နေတိုး ကိုယ်တိုင် သူ့ဆီက ငါးပါတူးအားပေးတာကြောင့် အရမ်းပျော်ပြီး အိမ်တိုင်ရာရောက် သွားပို့ပေးခဲ့တဲ့ ဘုန်းလျှံ





Read in UNICODE

ဘုန်းလျှံကတော့ အခုလိုကာလမှာ ထိုင်မနေဘဲ တစ်နိုင်တစ်ပိုင်လေးစီးပွားရေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ဘုန်းလျှံရဲ့ချစ်သူကလည်း ဘေးကနေပါရမီဖြည့်ပေးပြီး အမြဲကူညီပေးနေတာဖြစ်ပါတယ်နော်။ဘုန်းလျှံတို့ချစ်သူနှစ်ယောက်က လက်မထပ်ခင်လေးမှာ နှစ်ယောက်အတူ

စီးပွားရှာပြီး ကြိုးစားနေကြတာဖြစ်ပါတယ်။ ဘုန်းလျှံကတော့ ထိုင်းအစားအစာဖြစ်တဲ့ ငါးပါတူးကို လုပ်ရောင်းနေတာဖြစ်ပါတယ်နော်။ဘုန်းလျှံက သူကိုယ်တိုက်ပြင်ဆင်ပြီးရောင်းတဲ့ ငါးပါတူးကို စေတနာပါပါနဲ့ ဗန်းပြည့်နေအောင်ထည့်ပေးတာဖြစ်ပါတယ်။ဘုန်းလျှံရဲ့ ငါးပါတူးကို

ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ မှာယူစားသုံးကြလို့ တစ်နေ့ထက်တစ်နေ့ အော်ဒါတွေတက်နေရတာဖြစ်ပါတယ်နော်။ အခုဆိုရင်လည်း အကယ်ဒမီမင်းသားချော နေတိုးက ဘုန်းလျှံဆီကနေ ငါးပါတူးကို မှာယူအားပေးလိုက်တာဖြစ်ပါတယ်။ဘုန်းလျှံကတော့”ကိုနေတိုးရေ…ကျေးဇူးတင်ပါတယ်ဗျာ…

ကျွန်တော့်ရဲ့ငါးပါတူးကိုအားပေးသုံးဆောင်ပေးလို့..”ဆိုပြီး ရေးသားကာ ကျေးဇူးတင်စကားဆိုလိုက်တာဖြစ်ပါတယ်။အခုလိုမျိုး အနုပညာရှင်အချင်းချင်း ရိုင်းပင်းကူညီကြတာ ပီတိဖြစ်စရာကောင်းတာကြောင့် သူတို့ရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Bhone Hlan’s Facebook

Add a Comment

Your email address will not be published. Required fields are marked *