အလုပ်နားရက်ဆိုပေမယ့် ချစ်ဇနီးလေးစားဖို့ မီးဖိုချောင်ထဲကိုယ်တိုင်ဝင်ပြီး ချက်ပြုတ်ပေးနေတဲ့ ခင်လှိုင်
Read in UNICODE
ခင်လှိုင်ကတော့ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ပါပဲနော်။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် သူ့ရဲ့အနုပညာအရည်အချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ ခင်လှိုင်က ဒါရိုက်တာအဖြစ်ပါ ဇာတ်ကားတွေရိုက်ကူးနေတာလည်း
ဖြစ်ပါတယ်။ ဒါ့အပြင် ခင်လှိုင်က သူ့ရဲ့သားလေးဇေရဲနဲ့ သမီးလေးသဇင်ထူးမြင့်တို့ကိုပါ အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးနေတာပဲ ဖြစ်ပါတယ် ။ ပကာသနကင်းပြီး အေးချမ်းတဲ့မိသားစုဘဝလေးမှာ ပျော်ရွှင်စွာနေထိုင်နေတဲ့ ခင်လှိုင်က သားသမီးတွေအပြင်
မြေးလေးတွေပါ ရရှိနေပြီလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ခင်လှိုင်က အိမ်မှာပဲမိသားစုနဲ့အတူ Stay Home ကာလကိုဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ အခုလည်း ခင်လှိုင်က “အလုပ်နားပေမယ့် ကျွန်တော်မအားပါခင်ဗျာ မငွေသိမ်း လျှာအရင်းမြက်စေဖို့
ဘာဟင်းချက်မယ်ထင်ပါသလဲ” ဆိုပြီး ပုံလေးတွေကိုတင်လိုက်တာ ဖြစ်ပါတယ်။ ကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး ဟင်းတွေချက်နေတဲ့ ခင်လှိုင်ရဲ့ပုံရိပ်လေးတွေကလည်း တကယ့်ကိုသဘာဝကျနေတာပဲ ဖြစ်ပါတယ် ။ ခင်လှိုင်ကတော့
အလုပ်နားတဲ့အချိန်လေးမှာတောင် နားနားနေနေ မနေဘဲ ချစ်ဇနီးအတွက် ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ပြင်ဆင်နေတာ ဖြစ်ပါတယ် ။ ကဲ အိမ်မှာနေရင်း မိသားစုအတွက် သူကိုယ်တိုင်စားဖိုမှူးကြီးလုပ်နေတဲ့ ခင်လှိုင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Khin Hlaing’s Facebook
Add a Comment
Your email address will not be published. Required fields are marked *