ကိုယ္တိုင္မေျပလည္ေပမယ့္ ဆြမ္းဘုန္းေပးဖို႔ေတာင္ ခက္ခဲေနတဲ့ ဘုန္းႀကီးေက်ာင္း သီလရွင္ေက်ာင္းေတြအတြက္ ဦးေဆာင္ၿပီး လွဴဒါန္းသြားမယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

ဆံပင္႐ွည္ေလးနဲ႔ ပရိသတ္ေတြရဲ႕ အသည္းႏွလံုးကို တစ္ခ်ိန္က ဖမ္းစားခဲ့ႏိုင္တဲ့ မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝက အသက္ႀကီးလာတာနဲ႔အမ်ွ ေကာင္းသတင္းေတြနဲ႔ ပိုၿပီး နာမည္ေက်ာ္လာသူတစ္ဦးပဲ ျဖစ္ပါတယ္။ ပရဟိတ မင္းသမီးလို႔ တင္စားေခၚေဝၚရေလာက္ေအာင္ ပရဟိတစိတ္ဓာတ္ျပင္းထန္သူ ခိုင္ႏွင္းေဝက “ခိုင္ႏွင္းေဝ ပရဟိတလူငယ္မ်ားအသင္း” နဲ႔ “ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ”

တို႔ကို ဖြင့္လွစ္ထားျပီး အမ်ားအက်ိဳးကို စြမ္းစြမ္းတမံ သယ္ပိုးေဆာင္ရြက္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အခက္အခဲျဖစ္ေနတဲ့ ေနရာေတြကို လွဴဒါန္းေပးေနတဲ့ ခိုင္နွင္းေဝက ဒီကေန့မွာလည္း “ကိုဗစ္ကာလမွာ တိုက္ပြဲဝင္တ့ဲသူေတြ အမ်ားႀကီးရွိပါတယ္။ ကၽြန္မကိုယ္တိုင္ အခက္ခဲၾကားထဲက ကိုယ့္ထက္ ခက္ခဲေနတ့ဲ သူေတြကိုတတ္ႏိုင္တ့ဲဘက္ကကုသိုလ္ျပဳလႉဒါန္းခ်င္ပါတယ္ရွင္။ ဆြမ္း အေနန႔ဲ

ဆန္ျပဳတ္ဆြမ္းသာ ဘုဥ္းေပးရၿပီး ဆြမ္းအခက္ခဲျဖစ္ေနေသာ ဒဂံုၿမိဳ႕သစ္ အေရွ ့ပိုင္းဘုန္းႀကီးေက်ာင္း ၊သီလရွင္ေက်ာင္း ၁၀၀ခန္ ့တြင္ သံဃာအပါးေရ (၁)ေထာင္ေက်ာ္ရွိေသာ ေနရာသို႔ ဆန္၊ဆီ၊ေျမပဲေၾကာ္၊ ကုလားပဲ ၊အျခား လႉဖြယ္ပစၥည္းမ်ား လႉဒါန္းေပးမွာ ျဖစ္ပါတယ္ရွင္။ ကၽြန္မႏွင့္အတူ ကုသိုလ္ျပဳ လႉဒါန္းခ်င္သူမ်ား ၊မိမိတို႔စားမယ့္ ရိကၡာထဲမွခြဲေဝ လႉဒါန္းခ်င္သူမ်ား ပါဝင္ကုသိုလ္ယူႏိုင္ပါေၾကာင္း နိဗၺာန္ေဆာ္ပါရေစရွင္.. 🙏🙏🙏” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အသိေပးလာပါတယ္။ ခိုင္နွင္းေဝကေတာ့

အခုလို အစစအရာရာ ခက္ခဲၾကပ္တည္းေနတဲ့အခ်ိန္မွာ သူမကိုယ္တိုင္လည္း ခက္ခဲေနေပမယ့္ သံဃာေတာ္နဲ့ ဆရာေလးမ်ား ဆြမ္းဘုဥ္းေပးေရးအဆင္ေျပေစဖို့ ဦးေဆာင္ လွဴဒါန္းသြားမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခိုင္နွင္းေဝနဲ့အတူတူ ကုသိုလ္ျပဳလွဴဒါန္းနိုင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ဆံပင်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို တစ်ချိန်က ဖမ်းစားခဲ့နိုင်တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက အသက်ကြီးလာတာနဲ့အမျှ ကောင်းသတင်းတွေနဲ့ ပိုပြီး နာမည်ကျော်လာသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပရဟိတ မင်းသမီးလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ပရဟိတစိတ်ဓာတ်ပြင်းထန်သူ ခိုင်နှင်းဝေက “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”

တို့ကို ဖွင့်လှစ်ထားပြီး အများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ နေရာတွေကို လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း “ကိုဗစ်ကာလမှာ တိုက်ပွဲဝင်တဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်မကိုယ်တိုင် အခက်ခဲကြားထဲက ကိုယ့်ထက် ခက်ခဲနေတဲ့ သူတွေကိုတတ်နိုင်တဲ့ဘက်ကကုသိုလ်ပြုလှူဒါန်းချင်ပါတယ်ရှင်။ ဆွမ်း အနေနဲ့

ဆန်ပြုတ်ဆွမ်းသာ ဘုဉ်းပေးရပြီး ဆွမ်းအခက်ခဲဖြစ်နေသော ဒဂုံမြို့သစ် အရှေ့ပိုင်းဘုန်းကြီးကျောင်း ၊သီလရှင်ကျောင်း ၁၀၀ခန့်တွင် သံဃာအပါးရေ (၁)ထောင်ကျော်ရှိသော နေရာသို့ ဆန်၊ဆီ၊မြေပဲကြော်၊ ကုလားပဲ ၊အခြား လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးမှာ ဖြစ်ပါတယ်ရှင်။ ကျွန်မနှင့်အတူ ကုသိုလ်ပြု လှူဒါန်းချင်သူများ ၊မိမိတို့စားမယ့် ရိက္ခာထဲမှခွဲဝေ လှူဒါန်းချင်သူများ ပါဝင်ကုသိုလ်ယူနိုင်ပါကြောင်း နိဗ္ဗာန်ဆော်ပါရစေရှင်.. 🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။ ခိုင်နှင်းဝေကတော့

အခုလို အစစအရာရာ ခက်ခဲကြပ်တည်းနေတဲ့အချိန်မှာ သူမကိုယ်တိုင်လည်း ခက်ခဲနေပေမယ့် သံဃာတော်နဲ့ ဆရာလေးများ ဆွမ်းဘုဉ်းပေးရေးအဆင်ပြေစေဖို့ ဦးဆောင် လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့အတူတူ ကုသိုလ်ပြုလှူဒါန်းနိုင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Khine Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *