ခင္ပြန္းျဖစ္သူ မ်က္စိကြယ္သြားၿပီဆိုတဲ့ သတင္းေတြအေပၚ ျပန္လည္ေျဖရွင္းခဲ့တဲ့ ခင္ေလးႏြယ္

သူမရဲ႕ ခင္ပြန္းကို မ်က္စိကြယ္သြားၿပီဆိုတဲ့ သတင္းအမွားေတြအေပၚ ခင္ေလးႏြယ္ကေတာ့ အခုလို သက္ေသ ျပခဲ့ပါတယ္။ ဒီေန႔ (ေအာက္တိုဘာလ ၅ ရက္) ဟာ သူတို႔ ႏွစ္ဦးအတြက္ ခ်စ္သူ သက္တမ္း ႏွစ္ပတ္လည္ေန႔လည္း ဆိုလည္း မမွားပါဘူး။ “ Anniversary မွာ ဟင္းခ်က္ေကြၽးေနေသာ ေယာက္်ား။ မ်က္စိလည္း ျမင္ပါတယ္ရွင့္။ ဒီေန႔ေတာ့ ဝက္သားနဲ႔ အာလူးခ်က္မယ္။ ေက်ာက္ဖ႐ုံသီးနဲ႔ ၾကက္သားနဲ႔ ဟင္းခ်ိဳ ခ်က္တယ္ေပါ့။ ကြၽန္းမွာဆိုေတာ့ ဒီလိုပဲ ခ်က္စားရတယ္” ဆိုၿပီးေတာ့ ေအာက္တိုဘာလ (၅)

ရက္ေန႔ ေန႔လယ္(၁) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ Live လႊင့္ရင္း ေျပာခဲ့တာျဖစ္ပါတယ္။ ဒီေန႔ (ေအာက္တိုဘာလ ၅ ရက္) မနက္ပိုင္းက လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ပရိသတ္စိတ္ဝင္စားမႈေတြ ရရွိထားတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္ကေနတဆင့္ တင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ခင္ေလးႏြယ္ရဲ႕ ခင္ပြန္း မ်က္စိကြယ္သြားၿပီဆိုတဲ့ သတင္းေတြတင္ခဲ့တာ ျဖစ္ၿပီး သူ႔ကို သတင္းလာေပးထားတဲ့ Screen Short ေတြကိုလည္း တင္ထားတာ ေတြ႕ရပါတယ္။ အဲဒီေနာက္မွာေတာ့ ခင္ေလးႏြယ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ခင္ပြန္းျဖစ္သူနဲ႔

အတူ Live လႊင့္ခဲ့တာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ခင္ေလးႏြယ္ရဲ႕ ခင္ပြန္း မ်က္လုံးကြယ္သြားၿပီဆိုတဲ့သတင္းကို ပရိသတ္ စိတ္ဝင္စားမႈရရွိတဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚကေန တင္ခဲ့ပါတယ္။ ထိုသတင္းတင္ၿပီးေနက္မွာ ခင္ေလးႏြယ္ကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကလည္း စိတ္အူေနၾကသၿပီး ထိုသတင္းအေပၚ မွန္ျခင္းမွားျခင္း ေဝဖန္မႈေတြ ျပင္းထန္ခဲ့ပါတယ္။ဒါေပမယ့္ ခင္ေလးႏြယ္ကသူမရဲ႕ ခင္ပြန္းဟာ မ်က္စိကြယ္ေနတဲ့သူ

မဟုတ္ဘူးဆိုတာကို သူမရဲ႕ ေဖ့စ္ဘြတ္မွာ ခင္ပြန္းျဖစ္သူနဲ႔ အတူ Live လႊင့္ရင္း ပရိသတ္ကို အသိေပးလိုက္တာ ျဖစ္ပါတယ္။ ခင္ေလးႏြယ္ကေတာ့ လက္ရွိမွာ အႏုပညာလႈပ္ရွားမႈ သိပ္မရွိေတာ့ပါဘူး။ အဲဒီေနာက္ သူမက သူငယ္ခ်င္းေတြနဲ႔ေပါင္းၿပီး ဖက္ရွင္ဆိုင္တစ္ဆိုင္ ဖြင့္ထားတယ္လို႔ သိရပါတယ္။ ဖက္ရွင္ဆိုင္နာမည္ကေတာ့ KAY Fashion & Fabric House ျဖစ္ပါတယ္။ ခင္ေလးႏြယ္က အခုအခ်ိန္ထိ ပရိသတ္အားေပးမႈ ရရွိထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Read in UNICODE

သူမရဲ့ ခင်ပွန်းကို မျက်စိကွယ်သွားပြီဆိုတဲ့ သတင်းအမှားတွေအပေါ် ခင်လေးနွယ်ကတော့ အခုလို သက်သေ ပြခဲ့ပါတယ်။ ဒီနေ့ (အောက်တိုဘာလ ၅ ရက်) ဟာ သူတို့ နှစ်ဦးအတွက် ချစ်သူ သက်တမ်း နှစ်ပတ်လည်နေ့လည်း ဆိုလည်း မမှားပါဘူး။ “ Anniversary မှာ ဟင်းချက်ကျွေးနေသော ယောက်ျား။ မျက်စိလည်း မြင်ပါတယ်ရှင့်။ ဒီနေ့တော့ ဝက်သားနဲ့ အာလူးချက်မယ်။ ကျောက်ဖရုံသီးနဲ့ ကြက်သားနဲ့ ဟင်းချို ချက်တယ်ပေါ့။ ကျွန်းမှာဆိုတော့ ဒီလိုပဲ ချက်စားရတယ်” ဆိုပြီးတော့ အောက်တိုဘာလ (၅)

ရက်နေ့ နေ့လယ်(၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ ဒီနေ့ (အောက်တိုဘာလ ၅ ရက်) မနက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှုတွေ ရရှိထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေတဆင့် တင်ခဲ့တဲ့ သရုပ်ဆောင် ခင်လေးနွယ်ရဲ့ ခင်ပွန်း မျက်စိကွယ်သွားပြီဆိုတဲ့ သတင်းတွေတင်ခဲ့တာ ဖြစ်ပြီး သူ့ကို သတင်းလာပေးထားတဲ့ Screen Short တွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ခင်လေးနွယ်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ခင်ပွန်းဖြစ်သူနဲ့

အတူ Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင် ခင်လေးနွယ်ရဲ့ ခင်ပွန်း မျက်လုံးကွယ်သွားပြီဆိုတဲ့သတင်းကို ပရိသတ် စိတ်ဝင်စားမှုရရှိတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ တင်ခဲ့ပါတယ်။ ထိုသတင်းတင်ပြီးနေက်မှာ ခင်လေးနွယ်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း စိတ်အူနေကြသပြီး ထိုသတင်းအပေါ် မှန်ခြင်းမှားခြင်း ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ဒါပေမယ့် ခင်လေးနွယ်ကသူမရဲ့ ခင်ပွန်းဟာ မျက်စိကွယ်နေတဲ့သူ

မဟုတ်ဘူးဆိုတာကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူ Live လွှင့်ရင်း ပရိသတ်ကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ အဲဒီနောက် သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *