အရမ်းကြိုက်ရတဲ့ နေတိုးကိုယ်တိုင် မွေးနေ့ဆုတောင်းပေးခဲ့တာကြောင့် ပျော်နေရတဲ့ နန်းဆုဦး
Read in UNICODE
မင်းသမီးချောလေး နန်းဆုဦးဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ နန်းဆုဦးရဲ့ ဇာတ်ကားတိုင်းကိုလည်း ပရိသတ်တွေက ယနေ့အချိန်ထိ ချစ်ခင် အားပေးနေကြတာလည်း
ဖြစ်ပါတယ်။ ဒီနေ့ကတော့ မင်းသမီးချောလေး နန်းဆုဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးကို ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းများက ဆုတောင်းစာလေးတွေ ရေးသားပေးပို့ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းစာတွေထဲကမှ တစ်ခုကတော့ နန်းဆုဦးကို
ပိုမိုပျော်ရွှင်အောင် လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ နှစ်သက်အားပေးနေရတဲ့ နေတိုးကိုယ်တိုင်မွေးနေ့ဆုတောင်းပေးတာကိုမြင်ပြီး ပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ်။ နေတိုးကတော့ သူ့ရဲ့ အနုပညာညီအစ်ကို မောင်နှမတိုင်းရဲ့ မွေးနေ့တိုင်းကို အမြဲမမေ့မလျော့
ဆုတောင်းပေးတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ နန်းဆုဦးကလည်း “Idol က Wish လှမ်းလုပ်လို့ ပျော်နေသော မိမိ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Nan Su Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *