဆိုရွယ္မီဒီယာမွာအဲ့ဒီပို႔စ္ေလးတင္လိုက္တာက ရည္႐ြယ္ခ်က္ကေတာ့ရွင္းပါတယ္။ကြၽန္ေတာ့အေကာင့္ထဲမွာ ကြၽန္ေတာ့ကို အားေပးလာတဲ့ ပရိသတ္ေတြေပါ့ အဲ့ဒီထဲမွာမွ ကေလးေလးေတြပါတယ္ လူႀကီးႀကီးေတြပါတယ္ အသက္ေတာ္ေတာ္ႀကီးတယ္ေပါ့ေနာ္ ဦးဦးေဒၚေဒၚေတြ လည္းပါတယ္ေပါ့ေနာ္ သူတို႔ေတြအတြက္ အဓိကေတာင္းပန္တာပဲျဖစ္ပါတယ္ ကေလးေလးေတြ လူႀကီးသူမေတြအတြက္ မသင့္ေတာ္တဲ့ အေျပာအဆိုေတြ

အမူအရာေတြျပဳလုပ္ခဲ့မိလို႔ ေတာင္းပန္ထားျခင္းျဖစ္ပါတယ္။ ေနာက္ဒီလိုကိစၥမ်ိဳးကရွိလာမွာမဟုတ္ေတာ့ပါဘူး။ေနာက္ဆိုလို႔ရွိရင္ ေသခ်ာစဥ္းစားၿပီးေတာ့ အလုပ္တစ္ခုကိုလုပ္သြားမွာျဖစ္ပါတယ္” လို႔ ဆိုသြားခဲ့တာပါ။ “ကိုယ့္ကိုခ်စ္ၿပီးေတာ့ အားေပးတဲ့ပရိသတ္ မႀကိဳက္တာလုပ္မိတဲ့အတြက္ ေနာင္တေတာ့ရတာေပါ့….အခုေတာ့ ႀကိဳးစားၿပီးေတာ့ ျပန္လည္ျပင္ဆင္ေနပါတယ္ အဲ့ဒါေၾကာင့္မို႔ ပရိသတ္ေတြကလည္း

အျပစ္မျမင္ပဲ ဆက္ၾကည့္ေပးၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္။ ကြၽန္ေတာ္ကအႏုပညာရွင္လည္းမဟုတ္ေသးပါဘူး ဝါသနာရွင္အဆင့္ပဲရွိပါေသးတယ္ ကြၽန္ေတာ္ႀကိဳးစားေနဆဲပါ…. အႏုပညာရွင္ျဖစ္ေအာင္လို႔ တဆင့္ၿပီးတဆင့္ သူမ်ားေတြလို ခုန္ကူးသြားတာမ်ိဳးမရွိပဲ Level တစ္ခုၿပီးတစ္ခုေပါ့ အႏုပညာရွင္မဟုတ္ေပမယ့္ ဝါသနာရွင္တစ္ေယာက္အေနနဲ႔လည္း

ပရိသတ္ကအေရးႀကီးပါတယ္ မဟုတ္လို႔ရွိရင္တစ္ေယာက္တည္း Video ေတြတင္ၿပီးလမ္းေပ်ာက္သလို ျဖစ္ေနမွာေပါ့ ဒီကိစၥအေပၚမွာ ကြၽန္ေတာ့ကိုအားမလိုအားမရျဖစ္ၿပီး ဝန္းရံေပးခဲ့ၾကတဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္လို႔ ဆိုလာခဲ့တာပါပရိသတ္ႀကီးေရ ယုန္ေလးရဲ႕ေၾကာ္ျငာကေတာ့ ျပင္းထန္စြာေဝဖန္ခံေနရတာျဖစ္ကာ ပါဝင္ခဲ့သူေတြကေတာ့ အမွားရွိခဲ့ရင္ ေတာင္းပန္ပါတယ္လို႔ဆိုထားၾကတာျဖစ္ပါတယ္။

Read in UNICODE

ဟာသတွေ ပရိသတ်တွေကို အမြဲတင်ဆက်ပေးပြီး video reaction တွေပြုလုပ်ပြီး ရယ်မောပျော်ရွှင်စေတဲ့ ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ဖြစ်တဲ့အေးမင်းဟိန်းကတော့ လတ်တလောမှာ ပရိသတ်တွေကြားမှာအတော်လေးဝေဖန်မှုပြင်း ထန်နေတဲ့ကြော်ငြာမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ် ။ဒီကြော်ငြာ ဗီဒီယိုကြောင့် သူ့အတွက်ဝေဖန်မှုတွေအပြင်းအထန်ခံခဲ့ရတာပါ ။ဒီကြော်ငြာနဲ့ ပတ်သတ်ပြီး အေးမင်းဟိန်းဟာ Social Media

ပေါ်မှာတောင်းပန်ခဲ့သလို ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာလည်းသူ့အနေနဲ့ ဒီလိုရွံစရာအပြုအမူတွေ ပြုလုပ်ခဲ့မိတဲ့ အပေါ် တောင်းပန်ကြောင်းဆိုလာခဲ့သလို ဝေဖန်မှုတွေကို ကျေကျေနပ်နပ်နဲ့ပဲ လက်ခံပါတယ်လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။အေးမင်းဟိန်းက “ဒီလိုဝေဖန်တာက အမြင်မတော်လို့ ဝေဖန်တယ်လို့ပဲမြင်ပါတယ်။တိုက်ခိုက်တယ်လို့တော့ မမြင်ပါဘူး။အကို့အနေနဲ့ ဒီလိုမျိုးမလုပ်သင့်ဘူးဘာညာတော့

ပြောကြတာတွေရှိပါတယ်။ကျွန်တော်လည်းပြင်ဆင်ပြောင်းလဲထားပါတယ်” ဆိုရှယ်မီဒီယာမှာအဲ့ဒီပို့စ်လေးတင်လိုက်တာက ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ကျွန်တော့အကောင့်ထဲမှာ ကျွန်တော့ကို အားပေးလာတဲ့ ပရိသတ်တွေပေါ့ အဲ့ဒီထဲမှာမှ ကလေးလေးတွေပါတယ် လူကြီးကြီးတွေပါတယ် အသက်တော်တော်ကြီးတယ်ပေါ့နော် ဦးဦးဒေါ်ဒေါ်တွေ လည်းပါတယ်ပေါ့နော် သူတို့တွေအတွက် အဓိကတောင်းပန်တာပဲဖြစ်ပါတယ် ကလေးလေးတွေ လူကြီးသူမတွေအတွက် မသင့်တော်တဲ့ အပြောအဆိုတွေ

အမူအရာတွေပြုလုပ်ခဲ့မိလို့ တောင်းပန်ထားခြင်းဖြစ်ပါတယ်။ နောက်ဒီလိုကိစ္စမျိုးကရှိလာမှာမဟုတ်တော့ပါဘူး။နောက်ဆိုလို့ရှိရင် သေချာစဉ်းစားပြီးတော့ အလုပ်တစ်ခုကိုလုပ်သွားမှာဖြစ်ပါတယ်” လို့ ဆိုသွားခဲ့တာပါ။ “ကိုယ့်ကိုချစ်ပြီးတော့ အားပေးတဲ့ပရိသတ် မကြိုက်တာလုပ်မိတဲ့အတွက် နောင်တတော့ရတာပေါ့….အခုတော့ ကြိုးစားပြီးတော့ ပြန်လည်ပြင်ဆင်နေပါတယ် အဲ့ဒါကြောင့်မို့ ပရိသတ်တွေကလည်း

အပြစ်မမြင်ပဲ ဆက်ကြည့်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်ကအနုပညာရှင်လည်းမဟုတ်သေးပါဘူး ဝါသနာရှင်အဆင့်ပဲရှိပါသေးတယ် ကျွန်တော်ကြိုးစားနေဆဲပါ…. အနုပညာရှင်ဖြစ်အောင်လို့ တဆင့်ပြီးတဆင့် သူများတွေလို ခုန်ကူးသွားတာမျိုးမရှိပဲ Level တစ်ခုပြီးတစ်ခုပေါ့ အနုပညာရှင်မဟုတ်ပေမယ့် ဝါသနာရှင်တစ်ယောက်အနေနဲ့လည်း

ပရိသတ်ကအရေးကြီးပါတယ် မဟုတ်လို့ရှိရင်တစ်ယောက်တည်း Video တွေတင်ပြီးလမ်းပျောက်သလို ဖြစ်နေမှာပေါ့ ဒီကိစ္စအပေါ်မှာ ကျွန်တော့ကိုအားမလိုအားမရဖြစ်ပြီး ဝန်းရံပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဆိုလာခဲ့တာပါပရိသတ်ကြီးရေ ယုန်လေးရဲ့ကြော်ငြာကတော့ ပြင်းထန်စွာဝေဖန်ခံနေရတာဖြစ်ကာ ပါဝင်ခဲ့သူတွေကတော့ အမှားရှိခဲ့ရင် တောင်းပန်ပါတယ်လို့ဆိုထားကြတာဖြစ်ပါတယ်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *