မိဘတွေကိုလုပ်ကျွေးပြစုတာပြီး စေတနာကောင်းတာကြောင့် တန်ဖိုးကြီးလက်ဆောင်လေးကို ရရှိခဲ့တယ်ဆိုတဲ့ ဘေဘီမောင်






Read in UNICODE

ဘေဘီမောင်က အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ဘေဘီမောင်ဟာ စိတ်သဘောထားပြည့်ဝပြီး စကားပြောပွင့်လင်းသူဖြစ်ကာ ဘယ်အရာမဆို

စေတနာပါပါနဲ့ စိတ်ရှည်ရှည် အကောင်းဆုံးကြိုးစားလုပ်ကိုင်မှုတွေကြောင့် အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကလည်း ချစ်ခင်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့အချိန်ထိ အိမ်ထောင်မပြုသေးပဲ မိဘကို လုပ်ကျွေးပြုစုနေတဲ့ လိမ္မာတဲ့သမီးကောင်းရတနာလေးပဲဖြစ်ပါတယ်။ မိဘပေါ်မှာလည်း သိတတ်လိမ္မာတဲ့

သမီးလေးတစ်ယောက်ဖြစ်သလို အသက်ငယ်ရွယ်ပေမယ့် ဘာသာတရား အထူးကိုင်းရှိုင်းသူဖြစ်ပြီး လေးစားစရာကောင်းတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ယခုမှာတော့ ဘေဘီမောင်က သူမရဲ့ စေတနာအပြည့်နဲ့ ကြိုးစားလုပ်ကိုင်မှုတွေကြောင့် အမှတ်မထင် တန်ဖိုးကြီး လက်ဆောင်တစ်ခုရခဲ့လို့ ချစ်တဲ့ပရိသတ်တွေကို

အသိပေးဖော်ပြလာခဲ့ပါတယ်။ ဒီ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းလေးကတော့ စေတနာအပြည့်နဲ့ liveလွှင့်ပြီး စိန်ရောင်းပေးတာကြောင့် သူမရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ တန်ဖိုးကြီး နားဆွဲ လက်ဆောင်ရခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ဘေဘီမောင်က ” မိဘကိုအလုပ်ကျွေးပြုပီး စေတနာကောင်းတဲ့အတွက်ကံကောင်းပါတယ်လေ….

ဒီနေ့စိန်liveလွှင့်ရောင်းတာလေးရဲ့ စိန်ပိုင်ရှင်တီတီရဲ့ နားဆွဲလက်ဆောင်လေးနဲ့အနုပညာကြေးလေးပါမိဘကိုတစ်သက်လုံးအလုပ်ကျွေးပြုမယ်သမီးအလိမ္မာလေးပါ” ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ….ချစ်ပရိသတ်ရေ အချစ်တော်လေး ဘေဘီမောင်နဲ့အတူ ထပ်တူထပ်မျှ ဝမ်းသာပျော်ရွှင်ရမယ်လို မျှော်လင့်မိပါတယ်။

Source : Baby Maung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *