အရမ္းႀကိဳက္ရတဲ့ မင္းသားျဖစ္သူ ေနတိုးနဲ႔ အလုပ္အတူလုပ္ရေတာ့မွာမို႔ အေတာ္ေလးဝမ္းသာေနတဲ့ သဇင္ထူးျမင့္
|သရုပ္ေဆာင္ ခင္လႈိင္ ရဲ႕ သမီးငယ္ေလး သဇင္ထူးျမင့္ဟာ ဆိုရင္ အကယ္ဒမီ ေရႊႀကိဳမယ္အျဖစ္ ပါဝင္လုပ္ေဆာင္ရာကေန အႏုပညာလမ္းေၾကာင္းမွာ ေလၽွာက္လွမ္းလာခဲ့သူ ျဖစ္ပါတယ္။ သဇင္ထူးျမင့္က အခုဆိုရင္ ေၾကာ္ျငာေတြ၊ သီခ်င္း MV ေတြအျပင္ ဇာတ္လမ္းတြဲအခ်ိဳ့မွာပါ

ပါဝင္သရုပ္ေဆာင္ေနရျပီပဲ ျဖစ္ပါတယ္။ သဇင္ထူးျမင့္ကေတာ့ ရိုးရိုးေအးေအးေနတတ္သူတစ္ေယာက္ျဖစ္ျပီး အနုပညာေလာကထဲ ဝင္ေရာက္လာခ်ိန္မွာလည္း စီနီယာအစ္ကို အစ္မေတြရဲ့ ခ်စ္ခင္ျခင္းခံရသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ သဇင္ထူးျမင့္က သူမအရမ္းၾကိဳက္ရတဲ့ Idol မင္းသားၾကီး ေနတိုးနဲ့ အတူတူ အလုပ္လုပ္ရေတာ့မွာမို့ ဝမ္းသာေနတဲ့အေၾကာင္း

သူမရဲ့ ေဖ့စ္ဘုတ္ My Day မွာ မွ်ေဝလာပါတယ္။ သဇင္ထူးျမင့္က ေနတိုးနဲ့အတူတူ အြန္လိုင္းအစီအစဥ္တစ္ခုမွာ ပါဝင္ရမွာေၾကာင့္ “ဘယ္ေလာက္ထိ ေပ်ာ္ေနလဲဆိုတာ မေျပာလည္း သိမယ္ထင္ပါတယ္။” ဆိုျပီး ေျပာလာခဲ့တာ ျဖစ္ပါတယ္။ တက္သစ္စ အနုပညာရွင္ေလးေတြျဖစ္တဲ့ သဇင္ထူးျမင့္၊ သင္ဇာ၊ ပ်ိဳပ်ိဳေမ၊ ေလေျပေသြးနဲ့ မႈံနံ့သာေက်ာ္ရဲေအာင္တို့က

ေနတိုးကို သိခ်င္တာေလးေတြ ေမးျမန္းသြားမယ့္ အစီအစဥ္ေလးက လာမယ့္ ေအာက္တိုဘာလ (၅) ရက္ေန့ ည(၇)နာရီတိတိမွာ အြန္လိုင္းေပၚကေနတဆင့္ ျပသသြားမယ္လို့ သိရပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Read in UNICODE
သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ဟာ ဆိုရင် အကယ်ဒမီ ရွှေကြိုမယ်အဖြစ် ပါဝင်လုပ်ဆောင်ရာကနေ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ သဇင်ထူးမြင့်က အခုဆိုရင် ကြော်ငြာတွေ၊ သီချင်း MV တွေအပြင် ဇာတ်လမ်းတွဲအချို့မှာပါ

ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ ရိုးရိုးအေးအေးနေတတ်သူတစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲ ဝင်ရောက်လာချိန်မှာလည်း စီနီယာအစ်ကို အစ်မတွေရဲ့ ချစ်ခင်ခြင်းခံရသူလေးတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သဇင်ထူးမြင့်က သူမအရမ်းကြိုက်ရတဲ့ Idol မင်းသားကြီး နေတိုးနဲ့ အတူတူ အလုပ်လုပ်ရတော့မှာမို့ ဝမ်းသာနေတဲ့အကြောင်း

သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ မျှဝေလာပါတယ်။ သဇင်ထူးမြင့်က နေတိုးနဲ့အတူတူ အွန်လိုင်းအစီအစဉ်တစ်ခုမှာ ပါဝင်ရမှာကြောင့် “ဘယ်လောက်ထိ ပျော်နေလဲဆိုတာ မပြောလည်း သိမယ်ထင်ပါတယ်။” ဆိုပြီး ပြောလာခဲ့တာ ဖြစ်ပါတယ်။ တက်သစ်စ အနုပညာရှင်လေးတွေဖြစ်တဲ့ သဇင်ထူးမြင့်၊ သင်ဇာ၊ ပျိုပျိုမေ၊ လေပြေသွေးနဲ့ မှုံနံ့သာကျော်ရဲအောင်တို့က

နေတိုးကို သိချင်တာလေးတွေ မေးမြန်းသွားမယ့် အစီအစဉ်လေးက လာမယ့် အောက်တိုဘာလ (၅) ရက်နေ့ ည(၇)နာရီတိတိမှာ အွန်လိုင်းပေါ်ကနေတဆင့် ပြသသွားမယ်လို့ သိရပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Thazin Htoo Myint’s Facebook