ဦးေႏွာက္ပါတဲ့လူတိုင္း ယုန္ေလးရဲ႕ေၾကာ္ျငာ ေကာင္းမေကာင္းသိတယ္လို႔ ေဝဖန္ေျပာဆိုခဲ့တဲ့ မယ္လိုဒီေခါင္

မယ္လိုဒီေခါင္ ကေတာ့ The Voice Myanmar Season 2 မွာ ပါဝင္ ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိတ္သတ္ေတြလဲ အခိုင္အမာ ရရွိခဲ့တဲ့ ကခ်င္တိုင္းရင္းသူေလး အၿပဳံးခ်ိဳခ်ိဳနဲ႔ ခ်စ္စရာေကာင္းသူေလးတစ္ဦးပါ ။ The Voice ရဲ႕ Season 2 မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး နီနီခင္ေဇာ္ Team မွာ ပါဝင္ခဲ့သူေလး ျဖစ္ပါတယ္။ မယ္လိုဒီေခါင္ကေတာ့ Single Mother ဘဝနဲ႔ ေအးေဆးစြာ အနပညာခရီးလမ္းကို ေလွ်ာက္လွမ္းေနတာလည္းျဖစ္ပါတယ္ ယခုရက္ပိုင္းေဝဖန္မႈေတြျပင္းျပင္းထန္ထန္ခံေနရတဲ့ ယုန္ေလးရဲ႕ ေၾကာ္ျငာ Video ကိုေတာ့

မယ္လိုဒီေခါင္က အရမ္း႐ြံစရာေကာင္းတဲ့ဘက္ကိုေရာက္သြားတယ္လို႔ ေျပာလာခဲ့တာျဖစ္ပါတယ္ “ေတာ္႐ုံတန္႐ုံ Music Video ပဲျဖစ္ျဖစ္ေၾကာ္ျငာပဲျဖစ္ျဖစ္ အဲ့လိုစာအရွည္ႀကီးေရးၿပီးေတာ့ ေျပာျဖစ္တာမ်ိဳးမလုပ္ခ်င္ပါဘူး ဒါေပမယ့္ ဒီတေခါက္ကက်ေတာ့ ေတာ္ေတာ္ေလးဆိုးတယ္ အမ်ိဴးသမီးေတြအတြက္လည္းပါတယ္ လူငယ္ေတြအတြက္လည္းပါတယ္ ကေလးေတြလူႀကီးေတြအတြက္လည္းပါတယ္ ေနာက္ဆုံးနားေလးမွာဆိုရင္ေယာကၡမျဖစ္တဲ့သူက ေခြၽးမျဖစ္တဲ့သူကို ျပန္ငမ္းတာမ်ိဳးေတာင္ပါတယ္ ဒါမ်ိဴးက ကိုယ့္ယဥ္ေက်းမႈနဲ႔လည္း

မကိုက္ညီဘူး ႐ိုင္းတာမ်ိဴးျဖစ္သြားၿပီ မေကာင္းတဲ့အရာကို အားေပးအားေျမႇာက္လုပ္တယ္လို႔ ထင္လို႔ မယ္လိုဒီက ေျပာျဖစ္တာပါ တခ်ိဳ႕ကက်ေတာ့လည္း Single Mom ျဖစ္ေနၿပီးေတာ့ ကိုယ့္ဘာသာကိုယ္ ေအးေအးေဆးေဆးေနပါလားဆိုၿပီးေျပာၾကတယ္ ဒါေပမယ့္ မယ္လိုဒီေျပာခ်င္တာက ဒါကို Single Mom ျဖစ္တဲ့အတြက္ ပိုၿပီးေျပာပိုင္ခြင့္ရွိတယ္ ဒီျမန္မာႏိုင္ငံမွာ မယ္လိုဒီ ေနလာတဲ့တစ္ေလွ်ာက္မွာ Sexual ပိုင္းအရ စခံခဲ့ရတာေတြ ေစာ္ကားခံရတာေတြအမ်ားႀကီးရွိတယ္ ေနာက္ပိုင္းအရမ္းတိုးတက္လာတာျဖစ္တဲ့

အတြက္ဒီလိုမ်ိဳးျဖစ္တာေတြ ေလ်ာ့က်သြားမယ္လို႔ မယ္လိုဒီတို႔ ေမွ်ာ္လင့္ေနတာေပါ့ေနာ္ ဒီအခ်ိန္မွာ ဒီလို မေကာင္းတဲ့အရာႀကီးကို ဒဲ့ဒိုးႀကီးျပလိုက္သလိုႀကီးျဖစ္ေနတယ္ အဲ့လိုမ်ိဳးေတာ့မယ္လိုဒီတို႔ လုံးဝရႈံ႕ခ်တယ္ ဒီ ေၾကာ္ျငာ မွာ Over ျဖစ္ေနတဲ့အခ်က္ေတြရွိတယ္ ပထမအခ်က္ ဖိနပ္ဆိုတာ ေအာက္မွာပဲထားတဲ့ဟာ အခုသူတို႔ ဖိနပ္ထားထားတဲ့ဟာက ဘုရားစင္ထက္ေတာင္မွ ျမင့္တယ္ ဖိနပ္ကို အဲ့ဒီဘုရားစင္ေပၚမွာ ဘယ္သူမွမထားဘူး ဒုတိယအခ်က္ ေယာကၡမျဖစ္သူက ေခြၽးမကို အဲ့လိုႀကီးလိုက္ငမ္းေနတာမ်ိဳးကေလသိလား မယ္လိုဒီတို႔ ျမန္မာႏိုင္ငံယဥ္ေက်းမႈမွာဆို တစ္ေယာက္နဲ႔တစ္ေယာက္ Respect ရွိၾကတယ္ အဲ့လိုမ်ိဳးမလုပ္ၾကဘူး ပါလာတဲ့

သူငယ္ခ်င္းေတြက ႏွမခ်င္းစာနာတဲ့စိတ္ရွိရမယ္ကြာသိလား အခုဟာ မိန္းကေလးတစ္ေယာက္အဲ့လိုေဖာ္ၿပီးဝတ္ထားရင္ ျမန္မာႏိုင္ငံကေယာက်ာ္းထုႀကီးက အဲ့လိုငမ္းငမ္းတက္ပါတယ္ဆိုၿပီး ျပထားသလိုျဖစ္ေနတယ္ကြာသိလား ေယာက်ာ္းေတြကလည္းအမ်ားႀကီးနာၾကတယ္ သူတို႔လည္းေရးၿပီးေတာ့ရွဲထားတာေတြေတြ႕တယ္ကြာ ေယာကၡမက ေခြၽးမကို လိုက္ငမ္းေနတဲ့ ပုံစံမ်ိဳးေတြ႐ိုက္ျပတာက လုံးဝမျဖစ္သင့္တဲ့ကိစၥေတြပါ၊ ဦးေႏွာက္ရွိတဲ့သူတိုင္း ဒီဟာက ေကာင္းလား မေကာင္းဘူးလားဆိုတာသိတယ္” လို႔ဆိုလာခဲ့တာပဲျဖစ္ပါတယ္ပရိသတ္ႀကီးေရ မယ္လိုဒီေခါင္ကေတာ့ ယုန္ေလးရဲ႕ ေၾကာ္ျငာအေပၚ ျပင္းျပင္းထန္ထန္ဆန္႔က်င္ေဝဖန္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီးလည္း ကိုယ့္ရဲ႕အျမင္ေလးကို မွ်ေဝခဲ့ၾကပါအုန္းေနာ္

Read in UNICODE

မယ်လိုဒီခေါင် ကတော့ The Voice Myanmar Season 2 မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပရိတ်သတ်တွေလဲ အခိုင်အမာ ရရှိခဲ့တဲ့ ကချင်တိုင်းရင်းသူလေး အပြုံးချိုချိုနဲ့ ချစ်စရာကောင်းသူလေးတစ်ဦးပါ ။ The Voice ရဲ့ Season 2 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နီနီခင်ဇော် Team မှာ ပါဝင်ခဲ့သူလေး ဖြစ်ပါတယ်။ မယ်လိုဒီခေါင်ကတော့ Single Mother ဘဝနဲ့ အေးဆေးစွာ အနပညာခရီးလမ်းကို လျှောက်လှမ်းနေတာလည်းဖြစ်ပါတယ် ယခုရက်ပိုင်းဝေဖန်မှုတွေပြင်းပြင်းထန်ထန်ခံနေရတဲ့ ယုန်လေးရဲ့ ကြော်ငြာ Video ကိုတော့

မယ်လိုဒီခေါင်က အရမ်းရွံစရာကောင်းတဲ့ဘက်ကိုရောက်သွားတယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ် “တော်ရုံတန်ရုံ Music Video ပဲဖြစ်ဖြစ်ကြော်ငြာပဲဖြစ်ဖြစ် အဲ့လိုစာအရှည်ကြီးရေးပြီးတော့ ပြောဖြစ်တာမျိုးမလုပ်ချင်ပါဘူး ဒါပေမယ့် ဒီတခေါက်ကကျတော့ တော်တော်လေးဆိုးတယ် အမျိူးသမီးတွေအတွက်လည်းပါတယ် လူငယ်တွေအတွက်လည်းပါတယ် ကလေးတွေလူကြီးတွေအတွက်လည်းပါတယ် နောက်ဆုံးနားလေးမှာဆိုရင်ယောက္ခမဖြစ်တဲ့သူက ချွေးမဖြစ်တဲ့သူကို ပြန်ငမ်းတာမျိုးတောင်ပါတယ် ဒါမျိူးက ကိုယ့်ယဉ်ကျေးမှုနဲ့လည်း

မကိုက်ညီဘူး ရိုင်းတာမျိူးဖြစ်သွားပြီ မကောင်းတဲ့အရာကို အားပေးအားမြှောက်လုပ်တယ်လို့ ထင်လို့ မယ်လိုဒီက ပြောဖြစ်တာပါ တချို့ကကျတော့လည်း Single Mom ဖြစ်နေပြီးတော့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေပါလားဆိုပြီးပြောကြတယ် ဒါပေမယ့် မယ်လိုဒီပြောချင်တာက ဒါကို Single Mom ဖြစ်တဲ့အတွက် ပိုပြီးပြောပိုင်ခွင့်ရှိတယ် ဒီမြန်မာနိုင်ငံမှာ မယ်လိုဒီ နေလာတဲ့တစ်လျှောက်မှာ Sexual ပိုင်းအရ စခံခဲ့ရတာတွေ စော်ကားခံရတာတွေအများကြီးရှိတယ် နောက်ပိုင်းအရမ်းတိုးတက်လာတာဖြစ်တဲ့

အတွက်ဒီလိုမျိုးဖြစ်တာတွေ လျော့ကျသွားမယ်လို့ မယ်လိုဒီတို့ မျှော်လင့်နေတာပေါ့နော် ဒီအချိန်မှာ ဒီလို မကောင်းတဲ့အရာကြီးကို ဒဲ့ဒိုးကြီးပြလိုက်သလိုကြီးဖြစ်နေတယ် အဲ့လိုမျိုးတော့မယ်လိုဒီတို့ လုံးဝရှုံ့ချတယ် ဒီ ကြော်ငြာ မှာ Over ဖြစ်နေတဲ့အချက်တွေရှိတယ် ပထမအချက် ဖိနပ်ဆိုတာ အောက်မှာပဲထားတဲ့ဟာ အခုသူတို့ ဖိနပ်ထားထားတဲ့ဟာက ဘုရားစင်ထက်တောင်မှ မြင့်တယ် ဖိနပ်ကို အဲ့ဒီဘုရားစင်ပေါ်မှာ ဘယ်သူမှမထားဘူး ဒုတိယအချက် ယောက္ခမဖြစ်သူက ချွေးမကို အဲ့လိုကြီးလိုက်ငမ်းနေတာမျိုးကလေသိလား မယ်လိုဒီတို့ မြန်မာနိုင်ငံယဉ်ကျေးမှုမှာဆို တစ်ယောက်နဲ့တစ်ယောက် Respect ရှိကြတယ် အဲ့လိုမျိုးမလုပ်ကြဘူး ပါလာတဲ့

သူငယ်ချင်းတွေက နှမချင်းစာနာတဲ့စိတ်ရှိရမယ်ကွာသိလား အခုဟာ မိန်းကလေးတစ်ယောက်အဲ့လိုဖော်ပြီးဝတ်ထားရင် မြန်မာနိုင်ငံကယောကျာ်းထုကြီးက အဲ့လိုငမ်းငမ်းတက်ပါတယ်ဆိုပြီး ပြထားသလိုဖြစ်နေတယ်ကွာသိလား ယောကျာ်းတွေကလည်းအများကြီးနာကြတယ် သူတို့လည်းရေးပြီးတော့ရှဲထားတာတွေတွေ့တယ်ကွာ ယောက္ခမက ချွေးမကို လိုက်ငမ်းနေတဲ့ ပုံစံမျိုးတွေရိုက်ပြတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပါ၊ ဦးနှောက်ရှိတဲ့သူတိုင်း ဒီဟာက ကောင်းလား မကောင်းဘူးလားဆိုတာသိတယ်” လို့ဆိုလာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ မယ်လိုဒီခေါင်ကတော့ ယုန်လေးရဲ့ ကြော်ငြာအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ဝေဖန်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ကိုယ့်ရဲ့အမြင်လေးကို မျှဝေခဲ့ကြပါအုန်းနော်

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *