ခ်စ္ဇနီးေလး နႏၵာလွိုင္အေပၚထားတဲ့ ခ်စ္ျခင္းေမတၱာေတြကို တဖြဲ႕တႏြဲ႕ေျပာျပခဲ့တဲ့ ခင္ပြန္းျဖစ္သူ ေဇသီဟ

အားက်စရာမိသားစုဘဝေလးကို အိမ္ေထာင္သက္ဆယ္ႏွစ္ေက်ာ္တဲ့ထိခ်စ္ေမတၱာမျပယ္ဘဲ တည္ေဆာက္ထားႏိုင္တဲ့ နႏၵာလႈိင္ရဲ႕ ခင္ပြန္းဟာ ခ်စ္ဇနီးအေပၚထားတဲ့ သေဘာထားကို ” ခ်စ္ျခင္းေမတၱာ ဆိုတာ ႐ုပ္ဝထၱဳ ပစၥည္း ကိုယ္ခႏၶာ ေငြေၾကးခ်မ္းသာမႈေတြနဲ႔ ဘယ္လိုမွ မပတ္သက္ပါဘူး။ ကြၽန္ေတာ္ ၿပီးခဲ့တဲ့ လဆန္းတုန္းက ႏွလုံးေသြးေၾကာက်ဥ္းတဲ့ေဝဒနာေၾကာင့္

အိမ္မွာပဲ အနားယူၿပီး အျပင္လုံးဝ မထြက္ျဖစ္ေတာ့ပါ။ အေမက သူ႔အိမ္ကေန ကြၽန္ေတာ္ ထမင္းစားဖို႔ ေန႔တိုင္းဟင္းခ်က္ပို႔ေပးပါတယ္။ ကြၽန္ေတာ္ အမွန္တကယ္ကေတာ့ ထမစားႏိုင္ပါ ဘူး။ ဒါေပမဲ့ အေမထမင္းခ်က္ပို႔ထားတဲ့အတြက္ အားတင္းၿပီးသာ ရေအာင္ထစားပါတယ္။ စားသာစားေနရတာ

ဇြန္းေတာင္ ေကာင္းေကာင္းမကိုင္ႏိုင္ေလာက္ေအာင္ပါပဲ။ ဝန္ခံပါတယ္။ ” ” စားသမွ် အားလုံး ပါးစပ္ထဲမွာ အရသာ မရွိေပမဲ့ ခ်စ္ျခင္းေမတၱာဆိုတာကို ျမင္ေအာင္ ၾကည့္ၿပီးစားခဲ့ရပါတယ္။ ေနာက္တစ္ခု ထပ္ၿပီးဝန္ခံပါတယ္။ နႏၵာက ကြၽန္ေတာ္ ေနမေကာင္းရင္ နင္းေပးတယ္။ ႏွိပ္ေပးတယ္။ အပူထုတ္ေပးတယ္။ အဲ့လို လုပ္ေပးတိုင္း အေညာင္းေျပတယ္။

သက္သာတယ္။ အပူထြက္တယ္ဆိုတာပဲျပန္ေျဖခဲ့တယ္။ တကယ္က ေယာက်ၤားေလး ႏွိပ္တာခံေနတဲ့ ကြၽန္ေတာ့အတြက္ လက္ဘယ္လိုေပါက္မွာလဲ။ ခ်စ္ျခင္းေမတၱာ ဆိုတာကို ျမင္ေအာင္ၾကည့္ၿပီးပဲ ၿငိမ္ေနလိုက္ပါတယ္။ ” ” မေန႔ကေတာ့ နႏၵာ့ကို ဖြင့္ေျပာလိုက္တယ္။ ေနာက္ဆို

မႏွိပ္ေပးဘဲ အသားထိထားရင္ကို ျပည့္စုံေနပါၿပီလို႔ ေလာကမွာ ႐ုပ္ဝထၱဳ ပစၥည္းအေပၚပဲ ခံစားလြန္းရင္ ေမတၱာတရား ကုန္ဆုံး ေျခာက္ခမ္း သြားတတ္တာကို သတိျပဳေစခ်င္ပါတယ္။ ခ်စ္ျခင္းဆိုတာ ေမတၱာနဲ႔တြဲထားမွ ပိုၿပီးခိုင္မာေစပါတယ္။ ခ်စ္ျခင္းေမတၱာ အရိပ္ေအာက္က ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

Read in UNICODE

အားကျစရာမိသားစုဘဝလေးကို အိမ်ထောင်သက်ဆယ်နှစ်ကျော်တဲ့ထိချစ်မေတ္တာမပြယ်ဘဲ တည်ဆောက်ထားနိုင်တဲ့ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဟာ ချစ်ဇနီးအပေါ်ထားတဲ့ သဘောထားကို ” ချစ်ခြင်းမေတ္တာ ဆိုတာ ရုပ်ဝထ္တု ပစ္စည်း ကိုယ်ခန္ဓာ ငွေကြေးချမ်းသာမှုတွေနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ကျွန်တော် ပြီးခဲ့တဲ့ လဆန်းတုန်းက နှလုံးသွေးကြောကျဉ်းတဲ့ဝေဒနာကြောင့်

အိမ်မှာပဲ အနားယူပြီး အပြင်လုံးဝ မထွက်ဖြစ်တော့ပါ။ အမေက သူ့အိမ်ကနေ ကျွန်တော် ထမင်းစားဖို့ နေ့တိုင်းဟင်းချက်ပို့ပေးပါတယ်။ ကျွန်တော် အမှန်တကယ်ကတော့ ထမစားနိုင်ပါ ဘူး။ ဒါပေမဲ့ အမေထမင်းချက်ပို့ထားတဲ့အတွက် အားတင်းပြီးသာ ရအောင်ထစားပါတယ်။ စားသာစားနေရတာ

ဇွန်းတောင် ကောင်းကောင်းမကိုင်နိုင်လောက်အောင်ပါပဲ။ ဝန်ခံပါတယ်။ ” ” စားသမျှ အားလုံး ပါးစပ်ထဲမှာ အရသာ မရှိပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာကို မြင်အောင် ကြည့်ပြီးစားခဲ့ရပါတယ်။ နောက်တစ်ခု ထပ်ပြီးဝန်ခံပါတယ်။ နန္ဒာက ကျွန်တော် နေမကောင်းရင် နင်းပေးတယ်။ နှိပ်ပေးတယ်။ အပူထုတ်ပေးတယ်။ အဲ့လို လုပ်ပေးတိုင်း အညောင်းပြေတယ်။

သက်သာတယ်။ အပူထွက်တယ်ဆိုတာပဲပြန်ဖြေခဲ့တယ်။ တကယ်က ယောင်္ကျားလေး နှိပ်တာခံနေတဲ့ ကျွန်တော့အတွက် လက်ဘယ်လိုပေါက်မှာလဲ။ ချစ်ခြင်းမေတ္တာ ဆိုတာကို မြင်အောင်ကြည့်ပြီးပဲ ငြိမ်နေလိုက်ပါတယ်။ ” ” မနေ့ကတော့ နန္ဒာ့ကို ဖွင့်ပြောလိုက်တယ်။ နောက်ဆို

မနှိပ်ပေးဘဲ အသားထိထားရင်ကို ပြည့်စုံနေပါပြီလို့ လောကမှာ ရုပ်ဝထ္တု ပစ္စည်းအပေါ်ပဲ ခံစားလွန်းရင် မေတ္တာတရား ကုန်ဆုံး ခြောက်ခမ်း သွားတတ်တာကို သတိပြုစေချင်ပါတယ်။ ချစ်ခြင်းဆိုတာ မေတ္တာနဲ့တွဲထားမှ ပိုပြီးခိုင်မာစေပါတယ်။ ချစ်ခြင်းမေတ္တာ အရိပ်အောက်က ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Source : Zay Thiha

Add a Comment

Your email address will not be published. Required fields are marked *