ေငြက်ပ္(၁၀၈)သိန္းတိတိ ေျမာက္ဥကၠလာပ ေဆးရံုႀကီးကို လွဴဒါန္းခဲ့တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ဇနီးေမာင္ႏွံ

အလႉအတန္းေတြကို ကိုဗစ္လာကမွာ အဆက္မျပတ္ လုပ္ကိုင္လ်က္ရွိတဲ့ လင္းလင္းနဲ႔ခ်စ္သုေဝတို႔ဦးစီးတဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းဟာ ဒီေန႔မွာ ကိုဗစ္လူနာမ်ားအတြက္ ေျမာက္ဥကၠလာေဆး႐ုံႀကီးနဲ႔ ေငြက်ပ္ (၁၀၈)သိန္း တိတိ ထပ္မံလႉဒါန္းခဲ့တာေတြ႕ရပါတယ္။‌‌ေျမာက္ဥကၠလာေဆး႐ုံႀကီးတြင္ ကိုဗစ္လူနာမ်ားအတြက္အသင့္ျပင္ေနတဲ့ ICU ခန္း မွာထားရွိဖို႔ လိုအပ္တဲ့ပစၥည္းေတြကို ေခတ္သစ္ေဖာင္ေဒးရွင္းအေနနဲ႔

သြားေရာက္လႉဒါန္းခဲ့တယ္လို႔ဆိုပါတယ္။ “ေျမာက္ဥကၠလာပေဆး႐ုံႀကီးတြင္ Covid-19 လူနာမ်ားအတြက္ အသင့္ျပင္ဆင္ေနေသာICU တြင္ ထားရွိရန္လိုအပ္ေသာ ပစၥည္းမ်ားျဖစ္သည့္ Syringe Pump(10)လုံး ၊ Pulse Oximeter (5)လုံး ၊ Thermometer (5)လုံး ၊ Long Glove (300) ၊ Boot Cover (50)၊ Dryer (5)လုံး ၊ ဆပ္ျပာ(2)ပုံး ႏွင့္ Plastic ပုံးႀကီး (၂၀) တို႔အား ေခတ္သစ္ေဖာင္ေဒးရွင္းမွ ဝိုင္းဝန္းျပင္ဆင္ေပးခဲ့ပါသည္ “ ဆိုၿပီး အဆိုေတာ္

လင္းလင္းရဲ႕ ေဖ့စ္ဘြတ္မွာ ေအာက္တိုဘာ(၄)ရက္ေန႔က ေရးသားထားပါတယ္။ ထို႔အျပင္ေတာင္ပိုင္းခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီဌာနသို႔ လည္းလိုအပ္တဲ့ ပစၥည္းမ်ားထပ္မံလႉဒါန္းခဲ့ေသးတယ္လို႔ ဆိုပါတယ္။ “ေတာင္ပိုင္းခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနသို႔ Glove (50) Boxes ၊ Boot Cover (500) ၊ Digital BP Cuff (5) ။ Thermometer (10)ခု ၊ Boot (20)ရံ ၊ Pulse Oximeter (10)၊ Hand Spray (300) ၊ Hand sanitizer (100) ၊ Surgical gown (500) ၊

Surgical Mask (100) Boxes တို႔အားေခတ္သစ္ေဖာင္ေဒးရွင္းမွ လႉဒါန္းေပးခဲ့ပါသည္” ဆိုၿပီး ဆက္လက္ေျပာထားပါတယ္။ ခ်စ္သူေဝဟာ ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔ ကိုဗစ္ကာလမွ အလႉအတန္းေတြ အဆက္မျပတ္ေဆာင္႐ြက္ေနတာေတြ႕ရပါတယ္။ COVID-19 ကာကြယ္ေရး ေဆးပစၥည္းေတြ လိုအပ္မႈရွိေနတဲ့ ေဆး႐ုံႀကီးေတြ၊ စားနပ္ရိကၡာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ေနရာ ေဒသေတြကို

ကိုယ္တိုင္သြားေရာက္ၿပီး အလႉအတန္းေတြ လုပ္ေနတာကိုလည္း ေတြ႕ရပါတယ္။ ေခတ္သစ္ေဖာင္ေဒးရွင္းဟာ ေမြးရာပါ ႏွလုံးေရာဂါပါရွိတဲ့ ကေလးငယ္ေတြကို အဓိကထား ခြဲစိတ္ကုသစာရိတ္ေထာက္ပံ့ေပးေနသလို ကေလးေတြရဲ႕ ပညာေရးအတြက္ပါ ေဆာင္႐ြက္ေပးေနတာ ေတြ႕ရပါတယ္။ အခုလိုကိုဗစ္ကာလမွာေတာ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြအတြက္လိုအပ္ခ်က္ေတြကို အခ်ိန္နဲ႔တေျပးညီကူညီႏိုင္ေအာင္ ေဆာင္႐ြက္ေနတာလည္းေတြ႕ရပါတယ္။

Read in UNICODE

အလှူအတန်းတွေကို ကိုဗစ်လာကမှာ အဆက်မပြတ် လုပ်ကိုင်လျက်ရှိတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ဦးစီးတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ ဒီနေ့မှာ ကိုဗစ်လူနာများအတွက် မြောက်ဥက္ကလာဆေးရုံကြီးနဲ့ ငွေကျပ် (၁၀၈)သိန်း တိတိ ထပ်မံလှူဒါန်းခဲ့တာတွေ့ရပါတယ်။‌‌မြောက်ဥက္ကလာဆေးရုံကြီးတွင် ကိုဗစ်လူနာများအတွက်အသင့်ပြင်နေတဲ့ ICU ခန်း မှာထားရှိဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့

သွားရောက်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ “မြောက်ဥက္ကလာပဆေးရုံကြီးတွင် Covid-19 လူနာများအတွက် အသင့်ပြင်ဆင်နေသောICU တွင် ထားရှိရန်လိုအပ်သော ပစ္စည်းများဖြစ်သည့် Syringe Pump(10)လုံး ၊ Pulse Oximeter (5)လုံး ၊ Thermometer (5)လုံး ၊ Long Glove (300) ၊ Boot Cover (50)၊ Dryer (5)လုံး ၊ ဆပ်ပြာ(2)ပုံး နှင့် Plastic ပုံးကြီး (၂၀) တို့အား ခေတ်သစ်ဖောင်ဒေးရှင်းမှ ဝိုင်းဝန်းပြင်ဆင်ပေးခဲ့ပါသည် “ ဆိုပြီး အဆိုတော်

လင်းလင်းရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၄)ရက်နေ့က ရေးသားထားပါတယ်။ ထို့အပြင်တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီဌာနသို့ လည်းလိုအပ်တဲ့ ပစ္စည်းများထပ်မံလှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ “တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Glove (50) Boxes ၊ Boot Cover (500) ၊ Digital BP Cuff (5) ။ Thermometer (10)ခု ၊ Boot (20)ရံ ၊ Pulse Oximeter (10)၊ Hand Spray (300) ၊ Hand sanitizer (100) ၊ Surgical gown (500) ၊

Surgical Mask (100) Boxes တို့အားခေတ်သစ်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးခဲ့ပါသည်” ဆိုပြီး ဆက်လက်ပြောထားပါတယ်။ ချစ်သူဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို

ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းဟာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ အခုလိုကိုဗစ်ကာလမှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီကူညီနိုင်အောင် ဆောင်ရွက်နေတာလည်းတွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *