ခ်စ္ဇနီးေလး နႏၵာလွိုင္မပါရင္ အလုပ္က လံုျခံဳေရးဝန္ထမ္းေတြရဲ႕ စစ္ေဆးေမးျမန္းတာခံရတဲ့ အျဖစ္ကို ေျပာျပခဲ့တဲ့ ေဇသီဟ

နႏၵာလႈိင္ကေတာ့ အမ်ားကပါအားက်ရေလာက္တဲ့ မိသားစုဘဝေလးတစ္ခုကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္ ။ အိမ္ေထာင္က်ၿပီး သူမအေပၚမွာ တာဝန္ေက်ပြန္တဲ့ ခင္ပြန္းေကာင္းကိုရရွိခဲ့တဲ့ နႏၵာလႈိင္ရဲ႕ဘဝေလးက သာယာစိုေျပေနတာလည္း ျဖစ္ပါတယ္ ။ အခုဆိုရင္ နႏၵာလႈိင္တို႔ဇနီးေမာင္ႏွံက သမီးေခ်ာေလးသုံးေယာက္နဲ႔အတူ ေပ်ာ္႐ႊင္စြာေနထိုင္ေနၾကတာပဲ ျဖစ္ပါတယ္ ။နႏၵာလႈိင္က အႏုပညာအလုပ္ေတြကို မလုပ္ကိုင္ေတာ့ေပမယ့္လည္း

သူမရဲ႕လႈပ္ရွားမႈေတြကို လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ မွ်ေဝေပးတတ္တာ ျဖစ္ပါတယ္ ။ နႏၵာလႈိင္ရဲ႕ခင္ပြန္းေဇသီဟကလည္း သူတို႔မိသားစုရဲ႕အေၾကာင္းေလးေတြကို တင္ေပးေလ့ရွိသလို အခုလည္း ခ်စ္ဇနီးနဲ႔အမွတ္တရအျဖစ္အပ်က္တစ္ခုကို ေျပာျပထားပါတယ္။ ေဇသီဟက “ဤသို႔ျဖစ္ခဲ့သည္။ ျဖစ္ေနေသးသည္။ ကမေမာင္းက လူေတြကြၽန္ေတာ့္ကိုမသိတာကေတာ္ေသးတယ္။ ေဇကမာၻဝန္ထမ္းေတြ

ကြၽန္ေတာ့္ကို မမွတ္မိၾက။ မသိၾကပါ။ ဒါဟာထုံးစံပဲမို႔ အဆန္းမဟုတ္ေတာ့ဘဲကိုယ့္အတြက္ေတာ့ ရယ္စရာေတြေပါ့။ ၿပီးခဲ့တဲ့ ၂ လကေတာင္ ကြၽန္ေတာ္ေန႔တိုင္း ႐ုံးတက္ေနတဲ့ျပည္ဂါးဒင္း Office Tower မွာျဖစ္ခဲ့ေသးတယ္။ ႐ုံးတက္ရင္ Reception Counter မွာရွိတဲ့ Hand Sanitizer ကို ပုံမွန္ သုံးေလ့ရွိတယ္။ တစ္ရက္ Hand Sanitizer သုံးဖို႔ ယူေနတုန္း ျဗဳန္းဆို ေကာင္တာက ဝန္ထမ္း အသစ္ေလးက ဘယ္ကိုသြားမွာလဲခင္ဗ်ာတဲ့။ ေနာက္ခ်င္စိတ္ရွိတာနဲ႔

မင္းတို႔သူေဌးကို လာေတြ႕တာလို႔ ျပန္ေျဖလိုက္တယ္။ သိပ္မေနာက္လိုက္ရပါဘူး။ ေဘးက လုံၿခဳံေရးက ခ်က္ခ်င္းရွင္းျပလိုက္လို႔ မတန္ဘူးျဖစ္သြားရတယ္။” “ကရဝိတ္ပန္းၿခံ…အဲ့ဒီဘက္ကို သြားစရာရွိရင္ မီးပြိဳင့္ေၾကာင့္ ကားကအၿမဲပိတ္တယ္။ အဲ့ဒီအခါ ျဖတ္လမ္းျဖစ္တဲ့ ကရဝိတ္ ပန္းၿခံထဲက ျဖတ္ေမာင္းတာေပါ့။ ဂိတ္က လုံၿခဳံေရးကတားၿပီး ပိုက္ဆံေတာင္းရင္ လက္ျပၿပီး ေမာင္းလိုက္မိရင္ ဝင္ေပါက္

ေနာက္တစ္ေပါက္ကေန အၿမဲပိတ္ဖမ္းခံရတယ္။ သူတို႔သိတဲ့ကားနံပါတ္မဟုတ္လို႔ပါ။တစ္ရက္ နႏၵာနဲ႔ အဲ့ဒီဘက္ကိုသြားရင္း ထုံးစံအတိုင္း ပန္းၿခံလမ္းကိုသုံးတာေပါ့။ ထုံးစံပါပဲ မရဘူး ကားကိုရေအာင္တားတယ္။ ကြၽန္ေတာ့္မ်က္ႏွာကိုျပတယ္ မရဘူး။ ဝင္ေၾကးေတာင္းတယ္။ေဘးကနႏၵာ့မ်က္ႏွာ ျမင္သြားေတာ့မွ ဂိတ္မႉးကိုလွမ္းေအာ္ေျပာရင္း လႊတ္ေပးလိုက္ေတာ့တယ္။ ကြၽန္ေတာ္ နႏၵာလႈိင္ေယာက္်ားပါ။ ” ဆိုၿပီး ေရးသားမွ်ေဝထားတာပဲ ျဖစ္ပါတယ္ ။

Read in UNICODE

နန္ဒာလှိုင်ကတော့ အများကပါအားကျရလောက်တဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး သူမအပေါ်မှာ တာဝန်ကျေပွန်တဲ့ ခင်ပွန်းကောင်းကိုရရှိခဲ့တဲ့ နန္ဒာလှိုင်ရဲ့ဘဝလေးက သာယာစိုပြေနေတာလည်း ဖြစ်ပါတယ် ။ အခုဆိုရင် နန္ဒာလှိုင်တို့ဇနီးမောင်နှံက သမီးချောလေးသုံးယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေကြတာပဲ ဖြစ်ပါတယ် ။နန္ဒာလှိုင်က အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့်လည်း

သူမရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးတတ်တာ ဖြစ်ပါတယ် ။ နန္ဒာလှိုင်ရဲ့ခင်ပွန်းဇေသီဟကလည်း သူတို့မိသားစုရဲ့အကြောင်းလေးတွေကို တင်ပေးလေ့ရှိသလို အခုလည်း ချစ်ဇနီးနဲ့အမှတ်တရအဖြစ်အပျက်တစ်ခုကို ပြောပြထားပါတယ်။ ဇေသီဟက “ဤသို့ဖြစ်ခဲ့သည်။ ဖြစ်နေသေးသည်။ ကမမောင်းက လူတွေကျွန်တော့်ကိုမသိတာကတော်သေးတယ်။ ဇေကမ္ဘာဝန်ထမ်းတွေ

ကျွန်တော့်ကို မမှတ်မိကြ။ မသိကြပါ။ ဒါဟာထုံးစံပဲမို့ အဆန်းမဟုတ်တော့ဘဲကိုယ့်အတွက်တော့ ရယ်စရာတွေပေါ့။ ပြီးခဲ့တဲ့ ၂ လကတောင် ကျွန်တော်နေ့တိုင်း ရုံးတက်နေတဲ့ပြည်ဂါးဒင်း Office Tower မှာဖြစ်ခဲ့သေးတယ်။ ရုံးတက်ရင် Reception Counter မှာရှိတဲ့ Hand Sanitizer ကို ပုံမှန် သုံးလေ့ရှိတယ်။ တစ်ရက် Hand Sanitizer သုံးဖို့ ယူနေတုန်း ဗြုန်းဆို ကောင်တာက ဝန်ထမ်း အသစ်လေးက ဘယ်ကိုသွားမှာလဲခင်ဗျာတဲ့။ နောက်ချင်စိတ်ရှိတာနဲ့

မင်းတို့သူဌေးကို လာတွေ့တာလို့ ပြန်ဖြေလိုက်တယ်။ သိပ်မနောက်လိုက်ရပါဘူး။ ဘေးက လုံခြုံရေးက ချက်ချင်းရှင်းပြလိုက်လို့ မတန်ဘူးဖြစ်သွားရတယ်။” “ကရဝိတ်ပန်းခြံ…အဲ့ဒီဘက်ကို သွားစရာရှိရင် မီးပွိုင့်ကြောင့် ကားကအမြဲပိတ်တယ်။ အဲ့ဒီအခါ ဖြတ်လမ်းဖြစ်တဲ့ ကရဝိတ် ပန်းခြံထဲက ဖြတ်မောင်းတာပေါ့။ ဂိတ်က လုံခြုံရေးကတားပြီး ပိုက်ဆံတောင်းရင် လက်ပြပြီး မောင်းလိုက်မိရင် ဝင်ပေါက်

နောက်တစ်ပေါက်ကနေ အမြဲပိတ်ဖမ်းခံရတယ်။ သူတို့သိတဲ့ကားနံပါတ်မဟုတ်လို့ပါ။တစ်ရက် နန္ဒာနဲ့ အဲ့ဒီဘက်ကိုသွားရင်း ထုံးစံအတိုင်း ပန်းခြံလမ်းကိုသုံးတာပေါ့။ ထုံးစံပါပဲ မရဘူး ကားကိုရအောင်တားတယ်။ ကျွန်တော့်မျက်နှာကိုပြတယ် မရဘူး။ ဝင်ကြေးတောင်းတယ်။ဘေးကနန္ဒာ့မျက်နှာ မြင်သွားတော့မှ ဂိတ်မှူးကိုလှမ်းအော်ပြောရင်း လွှတ်ပေးလိုက်တော့တယ်။ ကျွန်တော် နန္ဒာလှိုင်ယောက်ျားပါ။ ” ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ် ။

Source : Zay Thiha’s Facebook

Add a Comment

Your email address will not be published. Required fields are marked *