ဆယ္ေက်ာ္သက္ေတြ အရွံုးေပးရေလာက္ေအာင္ ဦးေအာင္ခိုင္နဲ႔ ခရီးအတူသြားရင္း ႐ိုထားတဲ့ပံုေလးေတြ ခ်ျပခဲ့တဲ့ အန္တီ ဝါဝါေအာင္

ဝါဝါေအာင္ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ၿပီး ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ အကယ္ဒမီဆုႀကီးကိုလည္း ထိုက္ထိုက္တန္တန္ရရွိထားကာ အႏုပညာလမ္းေၾကာင္းထက္မွာ ဆယ္စုႏွစ္တစ္ခုၾကာ ရပ္တည္ေအာင္ျမင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕

အားေပးခ်စ္ခင္မႈကို အခိုင္အမာရရွိထားတဲ့ သူမက သ႐ုပ္ေဆာင္ မင္းသားႀကီး ေအာင္ခိုင္နဲ႔လည္း ႏွစ္ေယာက္တစ္ဘဝတည္ေဆာက္ထားၾကတာပါ။ စိတ္တူကိုယ္တူျဖစ္ၿပီး အႏုပညာဝါသနာရွင္ေတြမို႔ လိုက္ဖက္ညီလွတဲ့ သူတို႔ႏွစ္ဦးကို ပရိသတ္အေတာ္မ်ားမ်ားက အားေပးခ်စ္ခင္ေနတာကိုလ​ည္း ေတြ႕ရပါတယ္။ အလႉအတန္းေတြကိုလည္း

ဇနီးေမာင္ႏွံႏွစ္ေယာက္အတူ ရက္ရက္ေရာေရာ အလႉျပဳတတ္တာျဖစ္လို႔ စိတ္ရင္းေစတနာျပည့္ဝတဲ့ သူေတြပါေနာ္။ ယေန႔အခ်ိန္ထိတိုင္ သစၥာမပ်က္ပဲ တစ္ဦးေပၚတစ္ဦးအခ်စ္ပိုေနၾကတဲ့ သူတို႔စုံတြဲေလးက လူငယ္ပရိသတ္ေတြရဲ႕ အခ်စ္ကိုလည္း ခံရသူေတြပါ။ယေန႔မွာေတာ့

မင္းသမီးႀကီး ဝါဝါေအာင္က ဦးေအာင္ခိုင္နဲ႔အတူ ခရီးသြားခဲ့တဲ့ ၾကည္ႏူးစရာအမွတ္တရပုံရိပ္ေလးေတြကို တင္ေပးလာတာပါ။ လူငယ္ေတြအရႈံးေပးရေလာက္ေအာင္ romantic ဆန္လြန္းတဲ့ သူတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ ပုံေလးေတြအျပင္ ” ဦးနဲ႔အန္တီပုံတင္ေပးပါဆိုလို႔အရင္ကပုံေလးေတြပါေနာ္ အခုေတာ့ဘယ္မွမသြားရေတာ့ ဓာတ္ပုံလဲမ႐ိုက္ျဖစ္ေသးပါဘူးရွင္ “ဆိုတဲ့ စာသားေလးကိုလည္း ေရးသားထားတာေၾကာင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္…..။

Read in UNICODE

ဝါဝါအောင်ကတော့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားကာ အနုပညာလမ်းကြောင်းထက်မှာ ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့

အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူမက သရုပ်ဆောင် မင်းသားကြီး အောင်ခိုင်နဲ့လည်း နှစ်ယောက်တစ်ဘဝတည်ဆောက်ထားကြတာပါ။ စိတ်တူကိုယ်တူဖြစ်ပြီး အနုပညာဝါသနာရှင်တွေမို့ လိုက်ဖက်ညီလှတဲ့ သူတို့နှစ်ဦးကို ပရိသတ်အတော်များများက အားပေးချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်။ အလှူအတန်းတွေကိုလည်း

ဇနီးမောင်နှံနှစ်ယောက်အတူ ရက်ရက်ရောရော အလှူပြုတတ်တာဖြစ်လို့ စိတ်ရင်းစေတနာပြည့်ဝတဲ့ သူတွေပါနော်။ ယနေ့အချိန်ထိတိုင် သစ္စာမပျက်ပဲ တစ်ဦးပေါ်တစ်ဦးအချစ်ပိုနေကြတဲ့ သူတို့စုံတွဲလေးက လူငယ်ပရိသတ်တွေရဲ့ အချစ်ကိုလည်း ခံရသူတွေပါ။ယနေ့မှာတော့

မင်းသမီးကြီး ဝါဝါအောင်က ဦးအောင်ခိုင်နဲ့အတူ ခရီးသွားခဲ့တဲ့ ကြည်နူးစရာအမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ လူငယ်တွေအရှုံးပေးရလောက်အောင် romantic ဆန်လွန်းတဲ့ သူတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံလေးတွေအပြင် ” ဦးနဲ့အန်တီပုံတင်ပေးပါဆိုလို့အရင်ကပုံလေးတွေပါနော် အခုတော့ဘယ်မှမသွားရတော့ ဓာတ်ပုံလဲမရိုက်ဖြစ်သေးပါဘူးရှင် “ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…..။

Source : Wah Wah Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *