အလိမ်ခံခဲ့ရတဲ့ (၂၉)သိန်းတန် ရွှေနဲ့ စိန်ထည်ပစ္စည်းတွေ လူလိမ်လက်ထဲကနေပြန်ရခဲ့တဲ့ သရုပ်ဆောင် ဆုပိုင်ဝင်း
Read in UNICODE
ပြီးခဲ့တဲ့ရက်ပိုင်း လောက်က သူမရဲ့စိန်ထည်နဲ့ရွှေထည်တွေ (၂၉) သိန်းဖိုးလိမ်ခံလိုက်ရတဲ့ ဆုရတီရတနာဆိုင် ပိုင်ရှင် ဇာတ်ပို့သရုပ်ဆောင်ဆုပိုင်ဝင်းကတော့ သူမရဲ့တန်ဖိုးကြီးရတနာတွေကို လူလိမ်လက်ထဲ ကနေ ပြန်ရခဲ့ပါတယ်။ ဒါဟာအတော်လေးကိုကံကောင်းတယ်လို့ပြောရမယ့်အနေအထားပါပဲ။ လိမ်လည်သူကလည်း သူမကို
ခွင့်လွှတ်ဖို့အကြိမ်ကြိမ်တောင်းပန်ခဲ့တာကြောင့် ခွင့်လွှတ်ခဲ့ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ သူမရဲ့မွေးနေ့မတိုင်ခင်မှာ ဒီပစ္စည်းတွေပြန်ရခဲ့ တာမို့ တကယ့်ကိုမင်္ဂလာရှိတဲ့မွေးနေ့လေးပါပဲ။ လိမ်ခဲ့မိသူဟာ သူမရဲ့ပစ္စည်းတွေကို Taxi နဲ့ ပြန်ပို့ပေးခဲ့တာပါ။ သမ္မာအာဇီဝအလုပ်ကသာ
အကောင်းဆုံးပါပဲ။မွေးနေ့မှာပြုခဲ့တဲ့အလှူလေးကိုလည်း ” မွေးနေ့ အရုဏ်တန်း ဆွမ်းကုသိုလ် မွေးဖွားခြင်း နဲ့ သေဆုံး ခြင်းကြား ဘဝဆိုတဲ့ သံသရာ ခရီးမှတ်တိုင်လေး (၃၇) တိုင် မြောက်အထိ ပြုလုပ်ခဲ့တဲ့ ၊ ပြုလုပ်နေဆဲ ကောင်းမှုကုသိုလ်များနဲ့အတူ ဘဝရဲ့အနိမ့်အမြင့်၊
အတက်အကျ အရာအားလုံးကို ပြန်လည်သုံးသပ်ရင်း မွေးနေ့မင်္ဂလာ နံနက်ခင်း ကုသိုလ်လေး ပါရှင် ကျောင်းတိုက် (၁၂) တိုက်ရှိ သံဃာအပါး (၂၀၀) ကျော်တို့အား ဆွမ်းထမင်း နှင့် Coffee Mix, Tea Mix ၊ ဆန်ပြုတ်အထုတ် များကုသိုလ် နတ်လူ သာဓုခေါ်နိုင်ပါစေသော် ” ဆိုပြီး ဗီဒီယိုလေးနဲ့တကွဝေမျှခဲ့ပါတယ်။ မွေးနေ့ကစပြီး ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေ။
Source : Hsu Paing Win’s Facebook
Add a Comment
Your email address will not be published. Required fields are marked *