လက္ရွိတြဲေနတဲ့ ခ်စ္သူက ပိုက္ဆံရွိအသိုင္းအဝိုင္းထဲက မဟုတ္ေပမယ့္ စိတ္ခ်မ္းသာေနရတယ္ဆိုတဲ့ ေအသင္ခ်ိဳေဆြ

ေအသင္ခ်ိဳေဆြကေတာ့ သူမရဲ႕ မိသားစုကိုေရာ၊ သမီးေလးကိုပါ တန္ဖိုးထားၿပီး ခ်စ္ေပးတဲ့ ခ်စ္သူတစ္ေယာက္ ပိုင္ဆိုင္ထားတယ္လို႔ဆိုပါတယ္။ သူမရဲ႕ ခ်စ္သူက သူေဌးသားတစ္ေယာက္ မဟုတ္ေပမယ့္ စိတ္သေဘာထားျပည့္ဝတဲ့သူျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။ “ သူ႔ကို လက္ခံလိုက္တဲ့ အေၾကာင္းအရင္း (၂) ခ်က္ရွိတယ္။ အေမ နဲ႔ ေတာ္ေတာ္ အဆင္ေျပတာရယ္၊ Ivy ေလးကို သူ႔ရဲ႕ သမီးအရင္းတစ္ေယာက္လို

ခ်စ္တာရယ္ေပါ့။ အဓိက ကေတာ့ ကိုယ္က်င့္တရားေကာင္းတယ္၊ အလုပ္ႀကိဳးစားခ်င္တဲ့ စိတ္ရွိတယ္။ ၿပီးေတာ့ ၾကင္နာတတ္တယ္၊ ကိုယ္ခ်င္းစာတရားရွိတယ္။ ခ်စ္သူက သာမန္ထဲကပါပဲ။ အရမ္းခ်မ္းသာၿပီးေတာ့ ပိုက္ဆံရွိတဲ့ သူေဌးသားတစ္ေယာက္လည္း မဟုတ္ဘူး။ သူက သူ႔မိသားစုကိုလည္း တန္ဖိုးထားသလို ကိုယ့္မိသားစုကိုလည္း တန္ဖိုးထားတယ္။ အဓိ ကေတာ့ သူ႔ရဲ႕ စိတ္ထားေလး အရမ္းေကာင္းတယ္။ ဒီ့ထက္ စိတ္ခ်မ္းသာစရာေကာင္းတဲ့ မိသားစုဘဝေလးကို

တည္ေဆာက္ျဖစ္မွာပါ” လို႔ ဆိုပါတယ္။ေအသင္ခ်ိဳေဆြဟာ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ သူမအတြက္ ကံေကာင္းျခင္းေတြ ပိုင္ဆိုင္လာခဲ့ၿပီလို႔ ဆိုပါတယ္။ ခ်စ္သူဘက္က မိဘေတြကလည္း ေအသင့္ကိုေရာ၊ Ivy ေလးကိုပါ ခ်စ္ခင္ေပးၾကလို႔ ဝမ္းသာပီတိျဖစ္ေနမိတယ္လို႔လည္း သူက ေျပာပါတယ္။ “ အခ်စ္ေရးက ကံေကာင္းတယ္လို႔ေျပာလို႔ရတယ္။ ဒီဘက္ေခတ္မွာ Reletionship ေတြ ျဖစ္တယ္၊ ျပတ္တယ္၊ ဒါကို အယုံအၾကည္ မရွိခဲ့ေပမယ့္ အခု ပိုင္ဆိုင္ထားတဲ့ Reletionship ကေတာ့ စိတ္ခ်မ္းသာစရာေကာင္းပါတယ္။ ဘဝမွာ အဆိုးေတြ

ႀကဳံခဲ့ၿပီးၿပီ။ ဒီတစ္ခါေတာ့ လူေကာင္းနဲ႔ ဆုံတယ္လို႔ ေအသင္ျမင္ပါတယ္။ ၿပီးေတာ့ သူ႔ဘက္က မိဘေတြကလည္း ေအသင့္ကိုေရာ၊ Ivy ကိုေရာ ခ်စ္တယ္။ လက္လည္း လက္ခံတယ္။ အဓိက ကေတာ့ ပတ္ဝန္းက်င္မတူတဲ့သူႏွစ္ေယာက္က ေပါင္းသင္းရမွာျဖစ္တဲ့အတြက္ ႏွစ္ေယာက္တည္း အဆင္ေျပေနလို႔မရဘူး။ ကိုယ့္ပတ္ဝန္းက်င္က လူေတြေရာ အဆင္ေျပမွ အိမ္ေထာင္ေရးက ပိုၿပီးေတာ့ အဆင္ေျပမွာေလ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေအသင္ခ်ိဳေဆြကို

‘’ေပါက္တဲ့အိုး’’ ဆိုတဲ့ တစ္ကိုယ္ေတာ္ အေခြ ကေနတဆင့္ ပရိသတ္ေတြ သိတင္သိရွိခဲ့တာပါ။ အဲဒီေနာက္ ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြလည္း ထြက္ရွိခဲ့ပါတယ္။ သူမဟာ ဂီတအလုပ္ေတြသာမက သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဗီဒီယို ဇာတ္ကားေတြလည္း ႐ိုက္ကူးခဲ့ဖူးပါေသးတယ္။ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြ ထြက္ၿပီးသြားတဲ့ေနာက္မွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ ခဏတာ ေဝးကြာသြားခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၈ ခုႏွစ္မွစၿပီး ဂီတေလာကထဲကို ျပန္လည္ဝင္ေရာက္လာတာ ျဖစ္ပါတယ္။

Read in UNICODE

အေသင်ချိုဆွေကတော့ သူမရဲ့ မိသားစုကိုရော၊ သမီးလေးကိုပါ တန်ဖိုးထားပြီး ချစ်ပေးတဲ့ ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ သူမရဲ့ ချစ်သူက သူဌေးသားတစ်ယောက် မဟုတ်ပေမယ့် စိတ်သဘောထားပြည့်ဝတဲ့သူဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ “ သူ့ကို လက်ခံလိုက်တဲ့ အကြောင်းအရင်း (၂) ချက်ရှိတယ်။ အမေ နဲ့ တော်တော် အဆင်ပြေတာရယ်၊ Ivy လေးကို သူ့ရဲ့ သမီးအရင်းတစ်ယောက်လို

ချစ်တာရယ်ပေါ့။ အဓိက ကတော့ ကိုယ်ကျင့်တရားကောင်းတယ်၊ အလုပ်ကြိုးစားချင်တဲ့ စိတ်ရှိတယ်။ ပြီးတော့ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားရှိတယ်။ ချစ်သူက သာမန်ထဲကပါပဲ။ အရမ်းချမ်းသာပြီးတော့ ပိုက်ဆံရှိတဲ့ သူဌေးသားတစ်ယောက်လည်း မဟုတ်ဘူး။ သူက သူ့မိသားစုကိုလည်း တန်ဖိုးထားသလို ကိုယ့်မိသားစုကိုလည်း တန်ဖိုးထားတယ်။ အဓိ ကတော့ သူ့ရဲ့ စိတ်ထားလေး အရမ်းကောင်းတယ်။ ဒီ့ထက် စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝလေးကို

တည်ဆောက်ဖြစ်မှာပါ” လို့ ဆိုပါတယ်။အေသင်ချိုဆွေဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် သူမအတွက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်လာခဲ့ပြီလို့ ဆိုပါတယ်။ ချစ်သူဘက်က မိဘတွေကလည်း အေသင့်ကိုရော၊ Ivy လေးကိုပါ ချစ်ခင်ပေးကြလို့ ဝမ်းသာပီတိဖြစ်နေမိတယ်လို့လည်း သူက ပြောပါတယ်။ “ အချစ်ရေးက ကံကောင်းတယ်လို့ပြောလို့ရတယ်။ ဒီဘက်ခေတ်မှာ Reletionship တွေ ဖြစ်တယ်၊ ပြတ်တယ်၊ ဒါကို အယုံအကြည် မရှိခဲ့ပေမယ့် အခု ပိုင်ဆိုင်ထားတဲ့ Reletionship ကတော့ စိတ်ချမ်းသာစရာကောင်းပါတယ်။ ဘဝမှာ အဆိုးတွေ

ကြုံခဲ့ပြီးပြီ။ ဒီတစ်ခါတော့ လူကောင်းနဲ့ ဆုံတယ်လို့ အေသင်မြင်ပါတယ်။ ပြီးတော့ သူ့ဘက်က မိဘတွေကလည်း အေသင့်ကိုရော၊ Ivy ကိုရော ချစ်တယ်။ လက်လည်း လက်ခံတယ်။ အဓိက ကတော့ ပတ်ဝန်းကျင်မတူတဲ့သူနှစ်ယောက်က ပေါင်းသင်းရမှာဖြစ်တဲ့အတွက် နှစ်ယောက်တည်း အဆင်ပြေနေလို့မရဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေရော အဆင်ပြေမှ အိမ်ထောင်ရေးက ပိုပြီးတော့ အဆင်ပြေမှာလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။အေသင်ချိုဆွေကို

‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *