The Voice Myanmar စင္ေပၚမွာ မ်က္ရည္က်လုနီးပါးယွဥ္ၿပိဳင္ခဲ့တာကို ျပန္ၾကည့္ရင္း သေဘာက်ေနတဲ့ ၿပိဳင္ပြဲဝင္ ေနာ္ျပည့္စံုေအးၾကဴ

နွစ္စဥ္နွစ္တိုင္း မတူညီတဲ့ ခံစားမႈရသေတြနဲ့ ပရိသတ္ေတြကို ဆြဲေဆာင္နိုင္ခဲ့ The Voice Myanmar သီခ်င္းဆိုျပိဳင္ပြဲၾကီးကေတာ့ အခုဆိုရင္ Season (3) ထိေတာင္ ေရာက္ရိွလာခဲ့ျပီ ျဖစ္ပါတယ္။ Blind Audition ေရြးခ်ယ္ျပီးခ်ိန္မွာေတာ့ Battle Round ယွဥ္ျပိဳင္မႈကို ထုတ္လႊင့္ျပသေနျပီပဲျဖစ္ပါတယ္။ The Voice Myanmar Season (3)က

အဆိုေတာ္တဲ့ ျပိဳင္ပြဲဝင္ေတြၾကားထဲကမွ Metal သီခ်င္းေတြကို ဆိုတဲ့ ရွားရွားပါးပါး မိန္းကေလး ေနာ္ျပည့္စံုေအးၾကဴကလည္း ပရိသတ္အာရံုစိုက္ျခင္းခံရသူတစ္ေယာက္ပါပဲ။ ေနာ္ျပည့္စံုေအးၾကဴက R ဇာနည္ရဲ့ Team R Zarni ကေန နႈတ္ဆက္ထြက္ခြာရဆဲနီးနီးမွာ နီနီခင္ေဇာ္ရဲ့ Steal လုပ္မႈေၾကာင့္ ျပိဳင္ပြဲမွာ ဆက္လက္ယွဥ္ျပိဳင္ဖို့ ဒုတိယအၾကိမ္

အခြင့္အေရးရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေနာ္ျပည့္စံုေအးၾကဴက ျပိဳင္ပြဲကေန နႈတ္ဆက္ထြက္ခြာရမယ္ဆိုတဲ့စကားေၾကာင့္ စင္ေပၚမွာ မ်က္ရည္က်လုဆဲဆဲျဖစ္ခဲ့တဲ့ သူမရဲ့အေျခအေနကို တီဗီဖန္သားျပင္ေပၚမွာျပန္ၾကည့္ရင္း သေဘာက်ေနတာကို အခုလိုပဲ မွ်ေဝေပးထားပါတယ္။ ေနာ္ျပည့္စံုေအးၾကဴကေတာ့ စင္ေၾကာက္တတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္

စိတ္မေကာင္းစရာစကားၾကားတဲ့အခါမွာ မ်က္ရည္က်လုဆဲဆဲျဖစ္ျပီး “ဆင္းလို့ရျပီလား” လို့ ေမးခြန္းထုတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေနာက္အပတ္ေတြမွာ ေနာ္ျပည့္စံုေအးၾကဴကို အားေပးဝန္းရံေပးဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

နှစ်စဉ်နှစ်တိုင်း မတူညီတဲ့ ခံစားမှုရသတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ အခုဆိုရင် Season (3) ထိတောင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Blind Audition ရွေးချယ်ပြီးချိန်မှာတော့ Battle Round ယှဉ်ပြိုင်မှုကို ထုတ်လွှင့်ပြသနေပြီပဲဖြစ်ပါတယ်။ The Voice Myanmar Season (3)က

အဆိုတော်တဲ့ ပြိုင်ပွဲဝင်တွေကြားထဲကမှ Metal သီချင်းတွေကို ဆိုတဲ့ ရှားရှားပါးပါး မိန်းကလေး နော်ပြည့်စုံအေးကြူကလည်း ပရိသတ်အာရုံစိုက်ခြင်းခံရသူတစ်ယောက်ပါပဲ။ နော်ပြည့်စုံအေးကြူက R ဇာနည်ရဲ့ Team R Zarni ကနေ နှုတ်ဆက်ထွက်ခွာရဆဲနီးနီးမှာ နီနီခင်ဇော်ရဲ့ Steal လုပ်မှုကြောင့် ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ ဒုတိယအကြိမ်

အခွင့်အရေးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နော်ပြည့်စုံအေးကြူက ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာရမယ်ဆိုတဲ့စကားကြောင့် စင်ပေါ်မှာ မျက်ရည်ကျလုဆဲဆဲဖြစ်ခဲ့တဲ့ သူမရဲ့အခြေအနေကို တီဗီဖန်သားပြင်ပေါ်မှာပြန်ကြည့်ရင်း သဘောကျနေတာကို အခုလိုပဲ မျှဝေပေးထားပါတယ်။ နော်ပြည့်စုံအေးကြူကတော့ စင်ကြောက်တတ်သူတစ်ယောက်ဖြစ်တာကြောင့်

စိတ်မကောင်းစရာစကားကြားတဲ့အခါမှာ မျက်ရည်ကျလုဆဲဆဲဖြစ်ပြီး “ဆင်းလို့ရပြီလား” လို့ မေးခွန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နောက်အပတ်တွေမှာ နော်ပြည့်စုံအေးကြူကို အားပေးဝန်းရံပေးဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Naw Pyae Sone AyeKyu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *