ႏိုင္ငံျခားမွာ ေနထိုင္ေနတဲ့ သမီးေလးရဲ႕ မိသားစုအတြက္ စိတ္ပူေနရတယ္ဆိုတဲ့ လြင္မိုး

လြင္မိုးဟာ အခုဆိုရင္ ၾသစေၾတးလ်ႏိုင္ငံ မဲဘုန္းၿမိဳ႕မွာ ေနထိုင္တဲ့ သမီးျဖစ္သူ ယြန္းဝတီလြင္မိုးတို႔ ဆီမွာ Covid အေျခအေန ျပန္ေကာင္းလာၿပီလို႔ ဆိုပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံ အတြင္းမွာ ျဖစ္ေပၚေနတဲ့ Covid အေျခအေနေၾကာင့္ ယြန္းဝတီလြင္မိုးကေတာ့ မိသားစု အတြက္ ျပန္စိတ္ပူေနတယ္လို႔ ေျပာျပလာပါတယ္။ “ သူတို႔က ၾသစေတ်းလ်မွာ အရမ္းကို အဆင္ေျပသြားၿပီ။ ေက်ာင္းေတြဆိုလည္း မၾကာခင္ ျပန္ဖြင့္ၾကေတာ့မွာ။ အခုဆိုရင္ ပုံမွန္ အေျခအေန နီးပါး တစ္ခုကို သူတို႔ေတြ လုပ္ေနၾကၿပီ။ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း

သူတို႔ ႏိုင္ငံမွာ စိတ္ခ်ရၿပီ။ အရင္တုန္းက ဦးတို႔ဆီမွာ Covid နည္းနည္း အဆင္ေျပတဲ့ အခ်ိန္ သူတို႔ မဲဘုန္းမွာ က ကူးေနၾကတုန္းဆိုေတာ့ သူ အျပင္သြားတဲ့ အခါ ဦးက ဆူတာေပါ့။ အခု သူတို႔ ဆီမွာ အဆင္ေျပၿပီး ဦးတို႔ဆီမွာ အေျခအေန ဆိုးလာေတာ့ ဦး အျပင္သြားရင္ သူက ျပန္ဆူတာေပါ့ေလ။ အခုေတာ့ အိမ္မွာပဲ ေနပါတယ္” လို႔ ဆိုပါတယ္။ Covid ဒုတိယလႈိင္း အေျခအေနေၾကာင့္ လြင္မိုးကိုယ္တိုင္ကလည္း

အိမ္ထဲမွာေနရင္း က်န္းမာေရး ဂ႐ုစိုက္ေနတယ္လို႔ ဆိုပါတယ္။ Covid ကာလမွာ မျဖစ္မေန အျပင္ထြက္ေနရတဲ့ ပရိသတ္ေတြကိုလည္း Mask တပ္ဖို႔ တိုက္တြန္းခဲ့ပါေသးတယ္။ “ ဦးကေတာ့ အိမ္ထဲမွာ ေနတာ ၁ လေလာက္ရွိပါၿပီ။ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး Mask တပ္ရမယ့္ဟာကို Mask တပ္ၾကပါ။ အျပင္ထြက္ခြင့္ရတဲ့သူေတြဟာ Mask တပ္ရမယ္ (၁) အခ်က္ေပါ့။ ထြက္ခြင့္မရတဲ့ သူေတြကေတာ့

လုံးဝ မထြက္ၾကပါနဲ႔။ ေရာဂါရွိတဲ့ သူက Mask တပ္ထားရင္၊ အျပင္မွာ Mask မတပ္ထားတဲ့ သူကို ဘယ္ေလာက္ ရာခိုင္ႏႈန္း ကူးႏိုင္တယ္၊ ႏွစ္ေယာက္ စလုံး Mask မတပ္ထားရင္ေတာ့ ရာႏႈန္းျပည့္ ကူးတာေပ့ါ။ အဓိက ကေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားတဲ့ အတိုင္း လုပ္ဖို႔လိုတယ္၊ အခ်ိန္ေပးဖို႔လိုတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ လြင္မိုးဟာ Covid ကာလဟာ သူ႔ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို ထိခိုက္ေစခဲ့တယ္လို႔ ေျပာျပခဲ့ဖူးပါတယ္။ လြင္မိုးဟာ

စီးပြားေရးဘက္ကို ဦးစားေပးေနရသူျဖစ္ေပမယ့္ သူဟာ အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၄၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ သူဟာ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြထက္ ကိုယ္ပိုင္စီးပြားေရးကို ဦးေဆာင္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ အဲဒီေနာက္ မိသားစု ကိုလည္း အခ်ိန္ေပးေနရသူပါ။ သူ႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ေျမးေလး Liam ေလးကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။

Read in UNICODE

လွင်မိုးဟာ အခုဆိုရင် သြစတြေးလျနိုင်ငံ မဲဘုန်းမြို့မှာ နေထိုင်တဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးတို့ ဆီမှာ Covid အခြေအနေ ပြန်ကောင်းလာပြီလို့ ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ Covid အခြေအနေကြောင့် ယွန်းဝတီလွင်မိုးကတော့ မိသားစု အတွက် ပြန်စိတ်ပူနေတယ်လို့ ပြောပြလာပါတယ်။ “ သူတို့က သြစတျေးလျမှာ အရမ်းကို အဆင်ပြေသွားပြီ။ ကျောင်းတွေဆိုလည်း မကြာခင် ပြန်ဖွင့်ကြတော့မှာ။ အခုဆိုရင် ပုံမှန် အခြေအနေ နီးပါး တစ်ခုကို သူတို့တွေ လုပ်နေကြပြီ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း

သူတို့ နိုင်ငံမှာ စိတ်ချရပြီ။ အရင်တုန်းက ဦးတို့ဆီမှာ Covid နည်းနည်း အဆင်ပြေတဲ့ အချိန် သူတို့ မဲဘုန်းမှာ က ကူးနေကြတုန်းဆိုတော့ သူ အပြင်သွားတဲ့ အခါ ဦးက ဆူတာပေါ့။ အခု သူတို့ ဆီမှာ အဆင်ပြေပြီး ဦးတို့ဆီမှာ အခြေအနေ ဆိုးလာတော့ ဦး အပြင်သွားရင် သူက ပြန်ဆူတာပေါ့လေ။ အခုတော့ အိမ်မှာပဲ နေပါတယ်” လို့ ဆိုပါတယ်။ Covid ဒုတိယလှိုင်း အခြေအနေကြောင့် လွင်မိုးကိုယ်တိုင်ကလည်း

အိမ်ထဲမှာနေရင်း ကျန်းမာရေး ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ Covid ကာလမှာ မဖြစ်မနေ အပြင်ထွက်နေရတဲ့ ပရိသတ်တွေကိုလည်း Mask တပ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ “ ဦးကတော့ အိမ်ထဲမှာ နေတာ ၁ လလောက်ရှိပါပြီ။ ဒီရောဂါနဲ့ ပတ်သက်ပြီး Mask တပ်ရမယ့်ဟာကို Mask တပ်ကြပါ။ အပြင်ထွက်ခွင့်ရတဲ့သူတွေဟာ Mask တပ်ရမယ် (၁) အချက်ပေါ့။ ထွက်ခွင့်မရတဲ့ သူတွေကတော့

လုံးဝ မထွက်ကြပါနဲ့။ ရောဂါရှိတဲ့ သူက Mask တပ်ထားရင်၊ အပြင်မှာ Mask မတပ်ထားတဲ့ သူကို ဘယ်လောက် ရာခိုင်နှုန်း ကူးနိုင်တယ်၊ နှစ်ယောက် စလုံး Mask မတပ်ထားရင်တော့ ရာနှုန်းပြည့် ကူးတာပေ့ါ။ အဓိက ကတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်း လုပ်ဖို့လိုတယ်၊ အချိန်ပေးဖို့လိုတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ လွင်မိုးဟာ Covid ကာလဟာ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်စေခဲ့တယ်လို့ ပြောပြခဲ့ဖူးပါတယ်။ လွင်မိုးဟာ

စီးပွားရေးဘက်ကို ဦးစားပေးနေရသူဖြစ်ပေမယ့် သူဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *